Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 12:10 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

10 ဝိညာဉ်တော်​သည် လူတစ်ယောက်​အား အံ့ဖွယ်တန်ခိုး​ပြနိုင်စွမ်း​ကို​လည်းကောင်း၊ အခြား​တစ်ယောက်​အား ပရောဖက်ပြု​ဟောပြောနိုင်စွမ်း​ကို​လည်းကောင်း၊ အခြား​တစ်ယောက်​အား သန့်ရှင်းသော​ဝိညာဉ်တော်​ထံမှ​လာသော​အရာ​နှင့် အခြား​ဝိညာဉ်​ထံမှ လာသော​အရာ​တို့ကို ပိုင်းခြားနိုင်စွမ်း​ကို​လည်းကောင်း၊ အခြား​တစ်ယောက်​အား ဘာသာစကား​အမျိုးမျိုး ပြောနိုင်စွမ်း​ကို​လည်းကောင်း၊ အခြား​တစ်ယောက်​အား ထို​ဘာသာစကားများ​၏ အနက်​ကို ပြန်နိုင်စွမ်း​ကို​လည်းကောင်း ပေးတော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

10 ဝိ​ညာဉ်​တော်​သည်​တစ်​ယောက်​အား​နိ​မိတ်​လက္ခ ဏာ​များ​ပြ​နိုင်​သော​တန်​ခိုး​ကို​လည်း​ကောင်း၊ အ​ခြား​တစ်​ယောက်​အား​ဘု​ရား​သ​ခင်​၏ နှုတ်​က​ပတ်​တော်​ကို​ဟော​ပြော​နိုင်​သော​စွမ်း ရည်​ကို​လည်း​ကောင်း၊ နောက်​တစ်​ယောက်​အား ဝိ​ညာဉ်​တော်​ချ​ပေး​တော်​မူ​သည့်​ဆု​ကျေး​ဇူး များ​နှင့်​ချ​ပေး​တော်​မ​မူ​သည့်​ဆု​ကျေး​ဇူး များ​ကို​ပိုင်း​ခြား​သိ​ရှိ​နိုင်​သော​စွမ်း​ရည် ကို​လည်း​ကောင်း​ပေး​တော်​မူ​၏။ ကိုယ်​တော် သည်​တစ်​ယောက်​အား​ထူး​ဆန်း​သော​ဘာ​သာ စ​ကား​အ​မျိုး​မျိုး​ကို​အ​နက်​ပြန်​ဆို​နိုင် သော​စွမ်း​ရည်​ကို​လည်း​ကောင်း၊ အ​ခြား​တစ် ယောက်​အား​ထို​ဘာ​သာ​စ​ကား​အ​မျိုး​မျိုး ကို​ပြော​ဆို​နိုင်​သော​စွမ်း​ရည်​ကို​လည်း​ကောင်း ပေး​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

10 တစ် ဦး ကား အ မှု ကြီး များ ပြု ခွင့် ကို လည်းကောင်း၊ တစ် ဦး ကား ဟော ပြော ခွင့် ကို လည်းကောင်း၊ တစ် ဦး ကား နတ်၀ိ ညာဥ် များ ပိုင်း ခြား သိ မြင် ခွင့် ကို လည်းကောင်း၊ တစ် ဦး ကား ဘာ သာ စ ကား ထူး ပြော ဆို ခွင့် ကို လည်းကောင်း၊ တစ် ဦး ကား ထို အ ဓိ ပ္ပါယ် ကို ဖော် ပြ ခွင့် ကို လည်းကောင်း ခံ ကြ ရာ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

10 တစ်​ယောက်​သော​သူ​အား၊ တန်​ခိုး​ကို​ပြ​နိုင်​သော အ​ခွင့်​ကို​လည်း​ကောင်း၊ တစ်​ယောက်​သော​သူ​အား ပ​ရော​ဖက်​ပြု​နိုင်​သော အ​ခွင့်​ကို​လည်း​ကောင်း၊ တစ်​ယောက်​သော​သူ​အား စိတ်​ဝိ​ညာဉ်​တို့​ကို ပိုင်း​ခြား၍​သိ​နိုင်​သော အ​ခွင့်​ကို​လည်း​ကောင်း၊ တစ်​ယောက်​သော​သူ​အား အ​မျိုး​မျိုး​သော ဘာ​သာ​စ​ကား​ကို ပြော​နိုင်​သော အ​ခွင့်​ကို​လည်း​ကောင်း၊ တစ်​ယောက်​သော​သူ​အား ထို​ဘာ​သာ​စ​ကား၏​အ​နက်​ကို ဖော်​ပြ​နိုင်​သော အ​ခွင့်​ကို​လည်း​ကောင်း ပေး​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

10 အခြား​တစ်​ဦး​အား တန်ခိုး​လက္ခဏာ​ပြု​သော​အခွင့်​ကို​လည်းကောင်း၊ အခြား​တစ်​ဦး​အား ပရောဖက်ပြု​ဟောပြော​သော​အခွင့်​ကို​လည်းကောင်း၊ အခြား​တစ်​ဦး​အား စိတ်​ဝိညာဉ်​တို့​ကို​ပိုင်းခြား​၍​သိရှိ​နိုင်​သော​အခွင့်​ကို​လည်းကောင်း၊ အခြား​တစ်​ဦး​အား အခြား​သော​ဘာသာ​စကား​အမျိုးမျိုး​ပြောဆို​နိုင်​သော​အခွင့်​ကို​လည်းကောင်း၊ အခြား​တစ်​ဦး​အား ထို​ဘာသာ​စကား​များ​၏​အနက်​ကို​ဖော်ပြ​နိုင်​သော​အခွင့်​ကို​လည်းကောင်း ပေး​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 12:10
38 ပူးပေါင်းရင်းမြစ်များ  

ယုံကြည်သော​သူတို့​သည် နိမိတ်​လက္ခဏာများ​ကို ပြသကြ​လိမ့်မည်။ သူတို့​သည် ငါ​၏​အမည်​နာမ​ကို အမှီပြု​၍ နတ်ဆိုးများ​ကို နှင်ထုတ်ကြ​လိမ့်မည်။ အသစ်သော​ဘာသာစကားများ​ကို ပြောကြ​လိမ့်မည်။


ထို့နောက် တပည့်တော်တို့​သည်လည်း အရပ်ရပ်​သို့ သွား​၍ တရားတော်​ကို ဟောပြောကြ၏။ သခင်ဘုရား​သည်လည်း သူတို့​နှင့်အတူ လုပ်ဆောင်တော်မူ၏။ သူတို့​ဟောပြောသော​တရားတော် မှန်ကန်ကြောင်း​ကိုလည်း နိမိတ်​လက္ခဏာများ​ဖြင့် သက်သေပြတော်မူ၏။ ရှင်မာကု​ခရစ်ဝင်ကျမ်း ပြီးပါပြီ။


ငါ​သည် ငါ့​ခမည်းတော် ကတိ​ထားတော်မူသည့်​အတိုင်း သန့်ရှင်းသော​ဝိညာဉ်တော်​ကို သင်တို့​ထံသို့ စေလွှတ်မည်။ သို့ရာတွင် သင်တို့​သည် ကောင်းကင်​မှ​တန်ခိုးတော် မရရှိ​မီ​အထိ မြို့​ထဲတွင်​နေကြ​ရမည်” ဟု မိန့်တော်မူ၏။


သင်တို့​အား ငါ​အမှန် ဆိုသည်​မှာ ငါ့​ကို ယုံကြည်သော​သူ​သည် ငါ​ပြုသော အမှုတို့​ကို ပြု​လိမ့်မည်။ ထိုထက် ပို၍​ကြီးသော​အမှုတို့​ကိုပင် ပြု​လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ငါ​သည် ခမည်းတော်​ထံသို့ သွားမည်​ဖြစ်​သောကြောင့်​ပင်။


သမ္မာတရား​ကို ဖော်ပြသည့်​ဝိညာဉ်တော် ကြွလာတော်မူ​သောအခါ သင်တို့​အား သမ္မာတရား​အလုံးစုံ​ကို သွန်သင်​ပြသတော်မူ​လိမ့်မည်။ ထို​ဝိညာဉ်တော်​သည် မိမိ​အလိုအလျောက် ဟောပြောတော်မူမည်​မဟုတ်။ မိမိ​ကြားသိ​ရသည့် အကြောင်းအရာတို့​ကို သင်တို့​အား ဟောပြောတော်မူ​လိမ့်မည်။ အနာဂတ်​တွင် ဖြစ်ပျက်မည့်​အရာများ​ကိုလည်း ဖော်ပြတော်မူ​လိမ့်မည်။


သို့ရာတွင် သင်တို့​အပေါ်​သို့ သန့်ရှင်းသော​ဝိညာဉ်တော်​ဆင်းသက်​သောအခါ သင်တို့​သည် တန်ခိုး​ကို​ရရှိ​၍ ဂျေရုဆလင်မြို့၊ ယုဒပြည်၊ ရှမာရိပြည်၊ ကမ္ဘာမြေအဆုံး​တိုင်အောင် ငါ​၏​သက်သေခံများ​ဖြစ်ကြ​လိမ့်မည်” ဟု မိန့်တော်မူ၏။


ထို​အချိန်​တွင် ပရောဖက်များ​သည် ဂျေရုဆလင်မြို့​မှ အန္တိအုတ်မြို့​သို့ ဆင်းလာကြ၏။


သူတို့​အထဲ​မှ အာဂဗု​အမည်​ရှိသော​သူ​သည် ထ​၍ ကမ္ဘာ​တစ်ဝန်းလုံး​တွင် ပြင်းထန်သော​အစာခေါင်းပါးခြင်း ဖြစ်​လိမ့်မည်​ဟု ဝိညာဉ်တော်​ဖွင့်ပြခြင်း​အားဖြင့် ကြိုဟောလေ၏။ ထို​အစာခေါင်းပါးခြင်း​သည် ကလောဒိမင်း​လက်ထက်​တွင် ဖြစ်ပွား၏။


ပေါလု​သည် သူတို့​အပေါ် လက်​ကို​တင်​သောအခါ သန့်ရှင်းသော​ဝိညာဉ်တော် သက်ရောက်​သဖြင့် သူတို့​သည် အမျိုးမျိုးသော​ဘာသာစကားများ​ကို ပြော​လျက် ပရောဖက်ပြုကြ၏။


ပေတရု​က “အာနနိ… သင်​သည် အဘယ်ကြောင့် စာတန်​အား သင်​၏​စိတ်နှလုံး​ထဲ​၌ အုပ်စိုးခွင့်​ပေးသနည်း။ သင်​သည် မြေ​ရောင်းရသော​ငွေ​တချို့​ကို ယူထား​၍ သန့်ရှင်းသော​ဝိညာဉ်တော်​ကို လှည့်စားပြီ။


သို့ဖြစ်၍ ဘုရားသခင် ပေးတော်မူသော ကျေးဇူးတော်​အတိုင်း ကျွန်ုပ်တို့​သည် ကွဲပြား​ခြားနားသော ဆုကျေးဇူး​အသီးသီး​ကို လက်ခံရရှိကြ၏။ ကျွန်ုပ်တို့​လက်ခံရရှိသော ဆုကျေးဇူး​သည် ပရောဖက်ပြု​ဟောပြောခြင်း​ဖြစ်လျှင် ယုံကြည်ခြင်း​၏ ပမာဏ​အတိုင်း ဟောပြောကြရမည်။


နိမိတ်​လက္ခဏာများ​နှင့် အံ့ဖွယ်​ဖြစ်ရပ်များ​၏ တန်ခိုး​ဖြင့်​လည်းကောင်း၊ ဘုရားသခင်​၏ ဝိညာဉ်တော်​အားဖြင့်​လည်းကောင်း ပြုတော်မူသော​အမှုတို့​မှလွဲ၍ မည်သည့်​အရာ​အတွက်​မျှ ကျွန်ုပ်​ဂုဏ်မယူဝံ့ပါ။ ဤ​နည်း​ဖြင့် ကျွန်ုပ်​သည် ခရစ်တော်​၏ သတင်းကောင်း​ကို ဂျေရုဆလင်မြို့​မှ ဣလုရိတ်ပြည်​အထိ ရောက်ရှိရာ အရပ်​ဒေသတို့​၌ အကုန်အစင်​ဟောပြောခဲ့၏။


ယောက်ျား​သည် ဦးခေါင်း​ကို ဖုံးအုပ်​၍ ဆုတောင်း​လျှင်​ဖြစ်စေ၊ ပရောဖက်ပြု​ဟောပြော​လျှင်​ဖြစ်စေ မိမိ​ဦးခေါင်း​ကို ရှုတ်ချရာ​ရောက်၏။


မေတ္တာ​သည် ခန်းခြောက်သွားခြင်း​မရှိ။ ပရောဖက်ပြု​ဟောပြောခြင်း​မှာမူ ပပျောက်သွား​လိမ့်မည်။ အခြား​ဘာသာစကား​ကို ပြောခြင်း​သည်လည်း ရပ်တန့်သွား​လိမ့်မည်။ အသိပညာ​သည်လည်း ကွယ်ပျောက်သွား​လိမ့်မည်။


ထို့ကြောင့် အခြား​ဘာသာစကား​ကို ပြောဆိုသောသူ​သည် မိမိ​ပြောသော​စကားတို့​ကို အနက်​ပြန်​နိုင်ရန်​အတွက်လည်း ဆုတောင်း​သင့်၏။


ထို့ကြောင့် ချစ်သော ညီအစ်ကို​မောင်နှမတို့… ပရောဖက်ပြု​ဟောပြောနိုင်စွမ်း​ကို အလွန်​လိုချင်သော​စိတ် ရှိကြလော့။ အခြား​ဘာသာစကား​ပြောခြင်း​ကိုလည်း မတားမြစ်ကြနှင့်။


ထပ်မံ​၍ မေးလိုသည်​မှာ ဘုရားသခင်​သည် သင်တို့​အား ဝိညာဉ်တော်​ကို ပေးတော်မူ​၍ သင်တို့​အလယ်​၌ အံ့ဖွယ်​တန်ခိုးတို့​ကို ပြတော်မူသည်​မှာ ပညတ်တရား​ကို သင်တို့​လိုက်နာ​သောကြောင့်လော။ သို့မဟုတ် ကြားနာရသော သတင်းကောင်း​ကို သင်တို့​ယုံကြည်​သောကြောင့်လော။


ပရောဖက်ပြု​ဟောပြောခြင်း​ကို မထီမဲ့မြင်​မပြုကြနှင့်။


တစ်ချိန်တည်း​မှာပင် ဘုရားသခင်​ကလည်း နိမိတ်​လက္ခဏာများ၊ အံ့ဖွယ်​ဖြစ်ရပ်များ၊ အမျိုးမျိုးသော အံ့ဖွယ်တန်ခိုးများ၊ မိမိ​အလိုတော်​အတိုင်း သန့်ရှင်းသော​ဝိညာဉ်တော်​၏ ဆုကျေးဇူးများ​ကို ဝေမျှတော်မူခြင်း စသည်တို့​ဖြင့် သူတို့​နှင့်​အတူ သက်သေခံတော်မူ၏။


ချစ်ရသော​သူတို့… ဝိညာဉ်တော်​အားဖြင့် ဟောပြောသည်​ဟု ပြောဆိုသူ​တိုင်း​ကို မယုံကြနှင့်။ ထို​ဝိညာဉ်တို့​သည် ဘုရားသခင်​ထံမှ လာသော​ဝိညာဉ်တော်​ဟုတ်မဟုတ်​ကို စမ်းသပ်ကြလော့။ အဘယ်ကြောင့်ဆိုသော် ပရောဖက်​အတုအယောင်​များစွာတို့​သည် ဤ​လောက​၌ ပေါ်လာကြ​သောကြောင့်​ဖြစ်၏။


သင်​၏​လုပ်ဆောင်မှု၊ သင်​၏​ကြိုးပမ်း​အားထုတ်မှု​နှင့် သင်​၏​သည်းခံမှုတို့​ကို ငါ​သိ၏။ သင်​သည် ဆိုးညစ်သူများ​ကို လက်မခံ​ကြောင်း​ကိုလည်း ငါ​သိ၏။ တမန်တော်​မဟုတ်ဘဲ တမန်တော်​ဖြစ်​ယောင်ဆောင်သော​သူတို့​ကို ပိုင်းခြား​စစ်ဆေး​၍ အတုအယောင်များ​ဖြစ်သည်​ဟု ဖော်ထုတ်​နိုင်ကြောင်း​ကိုလည်း ငါ​သိ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ