Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ သက် 5:21 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

21 သို့သော် အရာ​အားလုံး​ကို မှန်​မ​မှန် စစ်ဆေး​ပြီး ကောင်းမွန်သည့် အရာတို့​ကို လက်ခံကြလော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

21 အ​ရာ​ခပ်​သိမ်း​တို့​ကို​စစ်​ဆေး​ပြီး​လျှင် ကောင်း သည့်​အ​ရာ​တို့​ကို​ခံ​ယူ​၍၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

21 အ ရာ ရာ ကို စံ ချ လျက် အ ကောင်း ကို စွဲ ကိုင်၍၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

21 ခပ်​သိမ်း​သော​အ​ရာ​ကို စုံ​စမ်း၍၊ ကောင်း​သော​အ​ရာ​ကို အ​မြဲ​ကိုင်​စွဲ​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

21 သို့သော် အရာ​ခပ်သိမ်း​တို့​ကို​စစ်ဆေး​၍ ကောင်း​သော​အရာ​ကို စွဲကိုင်​ထား​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ သက် 5:21
40 ပူးပေါင်းရင်းမြစ်များ  

သင်တို့​သည် မှန်ကန်သော​အရာ​ကို အဘယ်ကြောင့် ကိုယ်တိုင်​မဆုံးဖြတ်နိုင်ကြ​သနည်း။


ငါ​၌ တည်နေကြလော့။ ငါ​သည်လည်း သင်တို့​၌ တည်နေမည်။ အဘယ်ကြောင့်ဆိုသော် စပျစ်ခက်​သည် အပင်​၌ မတည်​လျှင် အသီး​မသီးနိုင်​သကဲ့သို့ သင်တို့​သည်လည်း ငါ​၌ မတည်​လျှင် အသီး​မသီးနိုင်ကြ။


ယေရှု​က မိမိ​ကို ယုံကြည်သော​ဂျူးလူမျိုးတို့​အား “ငါ့​သွန်သင်ချက်​ကို လိုက်နာ​လျှင် သင်တို့​သည် အမှန်​ပင် ငါ့​တပည့်​ဖြစ်ကြ၏။


ဗာနဗ​ရောက်လာပြီး ဘုရားသခင်​၏​ကျေးဇူးတော်​ကို မြင်တွေ့ရ​သောအခါ ဝမ်းမြောက်​ပျော်ရွှင်​၍ ထို​သူတို့​အားလုံး​ကို ခိုင်မြဲသော​စိတ်နှလုံး​ဖြင့် ယေရှု​ခရစ်တော်​အား ဆက်လက်​ဆည်းကပ်​ရန် တိုက်တွန်းလေ၏။


သူတို့​က “ကျွန်ုပ်တို့​သည် ဆင်းရဲဒုက္ခ​များစွာ​ခံရခြင်း​အားဖြင့် ဘုရားသခင်​၏​နိုင်ငံတော်​သို့ ဝင်ရောက်ကြရမည်” ဟု ဆို​လျက် ထို​မြို့များ​ရှိ တပည့်တော်တို့​၏ စိတ်​ကို ကြံ့ခိုင်​စေကြ၏။ ယုံကြည်ခြင်း​တွင်လည်း ဆက်လက်​ရပ်တည်​ရန် ခွန်အားပေးကြ၏။


ဗေရိမြို့သား​တို့​သည် သက်သာလောနိတ်​မြို့သားတို့​ထက် ပို၍ စိတ်သဘောထား​ပြည့်ဝကြ၏။ အကြောင်းမှာ သူတို့​သည် နှုတ်ကပတ်​တရားတော်​ကို စိတ်အားထက်သန်​စွာ​ခံယူကြ​၍ ထို​ဟောပြောချက်များ မှန်သည်၊ မမှန်သည်​ကို​သိမြင်​ရန် ကျမ်းစာ​ကို နေ့စဉ်နေ့တိုင်း လေ့လာ​၍ ဆန်းစစ်ကြ၏။


ဤ​လောက​၏ အမူအကျင့်​နှင့် ဓလေ့တို့​ကို အတု​မယူကြနှင့်။ သင်တို့​၏ စိတ်နှလုံး​ကို ပြောင်းလဲစေခြင်း​အားဖြင့် စိတ်သစ်​လူသစ် ဖြစ်ကြလော့။ သို့ပြုလျှင် ဘုရားသခင်​အလိုရှိတော်မူသည့် ကောင်းမြတ်သော​အရာ၊ နှစ်သက်ဖွယ်သော​အရာ၊ ပြည့်စုံသော​အရာတို့​သည် မည်သည့်​အရာ​ဖြစ်သည်​ကို သင်တို့​ပိုင်းခြား​သိမြင်ကြ​လိမ့်မည်။


သူတစ်ပါး​ကို ချစ်ခင်​ဟန် မဆောင်နှင့်။ စစ်မှန်​စွာ ချစ်လော့။ မကောင်းမှု​ကို မုန်းတီး​၍ ကောင်းမှု​ကို စွဲလမ်းကြလော့။


ထို့ကြောင့် ချစ်သော ညီအစ်ကို​မောင်နှမတို့… မြဲမြံ​စွာ ရပ်တည်​၍ မရွေ့လျား​မပြောင်းလဲကြနှင့်။ ဘုရားသခင်​အတွက် သင်တို့ လုပ်ဆောင်​သမျှ​သည် အချည်းနှီး​မဖြစ်ကြောင်း သင်တို့​သိကြသည့်​အတိုင်း ဘုရားသခင်​အတွက် အစဉ်အမြဲ စိတ်အားထက်သန်​စွာ လုပ်ဆောင်ကြလော့။


တစ်စုံတစ်ဦး​၏ အတွေးအမြင်​ကို ထို​သူ​၏ စိတ်ဝိညာဉ်​မှလွဲ၍ မည်သူမျှ မသိနိုင်ပေ။ ထို​ကဲ့သို့​ပင် ဘုရားသခင်​၏ အတွေးအမြင်​ကို ဘုရားသခင်​၏ ဝိညာဉ်တော်​မှလွဲ၍ မည်သူမျှ မသိနိုင်ပေ။


ထို့ကြောင့် ကျွန်ုပ်တို့​သည် အခွင့်သာ​တိုင်း လူအပေါင်းတို့​အပေါ်၊ အထူး​သဖြင့် ယုံကြည်သူ​မိသားစုတို့​အပေါ် ကောင်းမှု​ပြုကြစို့။


သခင်ဘုရား နှစ်သက်တော်မူသော​အရာ​မှာ မည်သည့်​အရာ ဖြစ်သည်​ကို ဆန်းစစ်ကြလော့။


ဤသည်​မှာ သင်တို့​သည် အကောင်းဆုံး​ဖြစ်သော​အရာ​ကို ပိုင်းခြားသိမြင်​နိုင်​၍ ခရစ်တော် ပြန်ကြွလာမည့်​နေ့​တိုင်အောင် ဖြူစင်​ရိုးသား​ပြီး အပြစ်ဆိုဖွယ်​မရှိ​စေရန် ဖြစ်၏။


မည်သို့ပင်​ဖြစ်စေ ကျွန်ုပ်တို့​သည် မိမိတို့ ရောက်ရှိ​နေသည့်​အခြေအနေ​နှင့်​အညီ သင့်လျော်​စွာ နေထိုင်ကြပါစို့။


ထို့ပြင် ညီအစ်ကို​မောင်နှမတို့… မှန်ကန်သော​အရာ၊ ဂုဏ်သရေ​ရှိသော​အရာ၊ ဖြောင့်မတ်သော​အရာ၊ ဖြူစင်သော​အရာ၊ နှစ်သက်ဖွယ်သော​အရာ၊ ကောင်းမြတ်​၍ ချီးမွမ်းဖွယ်​ဖြစ်သည့် နှစ်လိုဖွယ်​ကောင်းသော​အရာ ဟူသမျှတို့​ကို နှလုံးသွင်းကြလော့။


အဆိုး​ကို အဆိုး​ဖြင့် မတုံ့ပြန်ကြနှင့်။ အချင်းချင်း​အတွက်​ဖြစ်စေ၊ လူ​တိုင်း​အတွက်​ဖြစ်စေ အကျိုး​ရှိသော​အရာများ​ကို အမြဲ​ကြိုးစား​လုပ်ဆောင်ကြလော့။


မကောင်းသည့် အရာ​မှန်သမျှ​ကို ရှောင်ကြလော့။


ထို့ကြောင့် ညီအစ်ကို​မောင်နှမတို့… ခိုင်မြဲ​စွာ ရပ်တည်ကြလော့။ စကား​ဖြင့်​ဖြစ်စေ၊ စာ​ဖြင့် ဖြစ်စေ သင်တို့​ကို ကျွန်ုပ်တို့ သွန်သင်ခဲ့သည့်​အရာများ​ကို ဆက်လက်​ယုံကြည်ကြလော့။


ဖုဂေလု​နှင့် ဟေရမောဂင်​တို့​အပါအဝင် အာရှပြည်​၌ နေထိုင်သော​လူအပေါင်း​သည် ကျွန်ုပ်​ကို စွန့်ခွာသွားကြောင်း သင်​သိ၏။


အဘယ်ကြောင့်ဆိုသော် သူတို့​ထဲမှ တချို့​သည် အိမ်များ​သို့ လှည့်စား​ဝင်ရောက်​၍ အညှာလွယ်သော​အမျိုးသမီးတို့​ကို အလွယ်တကူ သိမ်းသွင်းတတ်ကြ၏။ ထို​အမျိုးသမီးတို့​သည် အပြစ်​ဝန်ပိနေပြီး တပ်မက်မှု​အမျိုးမျိုး​၏ ဆွဲဆောင်ရာ​နောက်သို့ လိုက်သူများ​ဖြစ်၏။


ပန်းတဉ်း​ဆရာ အလက်ဇန်းဒါး​သည် ကျွန်ုပ်​ကို အလွန်​ဆိုးရွား​စွာ ပြုခဲ့၏။ သူ​ပြုခဲ့သည့် အပြုအမူများ​အတွက် သခင်ဘုရား​စီရင်တော်မူ​လိမ့်မည်။


ကတိပေးတော်မူသော​အရှင်​သည် သစ္စာရှိတော်မူ​သောကြောင့် ကျွန်ုပ်တို့​ဝန်ခံသော​မျှော်လင့်ချက်​ကို မယိမ်းယိုင်ဘဲ စွဲကိုင်ကြပါစို့။


ချစ်ရသော​သူတို့… ဝိညာဉ်တော်​အားဖြင့် ဟောပြောသည်​ဟု ပြောဆိုသူ​တိုင်း​ကို မယုံကြနှင့်။ ထို​ဝိညာဉ်တို့​သည် ဘုရားသခင်​ထံမှ လာသော​ဝိညာဉ်တော်​ဟုတ်မဟုတ်​ကို စမ်းသပ်ကြလော့။ အဘယ်ကြောင့်ဆိုသော် ပရောဖက်​အတုအယောင်​များစွာတို့​သည် ဤ​လောက​၌ ပေါ်လာကြ​သောကြောင့်​ဖြစ်၏။


သင်​၏​လုပ်ဆောင်မှု၊ သင်​၏​ကြိုးပမ်း​အားထုတ်မှု​နှင့် သင်​၏​သည်းခံမှုတို့​ကို ငါ​သိ၏။ သင်​သည် ဆိုးညစ်သူများ​ကို လက်မခံ​ကြောင်း​ကိုလည်း ငါ​သိ၏။ တမန်တော်​မဟုတ်ဘဲ တမန်တော်​ဖြစ်​ယောင်ဆောင်သော​သူတို့​ကို ပိုင်းခြား​စစ်ဆေး​၍ အတုအယောင်များ​ဖြစ်သည်​ဟု ဖော်ထုတ်​နိုင်ကြောင်း​ကိုလည်း ငါ​သိ၏။


ငါ​လာသည့်​တိုင်အောင် သင်​၌​ရှိသော​အရာ​ကို စွဲကိုင်ထားလော့။


ငါ​သည် မကြာမီ​လာမည်။ သင်​၏​သရဖူကို မည်သူမျှ မလုယူ​စေရန် သင်​၌​ရှိသော​ယုံကြည်ခြင်း​ကို စွဲကိုင်ထားလော့။


ထို့ကြောင့် သင်​သည် ကြားနာ​၍ ခံယူပြီးသော​အရာ​ကို သတိရ​လျက် လိုက်နာလော့။ နောင်တရလော့။ သင်​မနိုးထ​လျှင် သူခိုး​ကဲ့သို့ ငါ​လာမည်။ မည်သည့်​အချိန်​၌ လာမည်​ကို သင်​သိရမည်​မဟုတ်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ