Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ယော 1:1 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

1 အစဦး​ကပင် ရှိနေ​၍ ကျွန်ုပ်တို့​ကြားရသော​အရာ၊ ကျွန်ုပ်တို့​မျက်စိ​ဖြင့် မြင်ရသော​အရာ၊ ကျွန်ုပ်တို့​ကြည့်ရှု​၍ လက်​ဖြင့် ထိတွေ့ခဲ့သော​အရာ​ဖြစ်သည့် အသက်တော်​တည်းဟူသော နှုတ်ကပတ်တော်​အကြောင်း​ကို သင်တို့​ထံသို့ ကျွန်ုပ်​ရေးလိုက်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

1 အ​သက်​တော်​တည်း​ဟူ​သော​နှုတ်​က​ပတ်​တော် အ​ကြောင်း​ကို​ငါ​တို့​စာ​ရေး​လိုက်​၏။ ထို​နှုတ် က​ပတ်​တော်​သည်​အ​စ​မူ​လ​က​တည်း​က​ပင် ရှိ​နေ​တော်​မူ​ခဲ့​၏။ ထို​နှုတ်​က​ပတ်​တော်​ကို ငါ​တို့​ကြား​ခဲ့​ကြ​၏။ ငါ​တို့​ကိုယ်​တိုင်​မျက်​စိ ဖြင့်​မြင်​ခဲ့​ကြ​၏။ ငါ​တို့​လက်​ဖြင့်​စမ်း​သပ် ကြည့်​ရှု​ခဲ့​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

1-2 ထင် ရှား ပြီး သော အ သက် တော်၊ ခ မည်း တော် အ ပါး တွင် တည် လျက် ငါ တို့ အား ထင် ရှား ပြီး ထာ ဝ ရ အ သက် တော် ကို ငါ တို့ မြင် ရ လျက် သင် တို့ အား သက် သေ ခံ၍ ကြား ပြော သည့် အ တိုင်း အ သက် တော် တည်း ဟူ သော နှုတ် က ပတ် တော် နှင့် စပ် လျဉ်း ၍ အ စ အ ဦး က ပင် တည် ရာ ကိုယ် တိုင် တို့ ကြား ရ လျက်၊ ဒိ ဋ္ဌ မြင် ခဲ့ ရာ၊ သိ မြင်၍ ကိုယ့် လက် နှင့် စမ်း သပ် ခဲ့ ရာ အ ရေး၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

1 ရှေ့​ဦး​စွာ​က​ပင်​ဖြစ်၍၊ ငါ​တို့​သည် ကိုယ်​တိုင်​ကြား​လျက်၊ ကိုယ်​မျက်​စိ​နှင့်​မြင်​လျက်၊ စေ့​စေ့​ကြည့်​ရှု၍ လက်​နှင့် စမ်း​သပ်​ခဲ့​ပြီး​သော အ​ရာ​တည်း​ဟူ​သော အ​သက်​ရှင်​သော နှုတ်​က​ပတ်​တော်​နှင့်​ဆိုင်​သော​အ​ရာ​ကို သင်​တို့​အား ပြ​သ​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

1 အစအဦး​က​ပင်​ရှိ​သော​အရာ၊ ငါ​တို့​ကြား​ရ​သော​အရာ၊ ကိုယ့်​မျက်စိ​ဖြင့် မြင်​ရ​သော​အရာ၊ ငါ​တို့​ကြည့်ရှု​လျက် ကိုယ့်​လက်​ဖြင့် တို့ထိ​စမ်းသပ်​ရ​သော​အရာ​တည်းဟူသော အသက်​နှင့်ဆိုင်သည့် နှုတ်ကပတ်တော်​အကြောင်း​ဟူမူကား

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ယော 1:1
23 ပူးပေါင်းရင်းမြစ်များ  

ထိုသို့ ရေးသားပြုစုရာ​တွင် အကြောင်းအရာ​စတင်​ဖြစ်ပျက်ချိန်​မှစ၍ သိမြင်သည့် မျက်မြင်သက်သေများ​ဖြစ်ပြီး နှုတ်ကပတ်တော်​ကို ဟောပြောသော​အစေခံများ​ထံမှ ရရှိသည့်​သတင်း​အချက်အလက်များ​ကို အသုံးပြုခဲ့ကြ၏။


ငါ့​လက်​နှင့် ငါ့​ခြေတို့​ကို ကြည့်ကြလော့။ ငါ​ကိုယ်တိုင်​ပင် ဖြစ်၏။ ငါ့​ကို ကြည့်ရှု​စမ်းသပ်ကြလော့။ တစ္ဆေ​တွင် အရိုး​နှင့် အသား​တို့​မရှိ။ သို့သော် ငါ့​တွင်​ရှိသည်​ကို သင်တို့​မြင်ကြ၏” ဟု မိန့်တော်မူ၏။


သင်တို့​သည်လည်း ယုံကြည်​စေရန် ဤ​အကြောင်းအရာ​ကို မြင်သောသူ​သည် သက်သေခံ၏။ သူ​၏ သက်သေခံချက်​မှာ မှန်ကန်​ပြီး သူ​သည်လည်း မိမိ​ပြောသော​စကား မှန်ကန်ကြောင်း​ကို သိ၏။


ထို့နောက် ယေရှု​သည် သောမ​အား “သင့်​လက်ညှိုး​ဖြင့် ဤ​နေရာ​ကို စမ်း​၍ ငါ့​လက်တို့​ကို ကြည့်လော့။ သင့်​လက်​ဖြင့် ငါ့​နံဘေး​ရှိ ဒဏ်ရာ​ကိုလည်း စမ်းကြည့်လော့။ သံသယ​မဖြစ်နှင့်။ ယုံကြည်လော့” ဟု မိန့်တော်မူ၏။


အဘယ်ကြောင့်ဆိုသော် ခမည်းတော်​သည် မိမိ​၌ အသက်ပေးပိုင်သော​တန်ခိုး​ရှိတော်မူသည့်​အတိုင်း ထို​အသက်ပေးပိုင်သော​တန်ခိုး​ကို သားတော်​အားလည်း ပေးတော်မူ​သောကြောင့်​ဖြစ်၏။


ယေရှု​က “ငါ​အမှန်​ဆိုရ​လျှင် အာဗြဟံ မဖြစ်​မီ​ကပင် ငါ​ဖြစ်၏” ဟု မိန့်တော်မူ၏။


အသေခံတော်မူ​ပြီးနောက် ယေရှု​သည် မိမိ​အသက်ရှင်​လျက်​ရှိကြောင်း ခိုင်မာသော​သက်သေ​အထောက်အထားများ​ဖြင့် ရက်ပေါင်း​လေးဆယ်​အတွင်း တမန်တော်တို့​အား ကိုယ်ထင်ပြ​၍ ဘုရားသခင်​၏​နိုင်ငံတော်​အကြောင်း​ကို ဟောပြောတော်မူ၏။


ကျွန်ုပ်တို့​သည် မြင်တွေ့​၍ ကြားခဲ့ပြီးသော​အရာတို့​ကို မဟောပြောဘဲ​မနေနိုင်ပါ” ဟု ပြန်ဖြေကြ၏။


ဤမျှ​ထူးမြတ်သည့်​ကယ်တင်ခြင်း​တရား​ကို ကျွန်ုပ်တို့ လျစ်လျူရှု​ပါက အပြစ်ဒဏ်​မှ မည်သို့​လွတ်မြောက်​နိုင်ကြမည်နည်း။ ဤ​ကယ်တင်ခြင်း​တရား​ကို သခင်ဘုရား​ကိုယ်တိုင် ဦးစွာ ဟောတော်မူ​ပြီးနောက် ကြားနာသူများ​က ကျွန်ုပ်တို့​အား ထို​တရားတော်​မှန်ကန်ကြောင်း အတည်ပြု​ပေးခဲ့ကြ၏။


ခမည်းတော်​သည် သားတော်​ကို ဤ​လောက​၏​ကယ်တင်ရှင်​ဖြစ်​ရန် စေလွှတ်တော်မူခဲ့သည်​ကို ကျွန်ုပ်တို့​မြင်​၍ သက်သေခံကြ၏။


သက်သေ​သုံးပါး​ရှိ၏။


ထို​အသံ​က “သင်​မြင်သော​အရာ​ကို စာစောင်​တွင် ရေး​၍ ဧဖက်မြို့၊ စမုရနမြို့၊ ပေရဂံမြို့၊ သွာတိရမြို့၊ သာဒိမြို့၊ ဖိလဒေလဖိမြို့၊ လောဒိကိမြို့များ​ရှိ အသင်းတော်​ခုနစ်ပါး​ထံသို့ ပေးပို့လော့” ဟု ဆို၏။


ယခု​ရှိ​လျက်၊ ယခင်​ကလည်း​ရှိ​လျက် နောင်အခါ​၌လည်း​ကြွလာမည့် အနန္တ​တန်ခိုးရှင်​ဘုရားသခင်​က “ငါ​သည် အာလဖာ​နှင့် အိုမီဂါ ဖြစ်၏” ဟု မိန့်တော်မူ၏။


သူ​သည် သွေး​၌ နှစ်ထားသော​ဝတ်ရုံ​ကို ဝတ်ဆင်ထားပြီး သူ​၏​အမည်​မှာ ဘုရားသခင်​၏ နှုတ်ကပတ်တော်​ဟူ၍ ဖြစ်၏။


စမုရနမြို့​၌​ရှိသော အသင်းတော်​၏​ကောင်းကင်တမန်​ထံသို့ စာရေးလော့။ အစဦးဆုံး​နှင့် နောက်ဆုံး​ဖြစ်သောသူ၊ အသေခံ​ပြီး အသက်​ပြန်ရှင်လာသောသူ​က ဤသို့​မိန့်တော်မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ