ဘုရားသခင်ကို မည်သူမျှ မမြင်ဖူးချေ။ သို့သော် ခမည်းတော်၏ ရင်ခွင်တော်၌ ရှိသည့် တစ်ပါးတည်းသောသားတော်သည် ဘုရားသခင်ကို ကျွန်ုပ်တို့သိမြင်နိုင်ရန် ဖော်ပြတော်မူပြီ။
၁ ယော 1:2 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအသက်တော်သည် ထင်ရှားခဲ့ပြီ။ ကျွန်ုပ်တို့သည်လည်း မြင်ကြပြီး ထိုအကြောင်းကို သင်တို့အား သက်သေခံကြ၏။ ခမည်းတော်နှင့်အတူရှိ၍ ကျွန်ုပ်တို့အား ဖော်ပြခြင်းခံရသည့် ထိုထာဝရအသက်တော်အကြောင်းကို သင်တို့အား ကျွန်ုပ်တို့ဟောပြောကြ၏။ Common Language Bible ထိုအသက်တော်ပေါ်လွင်ထင်ရှားခဲ့စဉ်က ငါတို့မြင်ရကြ၏။ သို့ဖြစ်၍ယင်း၏အကြောင်း ကိုငါတို့ဟောပြောကြ၏။ ခမည်းတော်နှင့် အတူရှိတော်မူခဲ့သည့်အသက်တော်သည် ငါတို့တွင်ပေါ်လွင်ထင်ရှားခဲ့သဖြင့် ငါတို့ သည်ထိုအသက်တော်အကြောင်းကိုသင်တို့ အားဖော်ပြကြေညာကြ၏။- Judson Bible ထိုအသက်သည် ထင်ရှားခဲ့ပြီ။ ငါတို့လည်း မြင်ရကြပြီ။ ခမည်းတော်နှင့် အတူရှိဖူး၍၊ ငါတို့အား ထင်ရှားခဲ့ပြီးသော ထိုထာဝရအသက်ကို၊ ငါတို့သည် သင်တို့အား သက်သေခံ၍ ပြသကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုအသက်သည် ထင်ရှားခဲ့ပြီ။ ငါတို့သည်လည်း ၎င်းကိုမြင်ရ၍ သက်သေခံလျက် ခမည်းတော်နှင့်အတူရှိပြီး ငါတို့၌ထင်ရှားသော ထိုထာဝရအသက်အကြောင်းကို သင်တို့အား ပြောကြားကြ၏။ |
ဘုရားသခင်ကို မည်သူမျှ မမြင်ဖူးချေ။ သို့သော် ခမည်းတော်၏ ရင်ခွင်တော်၌ ရှိသည့် တစ်ပါးတည်းသောသားတော်သည် ဘုရားသခင်ကို ကျွန်ုပ်တို့သိမြင်နိုင်ရန် ဖော်ပြတော်မူပြီ။
ထိုနှုတ်ကပတ်တော်သည် ရှိသမျှသောဖန်ဆင်းခံတို့အား အသက်ကို ပေးတော်မူ၏။ ထိုအသက်သည် လူအပေါင်းတို့အတွက် အလင်းဖြစ်၏။
သူတို့အား ထာဝရအသက်ကို ငါပေးသဖြင့် သူတို့သည် သေခြင်းနှင့်ကင်းလွတ်ကြလိမ့်မည်။ မည်သူမျှ သူတို့ကို ငါ့လက်မှ လုယူသွားနိုင်မည်မဟုတ်။
ယေရှုက “ငါသည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်း ဖြစ်၏။ အသက်လည်း ဖြစ်၏။ ငါ့ကို အမှီမပြုလျှင် မည်သူမျှ ခမည်းတော်ထံသို့ မရောက်ရ။
သင်တို့သည်လည်း ငါအမှုတော်လုပ်ငန်း စတင်စဉ်ကပင် ငါနှင့်အတူ ရှိနေခဲ့သောကြောင့် ငါ့အကြောင်းကို သက်သေခံကြရမည်။
ငါသည် ခမည်းတော်ထံမှ ဤလောကသို့ လာခဲ့၏။ ယခု ဤလောကမှ ထွက်ခွာ၍ ခမည်းတော်ထံသို့ ငါပြန်မည်” ဟု မိန့်တော်မူ၏။
ထာဝရအသက်ဟူသည်မှာ တစ်ဆူတည်းသော၊ စစ်မှန်သည့်ဘုရားဖြစ်တော်မူသော ကိုယ်တော်ကို သိကျွမ်းခြင်းနှင့် ဤလောကသို့ ကိုယ်တော်စေလွှတ်တော်မူသော ယေရှုခရစ်တော်ကို သိကျွမ်းခြင်းပင်ဖြစ်ပါ၏။
အို အဖ… ကမ္ဘာမတည်ရှိမီက ကိုယ်တော်နှင့်အတူ အကျွန်ုပ်ရရှိသော ဘုန်းအသရေဖြင့် အကျွန်ုပ်ကို ရှေ့တော်၌ ယခုဘုန်းကြီးစေတော်မူပါ။
သင်တို့သည်လည်း ယုံကြည်စေရန် ဤအကြောင်းအရာကို မြင်သောသူသည် သက်သေခံ၏။ သူ၏ သက်သေခံချက်မှာ မှန်ကန်ပြီး သူသည်လည်း မိမိပြောသောစကား မှန်ကန်ကြောင်းကို သိ၏။
သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူပြီးနောက် ယေရှုသည် တပည့်တော်တို့ကို ဤသို့ကိုယ်ထင်ပြတော်မူသည်မှာ တတိယအကြိမ်မြောက်ဖြစ်၏။
သို့သော် ငါသိ၏။ အဘယ်ကြောင့်ဆိုသော် ငါသည် ထိုအရှင်ထံတော်မှ လာ၏။ ထိုအရှင်သည်လည်း ငါ့ကို စေလွှတ်တော်မူ၏” ဟု ကြွေးကြော်တော်မူ၏။
ငါသည် ငါ့ခမည်းတော်ထံ မြင်တွေ့ခဲ့ရသည့် အကြောင်းအရာများကို ပြောဆို၏။ သင်တို့သည်လည်း သင်တို့ ဖခင်ထံမှ ကြားသိသော အရာများကို လုပ်ဆောင်ကြ၏” ဟု မိန့်တော်မူ၏။
သို့ရာတွင် လူအပေါင်းတို့ထံ၌ ကိုယ်ထင်ပြစေတော်မူသည်မဟုတ်။ ဘုရားသခင်ကိုယ်တိုင် သက်သေများအဖြစ် ကြိုတင်ရွေးချယ်ထားသော ကျွန်ုပ်တို့ထံ၌သာ ကိုယ်ထင်ပြစေတော်မူ၏။ ယေရှုခရစ်တော် သေခြင်းမှ ထမြောက်တော်မူပြီးနောက် ကျွန်ုပ်တို့သည်လည်း ထိုသခင်နှင့်အတူ စားသောက်ကြ၏။
ဘုရားသခင်သည် ယေရှုအား သေခြင်းမှ ရှင်ပြန်ထမြောက်စေတော်မူ၍ ငါတို့သည်လည်း ထိုထမြောက်ခြင်း၏သက်သေများဖြစ်ကြ၏။
သင်တို့သည် အသက်၏အရှင်သခင်ကို သတ်၍ ဘုရားသခင်သည် ထိုသခင်ကို သေခြင်းမှ ရှင်ပြန်ထမြောက်စေတော်မူ၏။ ထိုသို့ ထမြောက်စေတော်မူသည်ကို ငါတို့သည် ကိုယ်တိုင်မြင်တွေ့ကြ၏။
ကျွန်ုပ်တို့သည် ထိုအကြောင်းအရာများ၏အသိသက်သေများဖြစ်ကြ၏။ ထိုအရှင်ကို နာခံသောသူတို့အား ဘုရားသခင်ပေးတော်မူသော သန့်ရှင်းသောဝိညာဉ်တော်သည်လည်း သက်သေဖြစ်တော်မူ၏” ဟူ၍ ပြန်ဖြေကြ၏။
လူ့ဗီဇစိတ်၏ အားနည်းမှုကြောင့် မောရှေ၏ ပညတ်တရားသည် ကျွန်ုပ်တို့ကို မကယ်နိုင်ပေ။ ထို့ကြောင့် ဘုရားသခင်သည် မိမိသားတော်ကို လူ့ဗီဇစိတ်ရှိသည့် လူ့ကိုယ်ခန္ဓာထဲသို့ စေလွှတ်တော်မူခြင်းအားဖြင့် ပညတ်တရားမတတ်နိုင်သောအမှုကို ဖြေရှင်းပေးတော်မူ၏။ ဘုရားသခင်သည် သားတော်ကို ယဇ်အဖြစ် ပူဇော်ခြင်းအားဖြင့် လူ့ဗီဇစိတ်အတွင်း သက်ဝင်လှုပ်ရှားနေသော အပြစ်တရားကို အဆုံးသတ်တော်မူ၏။
သို့သော် အချိန်စေ့သောအခါ ဘုရားသခင်သည် မိမိသားတော်ကို စေလွှတ်တော်မူ၏။ ထိုသားတော်သည် အမျိုးသမီးတစ်ဦးထံမှ မွေးဖွားလာတော်မူပြီး ပညတ်တရား၏ လက်အောက်ခံအဖြစ် နေထိုင်တော်မူ၏။
ကျွန်ုပ်တို့၏ ယုံကြည်ခြင်းတရား နက်နဲဆန်းကြယ်ပုံသည် အမှန်တကယ်ကြီးမြတ်လှ၏။ သခင်ဘုရားသည် လူသားအဖြစ် ကြွလာတော်မူခဲ့ပြီး ဘုရားသခင်၏ သားတော် စစ်မှန်ကြောင်း ဝိညာဉ်တော်အားဖြင့် ဖော်ပြခြင်းခံရတော်မူ၏။ ကိုယ်တော်ကို ကောင်းကင်တမန်တို့ မြင်ကြ၏။ ကိုယ်တော်အကြောင်းကို လူမျိုးခြားတို့ထံ ဟောပြောကြ၏။ ကိုယ်တော်ကို ကမ္ဘာလောကသားတို့ ယုံကြည်ကြ၏။ ကိုယ်တော်ကို ဘုန်းအသရေနှင့်တကွ ကောင်းကင်ဘုံသို့ ဘုရားသခင်ခေါ်ယူတော်မူ၏။
ထိုကျေးဇူးတော်သည် ကျွန်ုပ်တို့၏ ကယ်တင်ရှင် ယေရှုခရစ်တော်ကြွလာတော်မူခြင်းဖြင့် ယခုထင်ရှားပြီ။ ခရစ်တော်သည် သေခြင်းကို ဖျက်ဆီးပြီး မပျက်စီးမယိုယွင်းသောအသက်ရှင်ခြင်းအကြောင်းကို သတင်းကောင်းဖြင့် ပေါ်လွင်ထင်ရှားစေတော်မူ၏။
ထာဝရအသက်ရရန်လည်း သူတို့မျှော်လင့်နိုင်ကြမည်။ လိမ်လည်ခြင်းနှင့် ကင်းစင်တော်မူသည့် ဘုရားသခင်သည် ဤထာဝရအသက်ကို ပေးရန် ရှေးယခင်မတိုင်မီကပင် ကတိပြုတော်မူခဲ့၏။
ထို့ကြောင့် ခရစ်တော်၏ဆင်းရဲဒုက္ခကို မြင်တွေ့သည့်သက်သေဖြစ်သူ၊ ထင်ရှားလာမည့် ကိုယ်တော်၏ ဘုန်းအသရေကို မျှဝေခံစားသူ ကျွန်ုပ်သည် အသင်းတော်အကြီးအကဲတစ်ဦးအနေဖြင့် သင်တို့ထဲမှ အသင်းတော်အကြီးအကဲများကို တိုက်တွန်းနှိုးဆော်လိုက်၏။
အစဦးကပင် ရှိနေ၍ ကျွန်ုပ်တို့ကြားရသောအရာ၊ ကျွန်ုပ်တို့မျက်စိဖြင့် မြင်ရသောအရာ၊ ကျွန်ုပ်တို့ကြည့်ရှု၍ လက်ဖြင့် ထိတွေ့ခဲ့သောအရာဖြစ်သည့် အသက်တော်တည်းဟူသော နှုတ်ကပတ်တော်အကြောင်းကို သင်တို့ထံသို့ ကျွန်ုပ်ရေးလိုက်၏။
ကိုယ်တော်သည် ကျွန်ုပ်တို့၏အပြစ်များကို ချေဖျက်ရန် ကြွလာတော်မူသည်ကို သင်တို့သိကြ၏။ ကိုယ်တော်၌ မည်သည့်အပြစ်မျှ မရှိ။
အပြစ်ကျူးလွန်နေသောသူသည် မာရ်နတ်၏သားသမီးဖြစ်၏။ အဘယ်ကြောင့်ဆိုသော် မာရ်နတ်သည် အစဦးကပင် အပြစ်ကျူးလွန်သောကြောင့်ဖြစ်၏။ ဘုရားသခင်၏သားတော် ကြွလာရခြင်းမှာ မာရ်နတ်၏ လုပ်ဆောင်မှုကို ချေဖျက်ရန် ဖြစ်၏။
ခမည်းတော်သည် သားတော်ကို ဤလောက၏ကယ်တင်ရှင်ဖြစ်ရန် စေလွှတ်တော်မူခဲ့သည်ကို ကျွန်ုပ်တို့မြင်၍ သက်သေခံကြ၏။
ယေရှုခရစ်တော်သည် လူသားအဖြစ် ကြွလာကြောင်းကို ဝန်ခံသောဝိညာဉ်တိုင်းသည် ဘုရားသခင်ထံမှ လာသောဝိညာဉ်တော်ဖြစ်၏။ ဤနည်းဖြင့် ဘုရားသခင်၏ ဝိညာဉ်တော်ကို ကျွန်ုပ်တို့သိနိုင်ကြ၏။
ထိုသက်သေခံချက်မှာ “ဘုရားသခင်သည် ကျွန်ုပ်တို့အား ထာဝရအသက်ကို ပေးတော်မူပြီး ထိုအသက်သည် သားတော်၌ ရှိသည်” ဟူ၍ ဖြစ်၏။
ဘုရားသခင်၏သားတော်ကို ယုံကြည်သောသင်တို့သည် ထာဝရအသက်ကို ရကြောင်းသိစေရန် ဤအကြောင်းအရာများကို ကျွန်ုပ်ရေးလိုက်၏။
ဘုရားသခင်၏သားတော်သည် ကြွလာ၍ စစ်မှန်သောဘုရားသခင်ကို သိနိုင်သည့်ဉာဏ်ကို ကျွန်ုပ်တို့အား ပေးတော်မူကြောင်းကိုလည်း ကျွန်ုပ်တို့သိကြ၏။ ထို့ကြောင့် ကျွန်ုပ်တို့သည် စစ်မှန်သောဘုရားသခင်နှင့်လည်းကောင်း၊ သားတော်ယေရှုခရစ်တော်နှင့်လည်းကောင်း တပေါင်းတစည်းတည်းဖြစ်ကြ၏။ ထိုအရှင်သည် စစ်မှန်သောဘုရားသခင်ဖြစ်တော်မူပြီး ထာဝရအသက်လည်း ဖြစ်တော်မူ၏။