Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ တိ 2:5 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

5 ဘုရားသခင် တစ်ဆူတည်း ရှိတော်မူပြီး ဘုရားသခင်​နှင့် လူတို့​ကြားတွင် ကြားဝင်​စေ့စပ်သူ​လည်း တစ်ပါးတည်း ရှိတော်မူ၏။ ထို​အရှင်​သည် လူသား​ဖြစ်သော ယေရှု​ခရစ်တော်​ပင် ဖြစ်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

5 ဘု​ရား​သည်​တစ်​ဆူ​တည်း​ရှိ​တော်​မူ​၍​ဘု​ရား နှင့်​လူ​အ​ကြား​တွင် စေ့​စပ်​ပေး​သူ​လူ​ခ​ရစ် တော်​ယေ​ရှု​တစ်​ပါး​တည်း​သာ​ရှိ​ပေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

5-6 ဘု ရား သ ခင် တစ် ဆူ၊ အ လုံး စုံ တို့ အ တွက် ရွေး နုတ် ရာ အ ဖြစ် ကိုယ် ကို စွန့် တော် မူ သည့် လူ၊ ခ ရစ် တော် ယေ ရှု တည်း ဟူ သော ဘု ရား သ ခင် နှင့် လူ တို့ ကြား တွင် စေ့ စပ် သော အ ရှင် တစ် ပါး တည်း ရှိ၏။ ထို သို့ ဖြစ် ကြောင်း ကို အ ချိန် တန် သည့် ကာ လ သက် သေ ခံ ရ မည် ဖြစ်၍၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

5 ဘု​ရား​သ​ခင် တစ်​ဆူ​တည်း​ရှိ​တော်​မူ၏။ ဘု​ရား​သ​ခင်​နှင့် လူ​တို့၏ စပ်​ကြား​မှာ၊ လူ​ဖြစ်​သော ယေ​ရှု​ခ​ရစ်​တည်း​ဟူ​သော အာ​မ​ခံ​တစ်​ဦး​တည်း​ရှိ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

5 အကြောင်းမူကား ဘုရားသခင်​တစ်ဆူတည်း​ရှိ​တော်မူ​၍ ဘုရားသခင်​နှင့်​လူ​တို့​စပ်ကြား​တွင် ကြားဝင်​စေ့စပ်​သူ​လည်း တစ်ပါးတည်း​ရှိ​တော်မူ​၏။ ထို​အရှင်​ကား လူ​ဖြစ်​သော​ခရစ်တော်​ယေရှု​ပေတည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ တိ 2:5
28 ပူးပေါင်းရင်းမြစ်များ  

အာဗြဟံ​နှင့် ဒါဝိဒ်မင်း​တို့​ထံမှ ဆင်းသက်တော်မူသော ယေရှု​ခရစ်တော်​၏​ဆွေစဉ်မျိုးဆက်​စာရင်း​မှာ အောက်ပါအတိုင်း​ဖြစ်၏။


ဗျာဒိတ်တော်​စကား​မှာ “အပျိုစင်​တစ်ဦး​သည် ကိုယ်ဝန်ဆောင်​၍ သား​ယောက်ျား​ကို မွေးဖွား​လိမ့်မည်။ ထို​သား​ကို ဧမာနွေလ​ဟု ခေါ်ဝေါ်ကြ​လိမ့်မည်” ဟူ၍ ဖြစ်၏။ ဧမာနွေလ​၏ အနက်အဓိပ္ပာယ်​မှာ “ကျွန်ုပ်တို့​နှင့်အတူ​ရှိတော်မူသော​ဘုရားသခင်” ဟူ၍ ဖြစ်၏။


အစေအပါး​သည် ထိုသို့​ဆောင်ရွက်ပြီး​နောက် သူက ‘သခင်… နေရာလွတ်များ ကျန်ရှိနေသေးသည်’ ဟု ပြန်ပြော၏။


နှုတ်ကပတ်တော်​သည် လူသား​အဖြစ် ခံယူ​၍ ကျေးဇူးတော်၊ သစ္စာတော်​တို့​နှင့် ပြည့်ဝ​လျက် ကျွန်ုပ်တို့​လူသားများ​အကြား​တွင် စံမြန်းတော်မူ၏။ ကျွန်ုပ်တို့​သည်လည်း ထို​အရှင်​၏ ဘုန်းတော်​ကို ဖူးမြင်ကြရ၏။ ထို​ဘုန်းတော်​သည် ခမည်းတော်​၏ တစ်ပါးတည်းသော​သားတော်​အဖြစ် ခံယူရရှိသော​ဘုန်းတော်​ဖြစ်၏။


ထာဝရ​အသက်​ဟူသည်​မှာ တစ်ဆူတည်းသော၊ စစ်မှန်သည့်​ဘုရား​ဖြစ်တော်မူသော ကိုယ်တော်​ကို သိကျွမ်းခြင်း​နှင့် ဤ​လောက​သို့ ကိုယ်တော်​စေလွှတ်တော်မူသော ယေရှု​ခရစ်တော်​ကို သိကျွမ်းခြင်း​ပင်​ဖြစ်ပါ၏။


ကယ်တင်ခြင်း​သည် အခြား​မည်သူ​၌မျှ​မရှိ။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်​အောက်​တွင် ထို​အရှင်​၏​အမည်​နာမ​မှတစ်ပါး ကျွန်ုပ်တို့​ကို ကယ်တင်နိုင်သော​အခြား​အမည်​နာမ မရှိပါ” ဟု ဖြေဆိုလေ၏။


ဘုရားသခင်​၏​သားတော်​အကြောင်း ဖြစ်၏။ ထို​သားတော်​သည် လူသား​အဖြစ် ဒါဝိဒ်မင်း​၏​မျိုးနွယ်​မှ မွေးဖွား​လာတော်မူခဲ့၏။


ဂျူးလူမျိုး၊ ဂရိလူမျိုး​ဟူ၍ ခွဲခြားခြင်း​မရှိ။ သူတို့​၌ သခင်​တစ်ပါးတည်း ရှိ​၍ ထို​သခင်​ထံ ဆုတောင်းသော​သူတို့​အား ရက်ရော​စွာ ပေးသနားတော်မူ၏။


ထို့ကြောင့် ရုပ်တု​အား ပူဇော်ထားသော​အစားအစာ​ကို စားသောက်ခြင်း​နှင့်​ပတ်သက်​၍ ဆိုရ​လျှင် ရုပ်တု​သည် ဤ​လောက​တွင် သက်ရှိ​မဟုတ်ကြောင်း​နှင့် ဘုရားသခင်​တစ်ဆူတည်း​မှလွဲ၍ အခြား​ဘုရား​မရှိကြောင်း​ကို ကျွန်ုပ်တို့​သိကြ၏။


ကျွန်ုပ်တို့​အတွက်​မှာမူ အရာခပ်သိမ်း​ကို ဖန်ဆင်းတော်မူသော အဖ​ဘုရားသခင် တစ်ဆူတည်း​သာ​ရှိ၏။ ကျွန်ုပ်တို့​သည် ကိုယ်တော်​အတွက် အသက်ရှင်ကြ၏။ ထို့ပြင် ကျွန်ုပ်တို့​အတွက် ယေရှု​ခရစ်တော်​ဟူသော သခင်​တစ်ပါးတည်း​သာ ရှိ​၍ အရာခပ်သိမ်း​သည် ထို​အရှင်​အားဖြင့် ဖြစ်လာပြီး ကျွန်ုပ်တို့​သည်လည်း ထို​အရှင်​အားဖြင့်​သာ အသက်ရှင်ကြ၏။


ကြားဝင်​စေ့စပ်သူ​ဟု ဆိုသော် နှစ်ဖက်​နှင့် ဆိုင်၏။ သို့သော် အာဗြဟံ​နှင့် ပဋိညာဉ်​ဖွဲ့​ရာတွင် ကတိပြုသူ​မှာ ဘုရားသခင်​တစ်ပါးတည်း​ဖြစ်တော်မူ၏။


ယုံကြည်သောသူ​အားလုံး​၏ အဖ ဖြစ်တော်မူသော ဘုရားသခင်​တစ်ဆူတည်း ရှိတော်မူ၏။ ထို​ဘုရားသခင်​သည် ကျွန်ုပ်တို့​အားလုံး​အပေါ် အုပ်စိုးတော်မူ၏။ ကျွန်ုပ်တို့​အားလုံး​ကို အသုံးပြု​၍ လုပ်ဆောင်တော်မူ​ပြီး ကျွန်ုပ်တို့​အားလုံး​အထဲ​၌ ရှိတော်မူ၏။


အရာ​အားလုံး​ကို​အသက်ရှင်​စေတော်မူသည့်​ဘုရားသခင်​၏ ရှေ့တော်​၌​လည်းကောင်း၊ ပုန္တိပိလတ်မင်း​၏ ရှေ့​၌ ကောင်းသော​ဝန်ခံချက်​ဖြင့် သက်သေခံတော်မူသော ယေရှု​ခရစ်တော်​၏ ရှေ့တော်​၌​လည်းကောင်း တိုင်တည်​၍ ကျွန်ုပ် သင့်​ကို ညွှန်ကြားလိုက်၏။


ပဋိညာဉ်​သစ်​၏ ကြားဝင်​စေ့စပ်သူ ယေရှု​ထံသို့​လည်းကောင်း၊ အာဗေလ​၏ သွေး​ထက် ပို၍ မြတ်သော​အရာ​ကို မိန့်ဆိုသည့် ပက်ဖျန်းထားသော​သွေးတော်​ထံသို့ လည်းကောင်း ရောက်ကြ၏။


ထို့ကြောင့် ကိုယ်တော်​သည် မိမိ​ကို​အမှီပြု​၍ ဘုရားသခင်​ထံသို့ ချဉ်းကပ်လာ​သူများ​ကို အပြည့်အဝ​ကယ်တင်​နိုင်တော်မူ၏။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်​သည် သူတို့​အတွက် အသနားခံပေး​ရန် ထာဝရ​အသက်ရှင်နေ​သောကြောင့်​ဖြစ်၏။


သို့သော် ကျွန်ုပ်တို့​၏ ယဇ်ပုရောဟိတ်မင်း​ယေရှု​သည် ယခင်​ယဇ်ပုရောဟိတ်များ​ထမ်းဆောင်ရသော​အမှု​တာဝန်​ထက် ပို​၍ ကောင်းသော​အမှု​တာဝန်​ကို လက်ခံရရှိသူ​ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်​သည် ပို​၍ ကောင်းသော​ကတိတော်များ​ပေါ်​တွင် အခြေခံသည့် ပို​၍ ကောင်းသော​ပဋိညာဉ်​ကို ဘုရားသခင်​နှင့် ကျွန်ုပ်တို့​အကြား​တွင် ကြားဝင်​စေ့စပ်ပေး​သောကြောင့်​ဖြစ်၏။


ဤသို့ဖြင့် ရွေးချယ်ခြင်း​ခံရသူများ​သည် ဘုရားသခင် ကတိပြုတော်မူသော ထာဝရ​အမွေကို ရရှိ​နိုင်ရန် ခရစ်တော်​သည် ပဋိညာဉ်သစ်​၏ ကြားဝင်​စေ့စပ်သူ​ဖြစ်တော်မူ၏။ အကြောင်း​မှာ ခရစ်တော်​သည် ထို​ပထမ​ပဋိညာဉ်​အောက်​တွင် လူတို့​ကျူးလွန်ခဲ့သော အပြစ်များ​ကို လွတ်မြောက်​စေရန် အသေခံတော်မူခဲ့​သောကြောင့်​ဖြစ်၏။


ကျွန်ုပ်​၏​သား​သမီးတို့… သင်တို့ အပြစ်​မကျူးလွန်​စေရန် ဤ​အကြောင်းအရာများ​ကို ကျွန်ုပ်​ရေးလိုက်၏။ သို့သော် တစ်စုံတစ်ယောက်​အပြစ်ကျူးလွန်​လျှင် ခမည်းတော်​ထံတွင် ကျွန်ုပ်တို့​အတွက် ကူညီမစမည့်သူ​ဖြစ်သည့် ဖြောင့်မတ်သော​အရှင် ယေရှု​ခရစ်တော်​ရှိ၏။


ဤ​ရွှေ​ဆီမီးတိုင်များ​အလယ်​တွင် လူသား​နှင့်​တူသော​သူ​တစ်ဦး​ကို တွေ့ရ၏။ ထို​သူ​သည် ခြေဖျား​ထိ​ရှည်သော​ဝတ်ရုံ​ရှည်​ကို ဝတ်ဆင်ထား​ပြီး ရင်ဘတ်​တွင်လည်း ရွှေ​ရင်စည်း​ကို စည်းထား၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ