သို့ဖြစ်၍ အသင်းတော်၌ ငြိမ်းချမ်းစွာ နေစေရန်နှင့် အပြန်အလှန်ဆောက်တည်ဖွယ်ဖြစ်စေရန် ကြိုးပမ်းကြပါစို့။
၁ တိ 6:11 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် တိမောသေ… သင်သည် ဘုရားသခင်၏လူဖြစ်သောကြောင့် ထိုအရာတို့ကို ရှောင်ကြဉ်လော့။ ဖြောင့်မတ်ခြင်း၊ ဘုရားတရားကိုင်းရှိုင်းခြင်း၊ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ သည်းခံခြင်း၊ နူးညံ့သိမ်မွေ့ခြင်းတို့ ရှိနိုင်ရန် အမြဲကြိုးစားလော့။ Common Language Bible အို ဘုရားသခင်၏အစေခံ၊ သင်မူကား ထိုမကောင်းမှုအပေါင်းကိုရှောင်ကြဉ်လော့။ ဖြောင့်မတ်ခြင်း၊ ဘုရားဝတ်၌မွေ့လျော်ခြင်း၊ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ သည်းခံခြင်း၊ နူးညံ့ သိမ်မွေ့ခြင်းစသည့်ပါရမီများနှင့် ပြည့်ဝစေရန်ကြိုးစားအားထုတ်လော့။- Garrad Bible သင် မူ ကား အို ဘု ရား သ ခင့် လူ ယုံ တော်၊ ထို အ ရာ များ ကို ကြဉ် ရှောင်၍ ဖြောင့် မတ် ခြင်း၊ ကြည် ညို ခြင်း၊ ယုံ ကြည် ခြင်း၊ ချစ် ခြင်း၊ တည် ကြည် ခြင်း၊ သိမ် မွေ့ ခြင်း များ ကို လိုက် ရှာ လော့။။ Judson Bible သို့ဖြစ်၍၊ အို ဘုရားသခင်၏လူ၊ သင်သည် ထိုအပြစ်များကို ကြဉ်ရှောင်လော့။ ဖြောင့်မတ်စွာ ကျင့်ခြင်း၊ ဘုရားဝတ်၌ မွေ့လျော်ခြင်း၊ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ သည်းခံခြင်း၊ နူးညံ့သိမ်မွေ့ခြင်းတို့ကို မှီအောင်လိုက်လော့။- မြန်မာ့စံမီသမ္မာကျမ်း အို ဘုရားသခင်၏လူ၊ သင်မူကား ထိုအရာများကိုရှောင်၍ ဖြောင့်မတ်ခြင်း၊ ဘုရားဝတ်၌မွေ့လျော်ခြင်း၊ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ သည်းခံခြင်း၊ နူးညံ့သိမ်မွေ့ခြင်းတို့ကို လက်ကိုင်ပြုလော့။ |
သို့ဖြစ်၍ အသင်းတော်၌ ငြိမ်းချမ်းစွာ နေစေရန်နှင့် အပြန်အလှန်ဆောက်တည်ဖွယ်ဖြစ်စေရန် ကြိုးပမ်းကြပါစို့။
ချစ်ခြင်းမေတ္တာတရားကို ကြိုးစား၍ ကျင့်သုံးကြလော့။ ဝိညာဉ်ဆုကျေးဇူးများကိုလည်း အလွန်လိုချင်သောစိတ် ရှိကြလော့။ အထူးသဖြင့် ပရောဖက်ပြုဟောပြောနိုင်သောဆုကျေးဇူးကို လိုချင်သောစိတ် ရှိကြလော့။
တရားနှင့်မညီသော မေထုန်ပြုခြင်းကို ရှောင်ကြဉ်ကြလော့။ လူကျူးလွန်တတ်သော အခြားအပြစ်အားလုံးသည် ကိုယ်ခန္ဓာ၏ ပြင်ပတွင် ဖြစ်သော်လည်း တဏှာလွန်ကြူးသောအပြစ်မှာမူ မိမိကိုယ်ခန္ဓာကို ပြစ်မှားခြင်းဖြစ်၏။
ကျွန်ုပ်တို့၏သခင်ဘုရားသည် အလွန်ကြွယ်ဝသောကျေးဇူးတော်ကို ကျွန်ုပ်အပေါ် သက်ရောက်စေတော်မူ၏။ ကျွန်ုပ်သည် ယေရှုခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်လာသောကြောင့် ယုံကြည်ခြင်းနှင့် ချစ်ခြင်းမေတ္တာကိုလည်း ကိုယ်တော်ထံမှ ရရှိ၏။
သင်၏အသက်ငယ်ရွယ်သည်ကို မည်သူမျှ မထီမဲ့မြင်မပြုစေနှင့်။ ပြောဆိုခြင်း၊ ပြုမူခြင်း၊ ချစ်ခြင်း၊ ယုံကြည်ခြင်း၊ စင်ကြယ်ခြင်းတို့တွင် ယုံကြည်သူတို့အတွက် စံနမူနာဖြစ်စေလော့။
သူသည် မိမိသားသမီးများကို ပြုစုပျိုးထောင်ခြင်း၊ ဧည့်ဝတ်ကို ကျေပွန်စွာ ပြုခြင်း၊ ယုံကြည်သူများ၏ခြေကို ဆေးခြင်း၊ ဆင်းရဲဒုက္ခကြုံတွေ့နေသူများကို ကူညီခြင်း၊ အမျိုးမျိုးသောကောင်းမှုများကို အားထုတ်လုပ်ဆောင်ခြင်း စသည့် ကောင်းမှုကုသိုလ်များကြောင့် နာမည်ကောင်းရသူဖြစ်ရမည်။
တိမောသေ… သင့်ထံ အပ်နှင်းထားသည့်အရာကို စောင့်ရှောက်လော့။ ဘုရားတရားမဲ့သည့် အကျိုးမရှိသောစကားများနှင့် အသိပညာဟု လွဲမှားစွာ ခေါ်ဝေါ်သည့် ဆန့်ကျင်ဘက်အယူအဆများကို ရှောင်ကြဉ်လော့။
တစ်စုံတစ်ယောက်သည် အထက်ပါမကောင်းသောအကျင့်တို့ကို ဖယ်ရှားလျှင် သူသည် အိမ်ရှင်အတွက် သန့်ရှင်း၍ အသုံးဝင်သည့် ဂုဏ်သရေရှိအသုံးအဆောင်၊ ကောင်းသောအရာများအတွက် ပြင်ဆင်သောအသုံးအဆောင် ဖြစ်လာမည်။
ထို့ကြောင့် သင်သည် လူငယ်တို့၏တပ်မက်စိတ်ကို ရှောင်ကြဉ်၍ ဖြူစင်သောနှလုံးသားဖြင့် ဘုရားသခင်ကို ဝတ်ပြုဆုတောင်းသောသူတို့နှင့်အတူ ဖြောင့်မတ်ခြင်း၊ သစ္စာရှိခြင်း၊ ချစ်ခြင်းနှင့် ငြိမ်းချမ်းခြင်းတို့ ရှိရန် အမြဲကြိုးစားလော့။
သို့သော် သင်သည် ကျွန်ုပ်၏သွန်သင်ခြင်း၊ ကျင့်ကြံနေထိုင်ခြင်း၊ ကြံစည်ခြင်း၊ ယုံကြည်ခြင်း၊ စိတ်ရှည်ခြင်း၊ ချစ်ခြင်း၊ သည်းခံခြင်းတို့ကို သိ၏။
ဤသည်မှာ ဘုရားသခင်၏လူတို့သည် ကောင်းမှုအမျိုးမျိုးအတွက် အသင့်ပြင်ဆင်ခံရလျက် အရည်အချင်းပြည့်ဝသူ ဖြစ်လာရန်ပင် ဖြစ်၏။
လူတိုင်းနှင့် သဟဇာတဖြစ်ရန်၊ သန့်ရှင်းသောဘဝနှင့်နေထိုင်ရန် အစွမ်းကုန်ကြိုးစားလော့။ မသန့်ရှင်းသောသူတို့သည် ထာဝရဘုရားကို ဖူးမြင်ရမည်မဟုတ်။
မကောင်းမှုကို စွန့်၍ ကောင်းမှုကို ပြုရမည်။ သူတစ်ပါးနှင့် ငြိမ်းချမ်းစွာ နေထိုင်ရန် တောင့်တ၍ ငြိမ်းချမ်းခြင်းအတွက် ကြိုးစားအားထုတ်ရမည်။