ရှင်ယောဟန် 14:6 - ခေတ်သစ်မြန်မာ သမ္မာကျမ်း6 ယေရှုက “ငါသည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်း ဖြစ်၏။ အသက်လည်း ဖြစ်၏။ ငါ့ကို အမှီမပြုလျှင် မည်သူမျှ ခမည်းတော်ထံသို့ မရောက်ရ။ အခန်းကိုကြည့်ပါ။Common Language Bible6 သခင်ယေရှုက ``ငါသည်ခရီးလမ်းဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကိုအမှီမပြုဘဲအဘယ်သူမျှခမည်း တော်ထံသို့မရောက်နိုင်။- အခန်းကိုကြည့်ပါ။Garrad Bible6 ယေရှုက ငါသည် မဂ်လမ်း၊ သမ္မာတရား၊ ဇီဝအသက်ဖြစ်၏။ ငါ့အားဖြင့်မှတစ်ပါး မည်သူမျှခမည်းတော်ထံမရောက်နိုင်။ အခန်းကိုကြည့်ပါ။Judson Bible6 ယေရှုက၊ ငါသည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကို အမှီမပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့မရောက်ရ။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း6 ယေရှုက“ငါသည် လမ်း၊ သမ္မာတရားနှင့် အသက်ဖြစ်၏။ ငါ့ကိုအမှီမပြုလျှင် မည်သူမျှ ခမည်းတော်ထံသို့မရောက်နိုင်ရာ။ အခန်းကိုကြည့်ပါ။မြန်မာ6 ယေရှုက၊ ငါသည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကို အမှီမပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့မရောက်ရ။- အခန်းကိုကြည့်ပါ။ |
ဘုရားသခင်၏သားတော်သည် ကြွလာ၍ စစ်မှန်သောဘုရားသခင်ကို သိနိုင်သည့်ဉာဏ်ကို ကျွန်ုပ်တို့အား ပေးတော်မူကြောင်းကိုလည်း ကျွန်ုပ်တို့သိကြ၏။ ထို့ကြောင့် ကျွန်ုပ်တို့သည် စစ်မှန်သောဘုရားသခင်နှင့်လည်းကောင်း၊ သားတော်ယေရှုခရစ်တော်နှင့်လည်းကောင်း တပေါင်းတစည်းတည်းဖြစ်ကြ၏။ ထိုအရှင်သည် စစ်မှန်သောဘုရားသခင်ဖြစ်တော်မူပြီး ထာဝရအသက်လည်း ဖြစ်တော်မူ၏။
ယေရှုခရစ်တော်ထံမှလည်းကောင်း ကျေးဇူးတော်နှင့် ငြိမ်းချမ်းခြင်းသည် သင်တို့အပေါ် သက်ရောက်ပါစေသော။ ယေရှုခရစ်တော်သည် သစ္စာရှိသောသက်သေခံ၊ သေခြင်းမှ အဦးဆုံးထမြောက်သောသူ၊ လောကီဘုရင်တို့၏မင်း ဖြစ်တော်မူ၏။ ကိုယ်တော်သည် ကျွန်ုပ်တို့ကို ချစ်၍ အသေခံတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့ကို အပြစ်များမှ လွတ်မြောက်စေတော်မူ၏။
ထိုအခွင့်ထူးမှာ လူမျိုးခြားတို့ထံ ယေရှုခရစ်တော်၏ အမှုတော်ကို ထမ်းဆောင်ရခြင်းအခွင့် ဖြစ်၏။ လူမျိုးခြားတို့သည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဘုရားသခင်ရှေ့တော်၌ သန့်ရှင်းသည့် နှစ်သက်ဖွယ်ပူဇော်စရာကဲ့သို့ ဖြစ်လာရန် ကျွန်ုပ်သည် ယဇ်ပုရောဟိတ်တာဝန်ကို ထမ်းဆောင်လျက် ဘုရားသခင်၏ သတင်းကောင်းကို ဟော၏။