ငါ့ခမည်းတော်သည် အရာအားလုံးကို ငါ့အား ပေးအပ်တော်မူပြီ။ သားတော်ကို ခမည်းတော်မှလွဲ၍ မည်သူမျှမသိ။ ခမည်းတော်ကိုလည်း သားတော်နှင့် သားတော်ဖော်ပြရန် ရွေးချယ်တော်မူသောသူတို့မှလွဲ၍ မည်သူမျှမသိ” ဟု မိန့်တော်မူ၏။
၁ ယော 2:1 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်၏သားသမီးတို့… သင်တို့ အပြစ်မကျူးလွန်စေရန် ဤအကြောင်းအရာများကို ကျွန်ုပ်ရေးလိုက်၏။ သို့သော် တစ်စုံတစ်ယောက်အပြစ်ကျူးလွန်လျှင် ခမည်းတော်ထံတွင် ကျွန်ုပ်တို့အတွက် ကူညီမစမည့်သူဖြစ်သည့် ဖြောင့်မတ်သောအရှင် ယေရှုခရစ်တော်ရှိ၏။ Common Language Bible ငါ၏သားသမီးတို့၊ သင်တို့သည်အပြစ် မကူးကြစေရန်ဤစာကိုငါရေးလိုက်၏။ သို့ရာတွင်အကယ်၍တစ်စုံတစ်ယောက်သော သူသည်အပြစ်ကူးမိပါမူ ခမည်းတော် ထံတွင်ငါတို့အတွက်အသနားခံသည့်ဖြောင့် မတ်တော်မူသောအရှင်ယေရှုခရစ်ရှိပေ သည်။- Garrad Bible ငါ့ သူ ငယ် တို့၊ သင် တို့ မ ပြစ် မှား ကြ စေ ရန် ဤ အ ကြောင်း အ ရာ များ ကို သင် တို့ ထံ ငါ ရေး လိုက်၏။ မည် သူ မ ဆို ပြစ် မှား မိ လျှင် ငါ တို့ အ ပြစ် များ မ က တစ် လော က လုံး၏ အ ပြစ် ပြေ ရာ ပြေ ကြောင်း ဖြစ် သည့် ဖြောင့် မတ် တော် မူ သော ယေ ရှု ခ ရစ် သည် ခ မည်း တော့် အ ပါး တွင် ငါ တို့ အ မှု ဆောင် အ ဖြစ် တည် တော် မူ၏။ Judson Bible ချစ်သားတို့၊ သင်တို့သည် ဒုစရိုက်ကိုမပြုစေခြင်းငှာ ဤအရာများကို သင်တို့အား ငါရေး၍ပေးလိုက်၏။ တစ်စုံတစ်ယောက်သောသူသည် ဒုစရိုက်ကိုပြုမိလျှင်၊ ဖြောင့်မတ်တော်မူသော အရှင်ယေရှုခရစ်တည်းဟူသော ငါတို့အမှုဆောင်သခင်သည် ခမည်းတော်ထံ၌ ရှိတော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ငါ့သားသမီးတို့၊ သင်တို့သည် အပြစ်မပြုကြစေရန် ဤအရာများကို သင်တို့ထံ ငါရေးလိုက်၏။ တစ်စုံတစ်ယောက်သည် အပြစ်ပြုမိခဲ့လျှင် ခမည်းတော်ထံ၌ ကူညီဖြေရှင်းပေးသူတည်းဟူသော ဖြောင့်မတ်သည့်အရှင်ယေရှုခရစ်တော်သည် ငါတို့အတွက်ရှိ၏။ |
ငါ့ခမည်းတော်သည် အရာအားလုံးကို ငါ့အား ပေးအပ်တော်မူပြီ။ သားတော်ကို ခမည်းတော်မှလွဲ၍ မည်သူမျှမသိ။ ခမည်းတော်ကိုလည်း သားတော်နှင့် သားတော်ဖော်ပြရန် ရွေးချယ်တော်မူသောသူတို့မှလွဲ၍ မည်သူမျှမသိ” ဟု မိန့်တော်မူ၏။
ချစ်သားတို့… ငါသည် သင်တို့နှင့်အတူ ခဏမျှသာနေရတော့မည်။ သင်တို့သည် ငါ့ကို ရှာကြလိမ့်မည်။ သို့ရာတွင် ‘ငါသွားမည့်အရပ်သို့ သင်တို့လိုက်နိုင်ကြမည်မဟုတ်’ ဟု ဂျူးဘာသာရေးခေါင်းဆောင်တို့အား ငါပြောနှင့်ခဲ့ပြီးသည့်အတိုင်း သင်တို့အား ယခုငါပြော၏။
ငါသည် ခမည်းတော်ထံ တောင်းလျှောက်သဖြင့် ခမည်းတော်သည် သင်တို့အား ကူညီမစမည့် အခြားအရှင်တစ်ပါးကို စေလွှတ်တော်မူလိမ့်မည်။ ထိုအရှင်သည် သင်တို့နှင့်အတူ အစဉ်အမြဲ ရှိလိမ့်မည်။
ယေရှုက “ငါသည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်း ဖြစ်၏။ အသက်လည်း ဖြစ်၏။ ငါ့ကို အမှီမပြုလျှင် မည်သူမျှ ခမည်းတော်ထံသို့ မရောက်ရ။
ထိုအခါ ယေရှုက “မိတ်ဆွေတို့… ငါးရကြသလော” ဟု မေးတော်မူလျှင် တပည့်တော်တို့က “မရကြပါ” ဟု ပြန်လျှောက်ကြ၏။
ထို့နောက် ယေရှုသည် ထိုသူကို ဗိမာန်တော်၌ တွေ့မြင်တော်မူသဖြင့် “ယခု သင်ကျန်းမာပြီ။ နောက်ထပ် အပြစ်မပြုနှင့်။ သို့မဟုတ်လျှင် ပို၍ ဆိုးရွားသောဘေးဒုက္ခသည် သင့်အပေါ်ကျရောက်လိမ့်မည်” ဟု မိန့်တော်မူ၏။
သို့သော် ယောဟန်၏ သက်သေထက် ကြီးမြတ်သော သက်သေသည် ငါ၌ ရှိ၏။ ခမည်းတော်သည် ငါ့အား ထိုအမှုတို့ကို ပြီးမြောက်အောင် ဆောင်ရွက်ရန် ပေးအပ်တော်မူ၏။ ထိုအမှုတို့ကပင် ငါ့ကို ခမည်းတော်စေလွှတ်တော်မူကြောင်း သက်သေခံကြ၏။
ပုပ်သိုးပျက်စီးတတ်သောအစားအစာများအတွက် မကြိုးပမ်းကြနှင့်။ လူသားပေးတော်မူမည့် ထာဝရအသက်အတွက်သာ ကြိုးပမ်းကြလော့။ အဘယ်ကြောင့်ဆိုသော် လူသားသည် ခမည်းတော်ဘုရားသခင်၏ တံဆိပ်ခတ်နှိပ်ခြင်းကို ခံရသောသူဖြစ်သောကြောင့်ပင်” ဟု မိန့်တော်မူ၏။
ထိုအခါ အမျိုးသမီးက “တစ်ဦးတစ်ယောက်မျှ မစီရင်ပါ သခင်” ဟု ဖြေဆိုလေ၏။ ယေရှုက “ငါသည်လည်း သင့်ကို မစီရင်ပါ။ သွားလော့။ ယခုမှစ၍ နောက်တစ်ဖန် အပြစ်မပြုနှင့်” ဟု မိန့်တော်မူ၏။
သင်တို့ဘိုးဘေးများ မနှိပ်စက်သော ပရောဖက်ဟူ၍ ရှိသလော။ သူတို့သည် ဖြောင့်မတ်သောအရှင် ကြွလာမည့်အကြောင်း ကြိုတင်ဟောပြောသောသူများကို သတ်ဖြတ်ကြ၏။ ယခု သင်တို့သည် ထိုအရှင်ကို သစ္စာဖောက်၍ သတ်ကြပြီ။
ဘုရားသခင်၏ ရန်သူဖြစ်စဉ်ကပင် ဘုရားသခင်၏ သားတော်အသေခံတော်မူခြင်းအားဖြင့် ဘုရားသခင်နှင့် ပြန်လည်သင့်မြတ်ခွင့်ကို ကျွန်ုပ်တို့ရရှိလျှင် ပြန်လည်သင့်မြတ်ခွင့်ကို ရရှိပြီးသော ကျွန်ုပ်တို့သည် သားတော်အသက်ရှင်ခြင်းအားဖြင့် ပို၍ပင် ကယ်တင်ခြင်းခံရလိမ့်မည်။
သို့ဖြစ်လျှင် ကျွန်ုပ်တို့သည် ပညတ်တရား၏ လက်အောက်၌ မရှိတော့ဘဲ ဘုရားသခင်၏ ကျေးဇူးတရားလက်အောက်၌ ရှိကြသောကြောင့် ဆက်၍ အပြစ်ကျူးလွန်နိုင်သည်ဟု ဆိုရမည်လော။ ထိုသို့ မဆိုရပေ။
သို့ဖြစ်၍ မည်သူသည် ကျွန်ုပ်တို့ကို အပြစ်စီရင်မည်နည်း။ ယေရှုခရစ်တော်သည် ကျွန်ုပ်တို့အတွက် အသေခံတော်မူသည်သာမက ရှင်ပြန်ထမြောက်တော်မူ၍ ဘုရားသခင်၏ လက်ယာတော်ဘက်၌ ထိုင်လျက် ကျွန်ုပ်တို့အတွက် ကြားဝင်အသနားခံတော်မူ၏။
အမြင်မှန်ရကြလော့။ ဆက်၍ အပြစ်မပြုနှင့်။ သင်တို့ထဲမှ တချို့သည် ဘုရားသခင်ကို လုံးဝမသိကြ။ သင်တို့အရှက်ရစေရန် ဤသို့ ကျွန်ုပ်ပြော၏။
ဘုရားသခင်သည် ကျွန်ုပ်တို့အတွက် အပြစ်ကင်းသောအရှင်ကို အပြစ်ဖြစ်စေတော်မူ၏။ ဤသို့ ဖြစ်စေတော်မူခြင်းမှာ ထိုအရှင်အားဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရရန်ဖြစ်၏။
ကျွန်ုပ်ချစ်သော သားသမီးတို့… သင်တို့သည် ခရစ်တော်ကဲ့သို့ ဖြစ်မလာမီ အချိန်ထိ ကျွန်ုပ်သည် သင်တို့အတွက် သားဖွားသည့် ဝေဒနာကို ခံစားရသကဲ့သို့ ပြန်၍ ခံစားလျက် နေရ၏။
ထိုသို့ဖြင့် ကျွန်ုပ်တို့ နှစ်မျိုးစလုံးသည် ခရစ်တော် ပြုခဲ့သော အမှုအားဖြင့် တစ်ပါးတည်းသော ဝိညာဉ်တော်မှတစ်ဆင့် ခမည်းတော်ထံသို့ ဝင်ရောက်ခွင့် ရကြ၏။
ဘုရားသခင် တစ်ဆူတည်း ရှိတော်မူပြီး ဘုရားသခင်နှင့် လူတို့ကြားတွင် ကြားဝင်စေ့စပ်သူလည်း တစ်ပါးတည်း ရှိတော်မူ၏။ ထိုအရှင်သည် လူသားဖြစ်သော ယေရှုခရစ်တော်ပင် ဖြစ်တော်မူ၏။
သင့်ထံသို့ အမြန်လာနိုင်ရန် မျှော်လင့်သော်လည်း ဤအရာများကို ဦးစွာ ရေးပို့လိုက်ပါ၏။
ခရစ်တော်သည် စစ်မှန်သောအရာ၏ ပုံတူသာဖြစ်သည့် လူတို့လက်ဖြင့် ပြုလုပ်ထားသော သန့်ရှင်းရာဌာနတော်ထဲသို့ ဝင်တော်မမူဘဲ ကျွန်ုပ်တို့ကိုယ်စား ဘုရားသခင်ရှေ့တော်၌ ထင်ရှားရန် ကောင်းကင်ဘုံသို့ ဝင်တော်မူ၏။
ခမည်းတော်ဘုရားသခင်ရှေ့တော်၌ သန့်ရှင်းစင်ကြယ်သောဘာသာတရားကိုင်းရှိုင်းခြင်းမှာ ဆင်းရဲဒုက္ခကြုံနေသည့် မိဘမဲ့နှင့် မုဆိုးမတို့ကို ကြည့်ရှုပြုစုခြင်း၊ မိမိကိုယ်တိုင်ကိုလည်း လောကီညစ်ညူးခြင်းတို့မှ ကင်းစင်စေခြင်းဖြစ်၏။
ကျွန်ုပ်တို့သည် လျှာဖြင့် ကျွန်ုပ်တို့၏ သခင်ဖြစ်တော်မူသော ခမည်းတော်ကို ချီးမွမ်း၍ ဘုရားသခင်၏ ပုံသဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းသောလူတို့ကို ထိုလျှာဖြင့် ကျိန်ဆဲကြ၏။
အဘယ်ကြောင့်ဆိုသော် ခရစ်တော်သည်လည်း အပြစ်အတွက် တစ်ကြိမ်တည်းနှင့်အပြီး အသေခံတော်မူသောကြောင့်ဖြစ်၏။ သင်တို့ကို ဘုရားသခင်ထံ ပို့ဆောင်ရန် ဖြောင့်မတ်သောအရှင်သည် မဖြောင့်မတ်သောသူတို့ကိုယ်စား အသေခံတော်မူ၏။ ထိုသို့ ခန္ဓာအားဖြင့် သေသော်လည်း ဝိညာဉ်အားဖြင့် ပြန်ရှင်တော်မူ၏။
ကိုယ်တော်သည် ကျွန်ုပ်တို့၏အပြစ်များကို ချေဖျက်ရန် ကြွလာတော်မူသည်ကို သင်တို့သိကြ၏။ ကိုယ်တော်၌ မည်သည့်အပြစ်မျှ မရှိ။
သားသမီးတို့… မည်သူမျှ သင်တို့ကို လမ်းမလွဲစေနှင့်။ ဖြောင့်မတ်စွာ ပြုမူသောသူသည် ကိုယ်တော်ဖြောင့်မတ်တော်မူသကဲ့သို့ ဖြောင့်မတ်၏။
သားသမီးတို့… သင်တို့သည် ဘုရားသခင်၏သားသမီးများဖြစ်၍ ထိုသူတို့ကို အောင်နိုင်ကြပြီ။ အဘယ်ကြောင့်ဆိုသော် သင်တို့ထဲ၌ ကိန်းအောင်းသောဝိညာဉ်တော်သည် လောကီသားတို့ထဲ၌ ကိန်းအောင်းသောဝိညာဉ်ထက် ပို၍ ကြီးမြတ်သောကြောင့် ဖြစ်၏။
မတရားမှုဟူသမျှသည် အပြစ်ဖြစ်၏။ ဝိညာဉ်မဆုံးရှုံးစေနိုင်သည့်အပြစ်မျိုးလည်း ရှိ၏။
ချစ်သောသားသမီးတို့… ရုပ်တုများကို ရှောင်ကြဉ်ကြလော့။ ရှင်ယောဟန်ဩဝါဒစာပထမစောင် ပြီးပါပြီ။
ကျွန်ုပ်၏သားသမီးများ သမ္မာတရား၌ ကျင်လည်နေကြောင်း ကြားသိ၍ ဝမ်းမြောက်ရခြင်းထက် သာ၍ ဝမ်းမြောက်ရခြင်း ကျွန်ုပ်၌မရှိပေ။