Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ တိ 1:14 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

14 ကျွန်ုပ်တို့​၏​သခင်ဘုရား​သည် အလွန်​ကြွယ်ဝသော​ကျေးဇူးတော်​ကို ကျွန်ုပ်​အပေါ် သက်ရောက်စေတော်မူ၏။ ကျွန်ုပ်​သည် ယေရှု​ခရစ်တော်​နှင့် တပေါင်းတစည်းတည်း​ဖြစ်လာ​သောကြောင့် ယုံကြည်ခြင်း​နှင့် ချစ်ခြင်းမေတ္တာ​ကိုလည်း ကိုယ်တော်​ထံမှ ရရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

14 ငါ​တို့​သ​ခင်​ဘု​ရား​သည်​မိ​မိ​၏​ကြွယ်​ဝ​သော ကျေး​ဇူး​တော်​ကို​ငါ့​အ​ပေါ်​သို့​သွန်း​လောင်း တော်​မူ​၍ ခ​ရစ်​တော်​ယေ​ရှု​နှင့်​တစ်​လုံး​တစ်​ဝ တည်း​ဖြစ်​ခြင်း​အား​ဖြင့်​ငါ​တို့​ရ​ရှိ​သည့် ယုံ​ကြည်​ခြင်း​နှင့်​ချစ်​ခြင်း​ကို​ငါ့​အား ပေး​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

14 ခ ရစ် တော် ယေ ရှု အား ယုံ ကြည် ခြင်း၊ ချစ် ခြင်း နှင့် တ ကွ ငါ တို့ အ ရှင့် ကျေး ဇူး တော် သည် အ လွန် ကြွယ် ဝ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

14 ငါ​တို့​သ​ခင်​ဘု​ရား၏ ကျေး​ဇူး​တော်​သည်​လည်း ယေ​ရှု​ခ​ရစ်၌ ယုံ​ကြည်​ခြင်း၊ ချစ်​ခြင်း​နှင့်​တ​ကွ၊ အ​တိုင်း​ထက်​အ​လွန် ကြွယ်​ဝ​ပြီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

14 ငါ​တို့​သခင်​ဘုရား​၏​ကျေးဇူး​တော်​သည် ယေရှု​ခရစ်တော်​အပေါ်​၌​ရှိ​သော ယုံကြည်​ခြင်း​နှင့်​ချစ်​ခြင်း​မေတ္တာ​တို့​နှင့်အတူ အလွန်​ကြွယ်ဝ​များပြား​လှ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ တိ 1:14
25 ပူးပေါင်းရင်းမြစ်များ  

ညနေ​ငါးနာရီ​ခန့်​တွင် အလုပ်ဝင်သည့်​သူများ ရောက်လာ​သော် စီမံခန့်ခွဲရေးမှူး​သည် ထို​သူတို့​အား ငွေဒင်္ဂါး​တစ်ပြား​စီ ပေးလေ၏။


ကျွန်ုပ်တို့​သည် ထို​သူတို့​နည်းတူ သခင်​ယေရှု​၏​ကျေးဇူးတော်​အားဖြင့် ကယ်တင်ခြင်း​ခံရသည်​ဟု ယုံကြည်ကြ၏” ဟူ၍ ပြောဆိုလေ၏။


ငြိမ်းချမ်းခြင်း​အရှင် ဘုရားသခင်​သည် မကြာမီ စာတန်​ကို သင်တို့​၏ ခြေ​အောက်​တွင် ကြေမွစေတော်မူ​လိမ့်မည်။ ကျွန်ုပ်တို့​သခင်​ယေရှု​ခရစ်တော်​၏ ကျေးဇူးတော်​သည် သင်တို့​နှင့်အတူ ရှိပါစေသော။


သို့ရာတွင် ဘုရားသခင်​၏ ကျေးဇူးတော်​ကြောင့် ကျွန်ုပ်​သည် တမန်တော်​ဖြစ်​လာခဲ့၏။ ကျွန်ုပ်​အပေါ် ထားရှိသော ကိုယ်တော်​၏ ကျေးဇူးတော်​သည်လည်း အချည်းနှီး​မဖြစ်ဘဲ ကျွန်ုပ်​သည် အခြား​တမန်တော်များ​ထက် သာ​၍ လုပ်ဆောင်ရ၏။ ထိုသို့ လုပ်ဆောင်နိုင်ခြင်း​မှာ ကျွန်ုပ်​ကြောင့်​မဟုတ်ဘဲ ကျွန်ုပ်​နှင့်အတူ လုပ်ဆောင်သော​ဘုရားသခင်​၏ ကျေးဇူးတော်​ကြောင့်သာ​ဖြစ်၏။


ဘုရားသခင် ပေးသနားတော်မူသော ကျေးဇူးတော်​အားဖြင့် ကျွန်ုပ်​သည် ဗိသုကာ​ပညာရှင်​ကဲ့သို့ အုတ်မြစ်​ကို ချထား၏။ ယခု​တွင် အခြားသူ​သည် ထို​အုတ်မြစ်​ပေါ်​၌ တည်ဆောက်နေပြီ​ဖြစ်၏။ သို့ရာတွင် ထို​အုတ်မြစ်​ပေါ်၌ တည်ဆောက်သော​သူ​တိုင်း အလွန် ဂရုစိုက်​ရမည်​ဖြစ်၏။


သခင်​ယေရှု​ခရစ်တော်​၏ ကျေးဇူးတော်၊ ဘုရားသခင်​၏ မေတ္တာတော်​နှင့် သန့်ရှင်းသော​ဝိညာဉ်တော်​၏ မိတ်သဟာယဖွဲ့ခြင်း​တို့​သည် သင်တို့​အားလုံး​နှင့်အတူ ရှိပါစေသော။ ကောရိန္သု​ဩဝါဒစာ​ဒုတိယစောင် ပြီးပါပြီ။


ဤ​အခြင်းအရာ​အားလုံး​သည် သင်တို့​အကျိုး​အတွက်​ဖြစ်၏။ ဤသည်​မှာ ဘုရားသခင်​၏ ကျေးဇူးတော်​ကို ခံစားရသောသူ ပို၍​များလာသည်​နှင့်အမျှ ဘုရားသခင်​၏ ဘုန်းတော်​ထင်ရှား​ရန် ကျေးဇူးတော်​ချီးမွမ်းခြင်း​သည်လည်း ပို၍ များလာ​ရန်​ဖြစ်၏။


ကျွန်ုပ်တို့​သခင်​ယေရှု​ခရစ်တော်​၏ ကျေးဇူးတော်​ကို သင်တို့​သိကြ၏။ ကိုယ်တော်​သည် ချမ်းသာ​သော်လည်း သင်တို့​၏ အကျိုး​ကို​ထောက်​၍ ဆင်းရဲ​ခံတော်မူ၏။ ထိုသို့​ဆင်းရဲ​ခံတော်မူခြင်း​မှာ သင်တို့ ချမ်းသာလာ​စေရန် ဖြစ်၏။


ယခင်​က ကျွန်ုပ်​သည် ဂျူးဘာသာဝင်​အဖြစ် နေထိုင်​အသက်ရှင်ခဲ့​စဉ်က ဘုရားသခင်​၏ အသင်းတော်​ကို ပြင်းထန်​စွာ ညှဉ်းဆဲ​ပြီး ဖျက်ဆီး​ရန် ကြိုးစားခဲ့သည်​ကို သင်တို့​ကြားသိကြ၏။


သို့သော် ကျွန်ုပ်​တို့​သည် နေ့​၏​သားသမီးများ​ဖြစ်သောကြောင့် တည်ကြည်​လျက် သတိ​ရှိကြစို့။ ယုံကြည်ခြင်း​နှင့် ချစ်ခြင်း​ကို ရင်အုပ်ကာ​ချပ်ဝတ်​အဖြစ် ဝတ်ဆင်​လျက် ကယ်တင်ခံရမည်​ဟူသော မျှော်လင့်ခြင်း​ကို သံခမောက်​အဖြစ် ဆောင်းကြစို့။


သို့သော်လည်း အမျိုးသမီးများ​သည် မိမိတို့​ဣန္ဒြေ​နှင့်တကွ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ သန့်ရှင်းခြင်းတို့​ကို ဆက်လက်​ထိန်းသိမ်းမည်​ဆိုလျှင် သားဖွားရသော​အမှု​ဖြင့် ကယ်တင်ခြင်း​ခံရ​လိမ့်မည်။


သင်​၏​အသက်​ငယ်ရွယ်သည်​ကို မည်သူမျှ မထီမဲ့မြင်​မပြုစေနှင့်။ ပြောဆိုခြင်း၊ ပြုမူခြင်း၊ ချစ်ခြင်း၊ ယုံကြည်ခြင်း၊ စင်ကြယ်ခြင်း​တို့​တွင် ယုံကြည်သူတို့​အတွက် စံနမူနာ​ဖြစ်စေလော့။


သို့သော် တိမောသေ… သင်​သည် ဘုရားသခင်​၏​လူ​ဖြစ်​သောကြောင့် ထို​အရာတို့​ကို ရှောင်ကြဉ်လော့။ ဖြောင့်မတ်ခြင်း၊ ဘုရားတရား​ကိုင်းရှိုင်းခြင်း၊ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ သည်းခံခြင်း၊ နူးညံ့သိမ်မွေ့ခြင်းတို့ ရှိနိုင်​ရန် အမြဲ​ကြိုးစားလော့။


ကျွန်ုပ်​ထံမှ ကြားရသည့် မှန်ကန်သော​တရားစကား​ကို စံနမူနာ​အဖြစ် ခံယူ​၍ ခရစ်တော်​ကို ဆက်လက်​ယုံကြည်​လျက် လူတို့​ကို ချစ်လော့။ ဤသို့ သင်​လုပ်ဆောင်နိုင်သည်​မှာ ယေရှု​ခရစ်တော်​နှင့် တပေါင်းတစည်းတည်း​ရှိသောကြောင့်​ဖြစ်၏။


ထို့ကြောင့် သင်​သည် လူငယ်တို့​၏​တပ်မက်စိတ်​ကို ရှောင်ကြဉ်​၍ ဖြူစင်သော​နှလုံးသား​ဖြင့် ဘုရားသခင်​ကို ဝတ်ပြု​ဆုတောင်းသော​သူတို့​နှင့်အတူ ဖြောင့်မတ်ခြင်း၊ သစ္စာရှိခြင်း၊ ချစ်ခြင်း​နှင့် ငြိမ်းချမ်းခြင်း​တို့ ရှိ​ရန် အမြဲ​ကြိုးစားလော့။


အသက်ကြီးသော​အမျိုးသားတို့​အား ကိုယ်ကျင့်တရား​စောင့်ထိန်းသူ၊ သိက္ခာ​ရှိသူ၊ မိမိကိုယ်ကိုယ်​ချုပ်တည်းသူ၊ စစ်မှန်သော​ယုံကြည်မှု ချစ်ခြင်းမေတ္တာ သည်းခံမှုတို့​နှင့်​ပြည့်ဝသူ ဖြစ်​ရန် အကြံပေးလော့။


ကျွန်ုပ်တို့ သခင်​ယေရှု​ခရစ်တော်​၏​ခမည်းတော်​ဘုရားသခင်​ကို ချီးမွမ်းကြလော့။ ဘုရားသခင်​သည် မိမိ​၏​ကြီးမြတ်သော​ကရုဏာတော်​ကြောင့် သခင်​ယေရှု​ခရစ်တော်​ကို သေခြင်း​မှ ရှင်ပြန်​ထမြောက်စေတော်မူခြင်း​အားဖြင့် ကျွန်ုပ်တို့​ကို အသစ်​တစ်ဖန်​မွေးဖွား​စေပြီး ခိုင်မြဲသော​မျှော်လင့်ချက်​ရှိစေတော်မူ၏။


ချစ်ခြင်းမေတ္တာ​ဟူသည်​မှာ ဘုရားသခင်​အပေါ် ထားသော ကျွန်ုပ်တို့​၏ ချစ်ခြင်းမေတ္တာ​ကို မဆိုလို။ ကျွန်ုပ်တို့​၏ အပြစ်​အတွက် အပြစ်ဖြေရာ​ယဇ်​အဖြစ် သားတော်​ကို စေလွှတ်တော်မူ​၍ ကျွန်ုပ်တို့​အပေါ်​ထားသော ဘုရားသခင်​၏ ချစ်ခြင်းမေတ္တာ​ကို ဆိုလို၏။


သခင်​ယေရှု​၏ ကျေးဇူးတော်​သည် ယုံကြည်သူများ​အပေါ် သက်ရောက်ပါစေသော။ အာမင်။ ဗျာဒိတ်ကျမ်း ပြီးပါပြီ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ