၂ တိ 1:10 - ခေတ်သစ်မြန်မာ သမ္မာကျမ်း10 ထိုကျေးဇူးတော်သည် ကျွန်ုပ်တို့၏ ကယ်တင်ရှင် ယေရှုခရစ်တော်ကြွလာတော်မူခြင်းဖြင့် ယခုထင်ရှားပြီ။ ခရစ်တော်သည် သေခြင်းကို ဖျက်ဆီးပြီး မပျက်စီးမယိုယွင်းသောအသက်ရှင်ခြင်းအကြောင်းကို သတင်းကောင်းဖြင့် ပေါ်လွင်ထင်ရှားစေတော်မူ၏။ အခန်းကိုကြည့်ပါ။Common Language Bible10 သို့ရာတွင်ယခုအခါငါတို့၏ကယ်တင် ရှင်ခရစ်တော်ယေရှုကြွလာတော်မူခြင်း အားဖြင့် ထိုကျေးဇူးတော်သည်ပေါ်လွင် ထင်ရှားလာလေပြီ။ ကိုယ်တော်သည်သေ ခြင်းတရားကိုပယ်ရှားတော်မူပြီးလျှင် သတင်းကောင်းအားဖြင့် သင်္ခါရကင်းခြင်း တရားကိုပေါ်လွင်ထင်ရှားစေတော် မူသတည်း။ အခန်းကိုကြည့်ပါ။Judson Bible10 ထိုကျေးဇူးတော်ကား၊ ငါတို့ကိုကယ်တင်သောသခင်ယေရှုခရစ် ပေါ်ထွန်းသည်အရာမှာ ယခုထင်ရှားလျက်ရှိ၏။ ထိုသခင်သည် သေခြင်းအကြောင်းကို ပယ်ရှား၍၊ အသက်ရှင်ခြင်းအကြောင်းနှင့် မဖောက်ပြန်ခြင်းအကြောင်းကို ဧဝံဂေလိတရားအားဖြင့် ထင်ရှားစေတော်မူပြီ။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း10 ထိုကျေးဇူးတော်သည် ငါတို့၏ကယ်တင်ရှင်ခရစ်တော်ယေရှု ပေါ်ထွန်းတော်မူခြင်းအားဖြင့် ယခုထင်ရှားလေပြီ။ ခရစ်တော်သည် သေခြင်းကိုပယ်ဖျက်၍ အသက်နှင့်တကွ ဖောက်ပြန်ပျက်စီးခြင်းနှင့်ကင်းသောအရာတို့ကို ကောင်းမြတ်သောသတင်းအားဖြင့် အလင်းသို့ယူဆောင်လာ၏။ အခန်းကိုကြည့်ပါ။ |
ထို့ကြောင့် သခင်ဘုရား ပြန်လည်ကြွလာတော်မမူမီ မည်သူ့ကိုမျှ ကြိုတင်၍ မစီရင်ကြနှင့်။ အဘယ်ကြောင့်ဆိုသော် အမှောင်၌ ဝှက်ထားသောအရာများကို ကိုယ်တော်သည် အလင်းသို့ ယူလာ၍ ကျွန်ုပ်တို့၏ အတွင်းစိတ် အကြံအစည်များကို ဖော်ထုတ်မည်ဖြစ်သောကြောင့်ဖြစ်၏။ ထို့နောက်တွင်မူ ဘုရားသခင်သည် လူအသီးသီးတို့ကို ချီးမွမ်းတော်မူလိမ့်မည်။
ဘုရားသခင် ရွေးချယ်တော်မူသဖြင့် သင်တို့ မျှော်လင့်ရသောအရာသည် မည်သည့်အရာဖြစ်သည်ကိုလည်းကောင်း၊ ယုံကြည်သူတို့ ရရှိသော အမွေတော်၏ ဘုန်းအသရေသည် မည်မျှကြွယ်ဝသည်ကိုလည်းကောင်း၊ ယုံကြည်သော ကျွန်ုပ်တို့အတွက် လုပ်ဆောင်သော သာလွန်ထူးကဲသည့်တန်ခိုးတော်သည် မည်မျှကြီးမားသည်ကိုလည်းကောင်း သင်တို့သိစေရန် သင်တို့၏ ဉာဏ်မျက်စိကို ပွင့်စေတော်မူပါဟု ကျွန်ုပ်ဆုတောင်း၏။
အသက်ရှင်ခြင်းနှင့် ဘုရားတရားကိုင်းရှိုင်းခြင်းတို့နှင့် ဆိုင်သည့် လိုအပ်သမျှအရာအားလုံးကို ကိုယ်တော်သည် မိမိ၏ဘုရားတန်ခိုးတော်ဖြင့် ကျွန်ုပ်တို့အား ပေးတော်မူ၏။ ဘုန်းအသရေတော်နှင့် ကောင်းမြတ်တော်မူခြင်းကို ခံစားစေရန် ကျွန်ုပ်တို့အား ရွေးကောက်တော်မူသောအရှင်ကို သိခြင်းအားဖြင့် ဤအရာအားလုံးကို ကျွန်ုပ်တို့လက်ခံရရှိကြ၏။