Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ယော 5:13 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

13 ဘုရားသခင်​၏​သားတော်​ကို ယုံကြည်သော​သင်တို့​သည် ထာဝရ​အသက်​ကို ရကြောင်း​သိ​စေရန် ဤ​အကြောင်းအရာများ​ကို ကျွန်ုပ်​ရေးလိုက်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

13 ဘု​ရား​သ​ခင်​၏​သား​တော်​ကို​ယုံ​ကြည်​သူ​သင် တို့​သည် ထာ​ဝ​ရ​အ​သက်​ကို​ရ​ရှိ​ကြောင်း​သိ ကြ​စေ​ရန် ဤ​အ​ကြောင်း​အ​ရာ​များ​ကို​ငါ ရေး​လိုက်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

13 ဘု ရား သ ခင့် သား တော်၏ နာ မ တော် ကို ယုံ ကြည် သော သင် တို့ သည် ထာ ဝ ရ အ သက် ရ ရှိ ကြောင်း သိ ကြ စေ ရန် ဤ အ ကြောင်း အ ရာ များ ကို ငါ ရေး လိုက်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

13 ဘု​ရား​သ​ခင်၏​သား​တော်​ကို ယုံ​ကြည်​သော​သင်​တို့​သည် ထာ​ဝ​ရ​အ​သက်​ကို ကိုယ်​တိုင်​ရ​သည်​ဟု သိ​စေ​ခြင်း​ငှာ၊ ဤ​အ​ရာ​များ​ကို သင်​တို့​အား ငါ​ရေး၍​ပေး​လိုက်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

13 ဘုရားသခင့်​သား​တော်​၏​နာမ​တော်​ကို​ယုံကြည်​သော​သင်​တို့​ထံ ဤ​အရာ​များ​ကို ငါ​ရေး​လိုက်​ခြင်း​မှာ သင်​တို့​သည် ထာဝရ​အသက်​ကို​ရရှိ​ပြီ​ဖြစ်ကြောင်း သင်​တို့​သိ​ကြ​စေရန်​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ယော 5:13
26 ပူးပေါင်းရင်းမြစ်များ  

သို့ရာတွင် ထို​အရှင်​သည် မိမိ​ကို​ယုံကြည်​၍ လက်ခံ​သမျှသော​သူတို့​ကို ဘုရားသခင်​၏ သားသမီးများ​ဖြစ်ခွင့် ပေးတော်မူ၏။


ဂျေရုဆလင်မြို့ ပသခါပွဲတော်​အတွင်း ကိုယ်တော်​ပြုတော်မူသော နိမိတ်​လက္ခဏာများ​ကို မြင်တွေ့​သောကြောင့် လူများစွာတို့​သည် ကိုယ်တော်​ကို ယုံကြည်လာကြ၏။


သို့သော် ယေရှု​သည် ဘုရားသခင်​၏ သားတော် ခရစ်တော်​ဖြစ်ကြောင်း သင်တို့​ယုံကြည်ကြ​စေရန်​နှင့် ထိုသို့ ယုံကြည်​၍ နာမတော်​၏​တန်ခိုး​အားဖြင့် အသက်​ကို ရရှိကြ​စေရန် ဤ​ကျမ်းစာ​ကို ရေးသားရခြင်း​ဖြစ်၏။


ထို​တပည့်တော်​မှာ ဤ​အဖြစ်အပျက်များ​ကို သက်သေခံ​၍ မှတ်တမ်းတင်​ရေးသား​သူ​ပင် ဖြစ်၏။ သူ​၏​ရေးသားချက်များ​မှန်ကန်ကြောင်း​ကိုလည်း ကျွန်ုပ်တို့​သိကြ၏။


သားတော်​ကို ယုံကြည်သော​သူ​သည် အပြစ်စီရင်ခြင်း​မခံရ။ မယုံကြည်သော​သူ​မှာမူ ဘုရားသခင်​၏ တစ်ပါးတည်းသော​သားတော်​ကို မယုံကြည်​သောကြောင့် ယခု​ပင် အပြစ်စီရင်ခြင်း​ခံရပြီ။


သင်တို့​အား ငါ​အမှန်​ဆို၏။ ငါ့​စကား​ကို နားထောင်​၍ ငါ့​ကို စေလွှတ်တော်မူသော​ဘုရား​ကို ယုံကြည်သော​သူ​သည် ထာဝရ​အသက်​ကို ရ၏။ ထို​သူ​သည် ပြစ်ဒဏ်​စီရင်ခြင်း​မခံရဘဲ သေခြင်း​မှ အသက်ရှင်ခြင်း​သို့ ကူးပြောင်းရသော​သူ​ဖြစ်၏။


ထို​သခင်​ကို ယုံကြည်ခြင်း​အားဖြင့် ထို​သခင်​၏ နာမတော်​သည် ဤ​လူ​ကို သန်စွမ်းစေတော်မူ၏။ ယခင်​က ဤ​လူ​သည် ခြေမသန်စွမ်းသူ​ဖြစ်ကြောင်း သင်တို့​သိမြင်ကြ၏။ ထို​သခင်​အားဖြင့် ရရှိသော ယုံကြည်ခြင်း​သည်လည်း ဤ​ခြေမသန်စွမ်းသူ​အား သင်တို့​အားလုံး​ရှေ့​၌ အကောင်း​ပကတိ​အတိုင်း ဖြစ်စေပြီ။


ကယ်တင်ခြင်း​သည် အခြား​မည်သူ​၌မျှ​မရှိ။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်​အောက်​တွင် ထို​အရှင်​၏​အမည်​နာမ​မှတစ်ပါး ကျွန်ုပ်တို့​ကို ကယ်တင်နိုင်သော​အခြား​အမည်​နာမ မရှိပါ” ဟု ဖြေဆိုလေ၏။


ကျွန်ုပ်တို့​၏ ကိုယ်ခန္ဓာ​သည် ဤ​ကမ္ဘာ​ပေါ်တွင် ကျွန်ုပ်တို့​နေထိုင်သော ယာယီ​တဲ​နှင့် တူ၏။ ဤ​ယာယီ​တဲ ပျက်စီးသွား​လျှင် ကောင်းကင်ဘုံ​၌ လူ့​လက်​ဖြင့် မဆောက်လုပ်ဘဲ ဘုရားသခင်​ဖန်ဆင်းတော်မူသည့် ထာဝရ​အိမ်​နှင့် တူသော​ကိုယ်ခန္ဓာ​သစ်​ရှိကြောင်း​ကို ကျွန်ုပ်တို့​သိကြ၏။


ကျွန်ုပ်တို့​သည် ဘုရားသခင်​၏ သားများ​ဖြစ်ကြ​သောကြောင့် ဘုရားသခင်​သည် သားတော်​၏ ဝိညာဉ်တော်​ကို ကျွန်ုပ်တို့​၏ စိတ်နှလုံး​ထဲသို့ စေလွှတ်တော်မူ​၍ ထို​ဝိညာဉ်တော်​ကြောင့် ကျွန်ုပ်တို့​က “အဗ္ဗ၊ အဖ” ဟု ကြွေးကြော်ကြ၏။


သစ္စာရှိသော​ညီအစ်ကို​ဟု ကျွန်ုပ်​မှတ်ယူသော သိလွာနု​၏​အကူအညီ​ဖြင့် သင်တို့​ထံ စာ​ကို အကျဉ်းချုံး​၍ ရေးလိုက်၏။ အကြောင်းအရာ​မှာ သင်တို့​အား တိုက်တွန်း​နှိုးဆော်​ရန်​နှင့် ကျွန်ုပ်​ရေးလိုက်သော​အရာတို့​သည် ဘုရားသခင်​၏ စစ်မှန်သော​ကျေးဇူးတော်​ဖြစ်ကြောင်း သက်သေခံ​ရန်​ဖြစ်၏။ ထို​ကျေးဇူးတော်​တွင် ခိုင်မြဲ​စွာ ရပ်တည်ကြလော့။


ကျွန်ုပ်တို့​သည် ဝမ်းမြောက်ခြင်း​ကို သင်တို့​နှင့်အတူ အပြည့်အဝ​ခံစား​နိုင်ရန် ဤ​အရာများ​ကို ရေးလိုက်ကြ၏။


ကျွန်ုပ်​၏​သား​သမီးတို့… သင်တို့ အပြစ်​မကျူးလွန်​စေရန် ဤ​အကြောင်းအရာများ​ကို ကျွန်ုပ်​ရေးလိုက်၏။ သို့သော် တစ်စုံတစ်ယောက်​အပြစ်ကျူးလွန်​လျှင် ခမည်းတော်​ထံတွင် ကျွန်ုပ်တို့​အတွက် ကူညီမစမည့်သူ​ဖြစ်သည့် ဖြောင့်မတ်သော​အရှင် ယေရှု​ခရစ်တော်​ရှိ၏။


သမ္မာတရား​ကို သင်တို့​မသိ​သောကြောင့် ကျွန်ုပ်​ရေးလိုက်သည် မဟုတ်။ သမ္မာတရား​ကို​လည်းကောင်း၊ လိမ်လည်ခြင်း​အမျိုးမျိုး​သည် သမ္မာတရား​နှင့် မသက်ဆိုင်သည်​ကို​လည်းကောင်း သင်တို့​သိ​သောကြောင့် ကျွန်ုပ်​ရေးလိုက်ခြင်း​ဖြစ်၏။


ဤသည်​မှာ ကျွန်ုပ်တို့​အား ခရစ်တော်​ကတိပြုတော်မူသည့် ထာဝရ​အသက်​ဖြစ်၏။


သင်တို့​အား လမ်းလွဲ​စေရန် ကြိုးစားနေသော​သူများ​အကြောင်း​ကို သင်တို့​ထံ ကျွန်ုပ်​ရေးလိုက်၏။


ဘုရားသခင် ပညတ်တော်မူသည်​မှာ သားတော်​ယေရှု​ခရစ်တော်​၏ နာမတော်​ကို ယုံကြည်​၍ ကျွန်ုပ်တို့​ကို ပညတ်တော်မူသည့်​အတိုင်း အချင်းချင်း ချစ်ကြ​ရန် ဖြစ်၏။


ကျွန်ုပ်တို့​သည် သားတော်​အားဖြင့် အသက်ရှင်ကြ​စေရန် ဘုရားသခင်​သည် မိမိ​၏​တစ်ပါးတည်းသော​သားတော်​ကို ဤ​လောက​သို့ စေလွှတ်တော်မူ၏။ ဤ​နည်း​ဖြင့် ဘုရားသခင်​သည် မိမိ​၏​ချစ်ခြင်းမေတ္တာ​ကို ကျွန်ုပ်တို့​အား ဖော်ပြတော်မူ၏။


ဘုရားသခင်​၏​သားတော်​ကို ယုံကြည်သောသူ​တိုင်း​သည် ဤ​သက်သေခံချက် မှန်ကန်ကြောင်း​ကို လက်ခံ၏။ ဘုရားသခင်​ကို မယုံကြည်သောသူ​မှာမူ ဘုရားသခင်​အား “လိမ်လည်သော​အရှင်” ဟု စွပ်စွဲရာ​ရောက်၏။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်​သည် မိမိ​သားတော်​အကြောင်း သက်သေခံတော်မူသည်​ကို ထို​သူ​သည် မယုံကြည်​သောကြောင့်​ဖြစ်၏။


ထို​သက်သေခံချက်​မှာ “ဘုရားသခင်​သည် ကျွန်ုပ်တို့​အား ထာဝရ​အသက်​ကို ပေးတော်မူ​ပြီး ထို​အသက်​သည် သားတော်​၌ ရှိသည်” ဟူ၍ ဖြစ်၏။


ဘုရားသခင်​၏​သားတော်​သည် ကြွလာ​၍ စစ်မှန်သော​ဘုရားသခင်​ကို သိ​နိုင်သည့်​ဉာဏ်​ကို ကျွန်ုပ်တို့​အား ပေးတော်မူကြောင်း​ကိုလည်း ကျွန်ုပ်တို့​သိကြ၏။ ထို့ကြောင့် ကျွန်ုပ်တို့​သည် စစ်မှန်သော​ဘုရားသခင်​နှင့်​လည်းကောင်း၊ သားတော်​ယေရှု​ခရစ်တော်​နှင့်​လည်းကောင်း တပေါင်းတစည်းတည်း​ဖြစ်ကြ၏။ ထို​အရှင်​သည် စစ်မှန်သော​ဘုရားသခင်​ဖြစ်တော်မူ​ပြီး ထာဝရ​အသက်​လည်း ဖြစ်တော်မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ