ရှင်ယောဟန် 6:27 - ခေတ်သစ်မြန်မာ သမ္မာကျမ်း27 ပုပ်သိုးပျက်စီးတတ်သောအစားအစာများအတွက် မကြိုးပမ်းကြနှင့်။ လူသားပေးတော်မူမည့် ထာဝရအသက်အတွက်သာ ကြိုးပမ်းကြလော့။ အဘယ်ကြောင့်ဆိုသော် လူသားသည် ခမည်းတော်ဘုရားသခင်၏ တံဆိပ်ခတ်နှိပ်ခြင်းကို ခံရသောသူဖြစ်သောကြောင့်ပင်” ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Common Language Bible27 ပုပ်ပျက်တတ်သောအစာအာဟာရအတွက် မကြိုးပမ်းကြနှင့်။ ထာဝရအသက်ကိုရရှိ စေသောမပုပ်ပျက်နိုင်သောအစာအာဟာရ အတွက်ကြိုးပမ်းကြလော့။ ဘုရားသခင်သည် လူသားအားတန်ခိုးအာဏာကိုအပ်နှင်းတော် မူသည်ဖြစ်၍ လူသားသည်ထိုအစာအာဟာရ ကိုသင်တို့အားပေးတော်မူလိမ့်မည်'' ဟုမိန့် တော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible27 ပျက်စီးတတ်သောအစာအတွက် မလုပ်ဆောင်ကြနှင့်။ ခမည်းတော်ဘုရားသခင်တံဆိပ်ခတ်တော်မူပြီးသော လူ့သားပေးမည့်ထာဝရအသက်ကို တည်မြဲစေသောအစာအတွက်လုပ်ဆောင်ကြလော့ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Judson Bible27 မုန့်ကိုစား၍ ဝသောကြောင့်သာ ရှာကြ၏။ ပျက်စီးတတ်သောအစာကို ရခြင်းငှာ မကြိုးစားကြနှင့်။ လူသားသည် သင်တို့အားပေး၍ ထာဝရအသက်နှင့်အမျှ တည်တတ်သောအစာကို ရခြင်းငှာ ကြိုးစားကြလော့။ ထိုသားသည် ခမည်းတော်ဘုရား၏တံဆိပ်ခတ်ခြင်းကို ခံသောသူဖြစ်သည်ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း27 ပျက်စီးတတ်သောအစားအစာအတွက်မဟုတ်ဘဲ လူ့သားသည် သင်တို့ကိုပေးမည့် ထာဝရအသက်တိုင်အောင်တည်မြဲသောအစားအစာအတွက် လုပ်ဆောင်ကြလော့။ အကြောင်းမူကား ခမည်းတော်ဘုရားသည် ထိုလူ့သားကို တံဆိပ်ခတ်နှိပ်တော်မူ၏”ဟု ပြန်၍မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ27 မုန့်ကိုစား၍ ဝသောကြောင့်သာ ရှာကြ၏။ ပျက်စီးတတ်သောအစာကို ရခြင်းငှာ မကြိုးစားကြနှင့်။ လူသားသည် သင်တို့အားပေး၍ ထာဝရအသက်နှင့်အမျှ တည်တတ်သောအစာကို ရခြင်းငှာ ကြိုးစားကြလော့။ ထိုသားသည် ခမည်းတော်ဘုရား၏တံဆိပ်ခတ်ခြင်းကို ခံသောသူဖြစ်သည်ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
အစ္စရေးလူမျိုးတို့… နားထောင်ကြလော့။ သင်တို့ကိုယ်တိုင် သိကြသည့်အတိုင်း ဘုရားသခင်သည် အံ့ဖွယ်တန်ခိုး၊ အံ့ဖွယ်ဖြစ်ရပ်နှင့် နိမိတ်လက္ခဏာများကို နာဇရက်မြို့သား ယေရှုအားဖြင့် ပြတော်မူခဲ့ပြီ။ ဤအရာများအားဖြင့် ယေရှုသည် ဘုရားသခင်၏စေလွှတ်တော်မူခြင်းခံရသူ အမှန်တကယ်ဖြစ်ကြောင်းကို လူသိရှင်ကြား သက်သေပြတော်မူခဲ့ပြီ။
အာဗြဟံသည် အရေပြားလှီးခြင်းမင်္ဂလာကို မခံယူမီကပင် ယုံကြည်နှင့်ပြီးဖြစ်သဖြင့် ဘုရားသခင်သည် သူ့ကို လက်ခံ၍ ဖြောင့်မတ်သူအဖြစ် သတ်မှတ်တော်မူ၏။ ထိုသို့သတ်မှတ်ကြောင်းကိုပြသော အမှတ်လက္ခဏာအနေဖြင့် အရေပြားလှီးခြင်းမင်္ဂလာကို ပေးခဲ့၏။ သို့ဖြစ်၍ အရေပြားလှီးခြင်းမင်္ဂလာကို မခံယူသော်လည်း သူတို့၏ယုံကြည်ခြင်းကြောင့် ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရသောသူမှန်သမျှအတွက် အာဗြဟံသည် ဖခင်ကြီးဖြစ်လာ၏။
သင်တို့က “အစာသည် ဝမ်းအတွက် ဖြစ်၍ ဝမ်းသည် အစာအတွက် ဖြစ်သည်” ဟု ဆိုကြ၏။ ဤစကားသည် မှန်၏။ သို့သော်လည်း တစ်နေ့တစ်ချိန်တွင် ဘုရားသခင်သည် ထိုအရာနှစ်မျိုးလုံးကို ဖျက်ဆီးတော်မူလိမ့်မည်။ ကိုယ်ခန္ဓာသည် တရားနှင့်မညီသော မေထုန်ကိုပြုရန်အတွက် မဟုတ်ဘဲ ဘုရားသခင်အတွက်သာ ဖြစ်၏။ ဘုရားသခင်သည်လည်း ကျွန်ုပ်တို့၏ကိုယ်ခန္ဓာကို ကြည့်ရှုစောင့်ရှောက်တော်မူ၏။
အဘယ်ကြောင့်ဆိုသော် ယေရှုခရစ်တော်ကို ယုံကြည်လျှင် အရေပြားလှီးခြင်းမင်္ဂလာကို ခံယူပြီးသည်ဖြစ်စေ၊ မခံယူဘဲနေသည်ဖြစ်စေ အရေးမကြီးသောကြောင့်ဖြစ်၏။ အရေးကြီးသည့်အချက်မှာ ကျွန်ုပ်တို့သည် ခရစ်တော်ကို ယုံကြည်ခြင်းဖြစ်ပြီး သူတစ်ပါးအပေါ် မေတ္တာထားခြင်းဖြင့် ထိုသို့ယုံကြည်ကြောင်း ပေါ်လွင်ရန် ဖြစ်၏။