၁ ယော 5:11 - ခေတ်သစ်မြန်မာ သမ္မာကျမ်း11 ထိုသက်သေခံချက်မှာ “ဘုရားသခင်သည် ကျွန်ုပ်တို့အား ထာဝရအသက်ကို ပေးတော်မူပြီး ထိုအသက်သည် သားတော်၌ ရှိသည်” ဟူ၍ ဖြစ်၏။ အခန်းကိုကြည့်ပါ။Common Language Bible11 ဘုရားသခင်သည်ငါတို့အား ထာဝရအသက် ကိုပေးသနားတော်မူကြောင်း၊ ထိုအသက်ကို သားတော်အားဖြင့်ရရှိကြောင်းဘုရားသခင် သက်သေခံတော်မူ၏။- အခန်းကိုကြည့်ပါ။Garrad Bible11 ဆို ခဲ့ သော သက် သေ တော် မှာ ဘု ရား သ ခင် သည် ငါ တို့ အား ထာ ဝ ရ အ သက် ကို သ နား တော် မူ လျက် သား တော်၌ ထို အ သက် တည် ရှိ ကြောင်း တည်း။ အခန်းကိုကြည့်ပါ။Judson Bible11 သက်သေခံတော်မူချက် ဟူမူကား၊ ဘုရားသခင်သည် ငါတို့အား ထာဝရအသက်ကို ပေးတော်မူ၍၊ ထိုအသက်သည်လည်း သားတော်၌ပါ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း11 ထိုသက်သေခံချက်မှာ ဘုရားသခင်သည် ငါတို့အား ထာဝရအသက်ကိုပေးတော်မူပြီး ထိုအသက်သည် ဘုရားသခင်၏သားတော်၌ရှိ၏ဟူ၍ ဖြစ်၏။ အခန်းကိုကြည့်ပါ။ |
ဘုရားသခင်၏သားတော်သည် ကြွလာ၍ စစ်မှန်သောဘုရားသခင်ကို သိနိုင်သည့်ဉာဏ်ကို ကျွန်ုပ်တို့အား ပေးတော်မူကြောင်းကိုလည်း ကျွန်ုပ်တို့သိကြ၏။ ထို့ကြောင့် ကျွန်ုပ်တို့သည် စစ်မှန်သောဘုရားသခင်နှင့်လည်းကောင်း၊ သားတော်ယေရှုခရစ်တော်နှင့်လည်းကောင်း တပေါင်းတစည်းတည်းဖြစ်ကြ၏။ ထိုအရှင်သည် စစ်မှန်သောဘုရားသခင်ဖြစ်တော်မူပြီး ထာဝရအသက်လည်း ဖြစ်တော်မူ၏။