၁ သက် 5:20 - ခေတ်သစ်မြန်မာ သမ္မာကျမ်း20 ပရောဖက်ပြုဟောပြောခြင်းကို မထီမဲ့မြင်မပြုကြနှင့်။ အခန်းကိုကြည့်ပါ။Common Language Bible20 ဝိညာဉ်တော်နှိုးဆော်ခြင်းအားဖြင့်ဟောပြော သည့်တရားဒေသနာများကို အဘယ်အခါ ၌မျှမထီမဲ့မြင်မပြုကြနှင့်။- အခန်းကိုကြည့်ပါ။Judson Bible20 ပရောဖက်ပြုခြင်းကို မထီမဲ့မြင်မမှတ်ကြနှင့်။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း20 ပရောဖက်ပြုဟောပြောခြင်းကို မထီမဲ့မြင်မပြုကြနှင့်။ အခန်းကိုကြည့်ပါ။ |
ဝိညာဉ်တော်သည် လူတစ်ယောက်အား အံ့ဖွယ်တန်ခိုးပြနိုင်စွမ်းကိုလည်းကောင်း၊ အခြားတစ်ယောက်အား ပရောဖက်ပြုဟောပြောနိုင်စွမ်းကိုလည်းကောင်း၊ အခြားတစ်ယောက်အား သန့်ရှင်းသောဝိညာဉ်တော်ထံမှလာသောအရာနှင့် အခြားဝိညာဉ်ထံမှ လာသောအရာတို့ကို ပိုင်းခြားနိုင်စွမ်းကိုလည်းကောင်း၊ အခြားတစ်ယောက်အား ဘာသာစကားအမျိုးမျိုး ပြောနိုင်စွမ်းကိုလည်းကောင်း၊ အခြားတစ်ယောက်အား ထိုဘာသာစကားများ၏ အနက်ကို ပြန်နိုင်စွမ်းကိုလည်းကောင်း ပေးတော်မူ၏။
အသင်းတော်အတွက် ဘုရားသခင် ခန့်ထားသော အစိတ်အပိုင်းများမှာ ပထမအနေဖြင့် တမန်တော်များ၊ ဒုတိယအနေဖြင့် ပရောဖက်များ၊ တတိယအနေဖြင့် ဆရာများ၊ ထို့နောက် အံ့ဖွယ်တန်ခိုးကို ပြသူများ၊ ရောဂါပျောက်ကင်းစေနိုင်သော ဆုကျေးဇူးကို ရရှိထားသူများ၊ အများကို ကူညီဖေးမသူများ၊ ဦးဆောင်လမ်းပြနိုင်သူများ၊ ဘာသာစကားအမျိုးမျိုးကို ပြောနိုင်သူများ စသည်တို့ဖြစ်ကြ၏။