Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ယော 2:18 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

18 သားသမီးတို့… ဤ​ကာလ​သည် နောက်ဆုံးသော​ကာလ​ဖြစ်၏။ ခရစ်တော်​၏​ရန်သူ ရောက်လာကြောင်း​ကို သင်တို့​ကြားသည့်​အတိုင်း ယခု​ပင် ခရစ်တော်​၏​ရန်သူ​များစွာ ရောက်လာကြပြီ။ ထို့ကြောင့် ဤ​ကာလ​သည် နောက်ဆုံးသော​ကာလ​ဖြစ်ကြောင်း ကျွန်ုပ်တို့​သိကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

18 သား​သ​မီး​တို့၊ အ​ဆုံး​စွန်​သော​ကာ​လ​သည် ယ​ခု​နီး​လာ​လေ​ပြီ။ ခ​ရစ်​တော်​၏​ရန်​သူ​ပေါ် ပေါက်​လာ​မည်​ဖြစ်​ကြောင်း​ကို​သင်​တို့​ကြား​သိ ခဲ့​ကြ​၏။ ယ​ခု​ပင်​လျှင်​ခ​ရစ်​တော်​၏​ရန်​သူ အ​များ​အ​ပြား​ပေါ်​ပေါက်​လျက်​ရှိ​လေ​ပြီ။ ဤ အ​ချက်​ကို​ထောက်​၍​အဆုံး​စွန်​သော​ကာ​လ ရောက်​လာ​ကြောင်း​ကို​ငါ​တို့​သိ​ရ​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

18 အ ချင်း သူ ငယ် တို့၊ အ န္တိ မ ကာ လ တိုင် ရောက် ပြီ။ ခ ရစ် တော်၏ ရန် ဘက် တော် ပေါ် လာ မည် ဟု သင် တို့ ကြား ဘူး သည့် အ တိုင်း ယ ခု ပင် အ များ ပေါ် လာ ကြ ပြီး ဖြစ်၍ အ န္တိ မ ကာ လ ရောက် ကြောင်း ငါ တို့ သိ ရ ကြ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

18 ချစ်​သား​တို့၊ ယ​ခု​ကာ​လ​သည် နောက်​ဆုံး​သော​ကာ​လ​ဖြစ်၏။ ခ​ရစ်​တော်၏ ရန်​သူ​တည်း​ဟူ​သော အ​န္တိ​ခ​ရစ် ပေါ်​လာ​ကြောင်း​ကို သင်​တို့​ကြား​ရ​သည်​အ​တိုင်း၊ ယ​ခု​ပင် အ​န္တိ​ခ​ရစ်​အ​များ​ရှိ​ကြ၏။ ထို​ကြောင့်၊ ယ​ခု​ကာ​လ​သည် နောက်​ဆုံး​သော​ကာ​လ​ဖြစ်​သည်​ကို သိ​ရ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

18 သားသမီး​တို့၊ ယခု​ကာလ​သည် နောက်ဆုံး​သော​ကာလ​ဖြစ်​၏။ ခရစ်တော်​ကို​ဆန့်ကျင်​အန်တု​သူ​ရောက်လာ​တော့မည်​ဟု သင်​တို့​ကြား​ရ​သည့်​အတိုင်း ယခု​ပင် ခရစ်တော်​ကို​ဆန့်ကျင်​အန်တု​သူ​အမြောက်အမြား​ပေါ်​လာ​ကြ​ပြီ။ ထို့ကြောင့် ယခု​ကာလ​သည် နောက်ဆုံး​သော​ကာလ​ဖြစ်​သည်​ကို ငါ​တို့​သိ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ယော 2:18
24 ပူးပေါင်းရင်းမြစ်များ  

ပရောဖက်​အတုအယောင်​များစွာ ပေါ်လာ​၍ လူ​များစွာ​တို့​ကို လှည့်ဖြားကြ​လိမ့်မည်။


အဘယ်ကြောင့်ဆိုသော် ခရစ်တော်​အတုအယောင်များ​နှင့် ပရောဖက် အတုအယောင်များ ပေါ်လာ​လိမ့်မည်​ဖြစ်​သောကြောင့်ပင်။ ထို​သူတို့​သည် ဖြစ်နိုင်​လျှင် ဘုရားသခင်​ရွေးချယ်ထားသော​သူများ​ကိုပင် လှည့်ဖြား​ရန် နိမိတ်​လက္ခဏာကြီးများ​နှင့် အံ့ဖွယ်​ဖြစ်ရပ်များ​ကို ပြကြ​လိမ့်မည်။


အဘယ်ကြောင့်ဆိုသော် လူ​များစွာတို့​က ‘ငါ​သည် ခရစ်တော်​ဖြစ်၏’ ဟု ငါ့​အယောင်ဆောင်​လျက် ရောက်လာကြ​လိမ့်မည်။ လူ​များစွာ​ကိုလည်း လှည့်ဖြားကြ​လိမ့်မည်။


အဘယ်ကြောင့်ဆိုသော် လူ​များစွာတို့​က ‘ငါ​သည် ခရစ်တော်​ဖြစ်၏’ ဟု ငါ့​အယောင်ဆောင်​လျက် ရောက်လာကြ​လိမ့်မည်။ လူ​များစွာ​ကိုလည်း လှည့်ဖြားကြ​လိမ့်မည်။


ထိုအခါ ယေရှု​က “မိတ်ဆွေတို့… ငါး​ရကြသလော” ဟု မေးတော်မူ​လျှင် တပည့်တော်တို့​က “မရကြပါ” ဟု ပြန်လျှောက်ကြ၏။


သင်တို့​သည် ယခု​လက်ရှိ အချိန်အခါ​ကို နားလည်ကြ၏။ သင်တို့ အိပ်ပျော်ရာ​မှ နိုးထ​ရမည့်​အချိန် ရောက်ပြီ။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့ ကယ်တင်ခံရမည့် အချိန်​သည် ကျွန်ုပ်တို့ စတင်​ယုံကြည်ခဲ့သည့် အချိန်​က​ထက် ပို၍ နီးကပ်လာ​သောကြောင့် ဖြစ်၏။


ညအချိန် ကုန်ဆုံးတော့မည်​ဖြစ်ပြီး နေ့အချိန်​သည် နီးကပ်လာပြီ။ ထို့ကြောင့် ကျွန်ုပ်တို့​သည် အမှောင်​၌ ပြုသော​အကျင့်များ​ကို ဖယ်ရှား​၍ အလင်း​၏ လက်နက်များ​ကို ကိုင်ဆောင်​ကြရမည်။


ဤ​နောက်ဆုံးသော​နေ့ရက်များ​တွင်​မူ ဘုရားသခင်​သည် မိမိ​သားတော်​မှတစ်ဆင့် ကျွန်ုပ်တို့​အား စကား​ပြောတော်မူ၏။ ဘုရားသခင်​သည် သားတော်​ကို အရာ​အားလုံး​၏ အမွေခံ​ဖြစ်စေတော်မူ​ပြီး ထို​သားတော်​အားဖြင့် စကြဝဠာ​ကို ဖန်ဆင်းတော်မူ၏။


ခရစ်တော်​သည် ဤ​ကမ္ဘာ​မတည်ရှိ​မီ​ကပင် ခန့်ထားတော်မူခြင်း​ခံရ​သော်လည်း ဤ​နောက်ဆုံးသော​ကာလ​တွင် သင်တို့​အတွက် ပေါ်ထွန်းတော်မူ၏။


သင်တို့​သည် ဘုရားသခင်​ကို ယုံကြည်​သောကြောင့် နောက်ဆုံးသော​ကာလ​၌ ပေါ်လွင်ထင်ရှား​ရန် အသင့်​ရှိသော ကယ်တင်ခြင်း​ကို ရရှိခံစား​နိုင်မည့်​အချိန်​တိုင်အောင် ဘုရားသခင်​သည် မိမိ​၏​တန်ခိုးတော်​ဖြင့် သင်တို့​ကို ကာကွယ်​စောင့်ရှောက်တော်မူ၏။


အရာ​အားလုံး​၏ နောက်ဆုံးချိန်​သည် နီးကပ်လာ​သောကြောင့် ဆုတောင်း​နိုင်ရန်​အတွက် မိမိတို့​စိတ်​ကို ချုပ်တည်း​လျက် သတိ​ရှိကြလော့။


ယခင်က ပရောဖက်​အတုအယောင်များ​သည် အစ္စရေး​လူမျိုး​ထဲတွင် ပေါ်ပေါက်ခဲ့ကြ​သကဲ့သို့ သင်တို့​ထဲတွင်​လည်း ဆရာ​အတုအယောင်များ ပေါ်ပေါက်လာကြ​လိမ့်မည်။ သူတို့​သည် ပျက်စီးစေမည့် အယူဝါဒ​အမှားများ​ကို လျှို့ဝှက်​စွာ ရိုက်သွင်းပေး​၍ မိမိတို့​ကို ရွေးနုတ်​ဝယ်ယူသော​အရှင်​ကိုပင် ငြင်းပယ်​လျက် မိမိတို့​အပေါ် ပျက်စီးခြင်း​ဘေး​ကို မကြာမီ​ကျရောက်စေ​လိမ့်မည်။


ဦးစွာ သင်တို့​အား သတိပေး​လိုသည်​မှာ နောက်ဆုံးသော​နေ့ရက်များ​၌ မထီမဲ့မြင်​ပြုသူတို့​သည် ပေါ်ပေါက်လာ​၍ မိမိတို့​၏​တပ်မက်မှုများ​အတိုင်း ပြုမူကြ​လိမ့်မည်။


မည်သူ​သည် လိမ်လည်သူ​ဖြစ်သနည်း။ ယေရှု​သည် ခရစ်တော်​ဖြစ်ကြောင်း ငြင်းပယ်သူ​သည် လိမ်လည်သူ​ဖြစ်၏။ ထိုသို့သော​သူ​သည် ခမည်းတော်​နှင့်​သားတော်​ကို ငြင်းပယ်သူ​ဖြစ်​၍ ခရစ်တော်​၏​ရန်သူ​ဖြစ်၏။


ချစ်ရသော​သူတို့… ဝိညာဉ်တော်​အားဖြင့် ဟောပြောသည်​ဟု ပြောဆိုသူ​တိုင်း​ကို မယုံကြနှင့်။ ထို​ဝိညာဉ်တို့​သည် ဘုရားသခင်​ထံမှ လာသော​ဝိညာဉ်တော်​ဟုတ်မဟုတ်​ကို စမ်းသပ်ကြလော့။ အဘယ်ကြောင့်ဆိုသော် ပရောဖက်​အတုအယောင်​များစွာတို့​သည် ဤ​လောက​၌ ပေါ်လာကြ​သောကြောင့်​ဖြစ်၏။


ယေရှု​ခရစ်တော်​ကို ဝန်မခံသော​ဝိညာဉ်​တိုင်း​သည် ဘုရားသခင်​ထံမှ မဟုတ်ဘဲ ခရစ်တော်​၏​ရန်သူ​ထံမှ လာသော​ဝိညာဉ်​ဖြစ်၏။ ထို​ခရစ်တော်​၏​ရန်သူ​သည် ဤ​ကမ္ဘာ​လောက​သို့ ရောက်လာတော့မည်​ဟု သင်တို့​ကြားရသောသူ​ဖြစ်၏။ သူ​သည် ယခု​ပင် ကမ္ဘာ​လောက​၌ ရှိနေပြီ​ဖြစ်၏။


ယေရှု​ခရစ်တော်​သည် လူသား​အဖြစ် ကြွလာတော်မူသည်​ကို ဝန်မခံသော​လှည့်ဖြားသူ​များစွာ​သည် ဤ​လောက​၌ ပေါ်လာ​သဖြင့် ဤ​အကြောင်းအရာ​ကို ကျွန်ုပ်​ပြောရခြင်း​ဖြစ်၏။ ထိုသို့သော​သူ​သည် လှည့်ဖြားသူ​ဖြစ်၏။ ခရစ်တော်​၏​ရန်သူ​လည်း ဖြစ်၏။


သူတို့​က “နောက်ဆုံးသော​ကာလ​၌ မိမိတို့​၏​ဘုရားတရားမဲ့သော တပ်မက်မှုများ​အတိုင်း ပြုမူသည့် မထီမဲ့မြင်​ပြုသူများ ရှိကြ​လိမ့်မည်” ဟု သင်တို့​အား ပြောခဲ့ကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ