ထိုအခါ တစ်စုံတစ်ဦးက သင်တို့အား ‘ကြည့်လော့။ ဤနေရာတွင် ခရစ်တော် ရှိသည်၊’ သို့မဟုတ် ‘ထိုနေရာတွင် ခရစ်တော် ရှိသည်’ ဟု ဆိုသော်လည်း မယုံကြနှင့်။
၁ ယော 4:1 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ချစ်ရသောသူတို့… ဝိညာဉ်တော်အားဖြင့် ဟောပြောသည်ဟု ပြောဆိုသူတိုင်းကို မယုံကြနှင့်။ ထိုဝိညာဉ်တို့သည် ဘုရားသခင်ထံမှ လာသောဝိညာဉ်တော်ဟုတ်မဟုတ်ကို စမ်းသပ်ကြလော့။ အဘယ်ကြောင့်ဆိုသော် ပရောဖက်အတုအယောင်များစွာတို့သည် ဤလောက၌ ပေါ်လာကြသောကြောင့်ဖြစ်၏။ Common Language Bible ချစ်ဆွေတို့၊ ဝိညာဉ်တော်ခံယူရရှိသည်ဟု ဆိုသူတိုင်းကိုမယုံကြနှင့်။ သူတို့ခံယူရရှိ သည်ဆိုသောဝိညာဉ်တော်သည် ဘုရားသခင် ၏ထံတော်မှဆင်းသက်လာသည့်ဝိညာဉ်တော် ဟုတ်မဟုတ်စစ်ဆေးကြည့်ရှုကြလော့။ အဘယ် ကြောင့်ဆိုသော်မိစ္ဆာပရောဖက်များသည် နေရာ တကာသို့ရောက်ရှိနေကြသောကြောင့်ဖြစ်၏။- Garrad Bible ချစ် သူ တို့၊ မိ စ္ဆာ ပ ရော ဖက် အ များ သည် ဤ လော က ထဲ သို့ ထွက် သွား ကြ ပြီ ဖြစ် သော ကြောင့် ဝိ ညာဉ် တိုင်း ကို မ ယုံ ဘဲ ဘု ရား သ ခင့် ဘက် တော် ပါ ဟုတ် မ ဟုတ် စံ ချ ကြ လော့။ Judson Bible ချစ်သူတို့၊ ခပ်သိမ်းသောစိတ်ဝိညာဉ်တို့ကို မယုံကြနှင့်။ စိတ်ဝိညာဉ်တို့သည် ဘုရားသခင်နှင့် စပ်ဆိုင်သည် မစပ်ဆိုင်သည်ကို စုံစမ်းကြလော့။ အကြောင်းမူကား၊ မိစ္ဆာပရောဖက်အများတို့သည် ဤလောကသို့ သွားကြပြီ။- မြန်မာ့စံမီသမ္မာကျမ်း ချစ်ရသောသူတို့၊ များစွာသောပရောဖက်အတုအယောင်တို့သည် ဤလောက၌ ပေါ်လာကြပြီဖြစ်သောကြောင့် ဝိညာဉ်တိုင်းကိုမယုံဘဲ ထိုဝိညာဉ်တို့သည် ဘုရားသခင်နှင့်စပ်ဆိုင်သည်မစပ်ဆိုင်သည်ကို စစ်ဆေးကြလော့။ |
ထိုအခါ တစ်စုံတစ်ဦးက သင်တို့အား ‘ကြည့်လော့။ ဤနေရာတွင် ခရစ်တော် ရှိသည်၊’ သို့မဟုတ် ‘ထိုနေရာတွင် ခရစ်တော် ရှိသည်’ ဟု ဆိုသော်လည်း မယုံကြနှင့်။
ယေရှုက “သင်တို့သည် လှည့်စားမခံရစေရန် သတိပြုကြလော့။ အဘယ်ကြောင့်ဆိုသော် လူများစွာတို့သည် ငါ့အယောင်ကိုဆောင်၍ ‘ငါသည် ယေရှုဖြစ်၏’ ဟူ၍ လည်းကောင်း၊ ‘အချိန်နီးကပ်ပြီ’ ဟူ၍ လည်းကောင်း ပြောကြလိမ့်မည်။ သို့သော် ထိုသူတို့နောက်သို့ မလိုက်ကြနှင့်။
ဗေရိမြို့သားတို့သည် သက်သာလောနိတ်မြို့သားတို့ထက် ပို၍ စိတ်သဘောထားပြည့်ဝကြ၏။ အကြောင်းမှာ သူတို့သည် နှုတ်ကပတ်တရားတော်ကို စိတ်အားထက်သန်စွာခံယူကြ၍ ထိုဟောပြောချက်များ မှန်သည်၊ မမှန်သည်ကိုသိမြင်ရန် ကျမ်းစာကို နေ့စဉ်နေ့တိုင်း လေ့လာ၍ ဆန်းစစ်ကြ၏။
ကျွန်ုပ်ထွက်သွားသည့်နောက် သိုးစုကိုမညှာမတာ ကိုက်ဖြတ်စားတတ်သောဝံပုလွေတို့သည် သင်တို့အထဲ၌ ဝင်လာလိမ့်မည်ကို ကျွန်ုပ်သိ၏။
ဝိညာဉ်တော်သည် လူတစ်ယောက်အား အံ့ဖွယ်တန်ခိုးပြနိုင်စွမ်းကိုလည်းကောင်း၊ အခြားတစ်ယောက်အား ပရောဖက်ပြုဟောပြောနိုင်စွမ်းကိုလည်းကောင်း၊ အခြားတစ်ယောက်အား သန့်ရှင်းသောဝိညာဉ်တော်ထံမှလာသောအရာနှင့် အခြားဝိညာဉ်ထံမှ လာသောအရာတို့ကို ပိုင်းခြားနိုင်စွမ်းကိုလည်းကောင်း၊ အခြားတစ်ယောက်အား ဘာသာစကားအမျိုးမျိုး ပြောနိုင်စွမ်းကိုလည်းကောင်း၊ အခြားတစ်ယောက်အား ထိုဘာသာစကားများ၏ အနက်ကို ပြန်နိုင်စွမ်းကိုလည်းကောင်း ပေးတော်မူ၏။
ပရောဖက်နှစ်ဦး သို့မဟုတ် သုံးဦးက ဟောပြော၍ ထိုဟောပြောသောအရာကို အခြားသောသူတို့သည် အကဲဖြတ်သုံးသပ်ကြစေ။
သို့သော် အရာအားလုံးကို မှန်မမှန် စစ်ဆေးပြီး ကောင်းမွန်သည့် အရာတို့ကို လက်ခံကြလော့။
ပရောဖက်ပြုဟောပြောခြင်းဖြင့်ဖြစ်စေ၊ နှုတ်စကားဖြင့်ဖြစ်စေ၊ ကျွန်ုပ်တို့ရေးပို့သည့် စာကဲ့သို့သော စာဖြင့်ဖြစ်စေ သခင်ဘုရား ပြန်လည်ကြွလာသည့် နေ့ရက် ကျရောက်ပြီ ဖြစ်ကြောင်း ကျွန်ုပ်တို့က သွန်သင်သည့် ပုံမျိုးဖြင့် ပြောဆိုကြလျှင်ပင် လွယ်လွယ်နှင့် မတုန်လှုပ် မစိုးရိမ်ကြရန် ကျွန်ုပ်တို့ တောင်းပန်ပါ၏။
နောက်ဆုံးသောနေ့ရက်များ၌ လူတချို့သည် မိမိတို့၏ ယုံကြည်ခြင်းတရားကို စွန့်၍ လူကို လှည့်စားသောဝိညာဉ်ဆိုးများနှင့် နတ်ဆိုးများ၏ သွန်သင်မှုကို ခံယူကြလိမ့်မည်ဟု ဝိညာဉ်တော်သည် ရှင်းလင်းစွာ မိန့်တော်မူ၏။
ဆိုးညစ်သောသူများနှင့် ယောင်ဆောင်လှည့်ဖြားသူများသည် သူတစ်ပါးကို လှည့်ဖြားပြီး ကိုယ်တိုင်လည်း လှည့်ဖြားခံရလျက် ဆိုးသည်ထက် ပို၍ ဆိုးလာလိမ့်မည်။
ယခင်က ပရောဖက်အတုအယောင်များသည် အစ္စရေးလူမျိုးထဲတွင် ပေါ်ပေါက်ခဲ့ကြသကဲ့သို့ သင်တို့ထဲတွင်လည်း ဆရာအတုအယောင်များ ပေါ်ပေါက်လာကြလိမ့်မည်။ သူတို့သည် ပျက်စီးစေမည့် အယူဝါဒအမှားများကို လျှို့ဝှက်စွာ ရိုက်သွင်းပေး၍ မိမိတို့ကို ရွေးနုတ်ဝယ်ယူသောအရှင်ကိုပင် ငြင်းပယ်လျက် မိမိတို့အပေါ် ပျက်စီးခြင်းဘေးကို မကြာမီကျရောက်စေလိမ့်မည်။
သားသမီးတို့… ဤကာလသည် နောက်ဆုံးသောကာလဖြစ်၏။ ခရစ်တော်၏ရန်သူ ရောက်လာကြောင်းကို သင်တို့ကြားသည့်အတိုင်း ယခုပင် ခရစ်တော်၏ရန်သူများစွာ ရောက်လာကြပြီ။ ထို့ကြောင့် ဤကာလသည် နောက်ဆုံးသောကာလဖြစ်ကြောင်း ကျွန်ုပ်တို့သိကြ၏။
ချစ်ရသောသူတို့… သင်တို့ထံ ကျွန်ုပ်ရေးပို့လိုက်သော ပညတ်သည် ပညတ်သစ်မဟုတ်။ အစဦးကပင် သင်တို့၌ ရှိသော ပညတ်ဟောင်းဖြစ်၏။ ဤပညတ်ဟောင်းသည် သင်တို့ကြားခဲ့ပြီးသော တရားတော်ဖြစ်၏။
ယေရှုခရစ်တော်သည် လူသားအဖြစ် ကြွလာတော်မူသည်ကို ဝန်မခံသောလှည့်ဖြားသူများစွာသည် ဤလောက၌ ပေါ်လာသဖြင့် ဤအကြောင်းအရာကို ကျွန်ုပ်ပြောရခြင်းဖြစ်၏။ ထိုသို့သောသူသည် လှည့်ဖြားသူဖြစ်၏။ ခရစ်တော်၏ရန်သူလည်း ဖြစ်၏။
ချစ်ခင်ရသောသူ… မကောင်းမှုကို အတုမယူဘဲ ကောင်းမှုကိုသာ အတုယူလော့။ ကောင်းမှုကို ပြုသောသူသည် ဘုရားသခင်၏သားသမီး ဖြစ်၏။ မကောင်းမှုကို ပြုသောသူသည် ဘုရားသခင်ကို မမြင်ဖူး။
သင်၏လုပ်ဆောင်မှု၊ သင်၏ကြိုးပမ်းအားထုတ်မှုနှင့် သင်၏သည်းခံမှုတို့ကို ငါသိ၏။ သင်သည် ဆိုးညစ်သူများကို လက်မခံကြောင်းကိုလည်း ငါသိ၏။ တမန်တော်မဟုတ်ဘဲ တမန်တော်ဖြစ်ယောင်ဆောင်သောသူတို့ကို ပိုင်းခြားစစ်ဆေး၍ အတုအယောင်များဖြစ်သည်ဟု ဖော်ထုတ်နိုင်ကြောင်းကိုလည်း ငါသိ၏။