Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 14:1 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

1 ချစ်ခြင်း​မေတ္တာ​တရား​ကို ကြိုးစား​၍ ကျင့်သုံးကြလော့။ ဝိညာဉ်​ဆုကျေးဇူးများ​ကိုလည်း အလွန်​လိုချင်သော​စိတ် ရှိကြလော့။ အထူး​သဖြင့် ပရောဖက်ပြု​ဟောပြော​နိုင်သော​ဆုကျေးဇူး​ကို လိုချင်သော​စိတ် ရှိကြလော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

1 ထို့​ကြောင့်​သင်​တို့​သည်​မေတ္တာ​တ​ရား​ကို​ကျင့်​သုံး ရန် ကြိုး​ပမ်း​အား​ထုတ်​ကြ​လော့။ ဝိ​ညာဉ်​ဆု​ကျေး​ဇူး များ​ကို​တောင့်​တ​လို​ချင်​ကြ​လော့။ အ​ထူး​သ​ဖြင့် နှုတ်​က​ပတ်​တ​ရား​တော်​ဟော​ပြော​နိုင်​သော​ဆု ကျေး​ဇူး​ကို​လို​လား​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

1 ချစ် ခြင်း မေ တ္တာ ကို လိုက် ရှာ ကြ လော့။ ဝိ ညာဉ် တော့် ဆု ကျေး ဇူး များ ကို စွဲ လမ်း ရာ တွင် လည်း ဟော ပြော ခွင့် ကို အ ထူး စွဲ လမ်း ကြ လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

1 ချစ်​ခြင်း​မေ​တ္တာ​ကို မီ​အောင်​လိုက်​ကြ​လော့။ ဝိ​ညာဉ်​ဆု​ကျေး​ဇူး​တို့​ကို အ​လွန်​အ​လို​ရှိ​သည်​တွင်၊ ပ​ရော​ဖက်​ပြု​ရ​သော အ​ခွင့်​ကို သာ၍ လို​ချင်​သော​စိတ် ရှိ​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

1 ချစ်​ခြင်း​မေတ္တာ​ကို လက်ကိုင်ပြု​ကြ​လော့။ ထို့ပြင် ဝိညာဉ်​ဆု​ကျေးဇူး​များ၊ အထူးသဖြင့် ပရောဖက်ပြု​ဟောပြော​နိုင်​သော​ဆုကျေးဇူး​ကို အလွန်​လိုချင်​သော​စိတ်​ရှိ​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 14:1
29 ပူးပေါင်းရင်းမြစ်များ  

သို့ဖြစ်၍ ဘုရားသခင် ပေးတော်မူသော ကျေးဇူးတော်​အတိုင်း ကျွန်ုပ်တို့​သည် ကွဲပြား​ခြားနားသော ဆုကျေးဇူး​အသီးသီး​ကို လက်ခံရရှိကြ၏။ ကျွန်ုပ်တို့​လက်ခံရရှိသော ဆုကျေးဇူး​သည် ပရောဖက်ပြု​ဟောပြောခြင်း​ဖြစ်လျှင် ယုံကြည်ခြင်း​၏ ပမာဏ​အတိုင်း ဟောပြောကြရမည်။


သို့ဖြစ်၍ အသင်းတော်​၌ ငြိမ်းချမ်း​စွာ နေ​စေရန်​နှင့် အပြန်အလှန်​ဆောက်တည်ဖွယ်​ဖြစ်​စေရန် ကြိုးပမ်းကြပါစို့။


ထို​အကြောင်းအရာများ​မှာ မည်သို့ ဆိုလိုသနည်း။ လူမျိုးခြားတို့​မှာ ဘုရားသခင်​သတ်မှတ်တော်မူသည့် ဖြောင့်မတ်ခြင်း​စံနှုန်းတို့​ကို မီအောင် မလိုက်နိုင်​သော်လည်း ဖြောင့်မတ်သည်​ဟု သတ်မှတ်ခြင်း​ခံရကြ၏။ ထိုသို့ သတ်မှတ်ခံရခြင်း​မှာ ယုံကြည်ခြင်း​အားဖြင့်​သာ ဖြစ်၏။


ညီအစ်ကို​မောင်နှမတို့… ဝိညာဉ်​ဆုကျေးဇူး​နှင့် ပတ်သက်သော​အကြောင်းအရာများ​ကို သင်တို့ မသိ​နားမလည်ဘဲ​မနေစေလိုပါ။


သို့ဖြစ်၍ သင်တို့​သည် ပို​၍ မြတ်သော ဆုကျေးဇူးများ​ကို အလွန်​လိုချင်သော​စိတ် ရှိကြလော့။ ယခု​တွင်မူ ကျွန်ုပ်​သည် သင်တို့​အား အမြတ်ဆုံးသော​လမ်း​ကို ပြဦးမည်။


ယခု​တွင် ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ ချစ်ခြင်း​မေတ္တာ ဤ​သုံးပါးတို့​သည် တည်​လျက်​ရှိ၏။ ဤ​သုံးပါး​တို့​အနက် ချစ်ခြင်း​မေတ္တာ​သည် အမြတ်ဆုံး​ဖြစ်၏။


ကျွန်ုပ်​သည် ပရောဖက်ပြု​ဟောပြော​နိုင်စွမ်း​ရှိသည်​ဖြစ်စေ၊ လျှို့ဝှက်​နက်နဲသော​အရာ​ရှိသမျှ​နှင့် အသိပညာ​ရှိသမျှ​ကို နားလည်သည်​ဖြစ်စေ၊ တောင်များ​ကို ရွှေ့နိုင်သော​ယုံကြည်ခြင်း​ရှိသည်​ဖြစ်စေ မေတ္တာ​မရှိ​လျှင် အချည်းနှီး​ဖြစ်၏။


သို့ဖြစ်၍ အခြား​ဘာသာစကား​သည် ယုံကြည်သူများ​အတွက် နိမိတ်​လက္ခဏာ​မဟုတ်ဘဲ မယုံကြည်သူများ​အတွက်​သာ ဖြစ်၏။ ပရောဖက်ပြု​ဟောပြောခြင်း​မှာမူ မယုံကြည်သူများ​အတွက် မဟုတ်ဘဲ ယုံကြည်သူများ​အတွက်​ဖြစ်၏။


တစ်စုံတစ်ယောက်​သည် မိမိကိုယ်ကိုယ် ပရောဖက်​ဖြစ်သည် သို့မဟုတ် ဝိညာဉ်​ဆုကျေးဇူး​ရရှိသူ​ဖြစ်သည်​ဟု ယူဆ​လျှင် သင်တို့​ထံသို့ ကျွန်ုပ်​ရေးလိုက်သော အကြောင်းအရာတို့​သည် သခင်ဘုရား​၏ ပညတ်တော်​ဖြစ်ကြောင်း သိမှတ်​ရမည်။


ထို့ကြောင့် ချစ်သော ညီအစ်ကို​မောင်နှမတို့… ပရောဖက်ပြု​ဟောပြောနိုင်စွမ်း​ကို အလွန်​လိုချင်သော​စိတ် ရှိကြလော့။ အခြား​ဘာသာစကား​ပြောခြင်း​ကိုလည်း မတားမြစ်ကြနှင့်။


ပြုလေ​သမျှသော​အရာတို့​ကို မေတ္တာ​ရှေ့ထား​၍ ပြုကြလော့။


ကျွန်ုပ်တို့​ကို ခရစ်တော်​နှင့်​တပေါင်းတစည်းတည်း ဖြစ်စေခြင်း​အားဖြင့် ကောင်းကင်​အရပ်​ရှိ ဝိညာဉ်​ရေးရာ ကောင်းချီး​မင်္ဂလာများ​ကို ပေးသနားတော်မူသော ကျွန်ုပ်တို့​သခင်​ယေရှု​ခရစ်တော်​၏ အဖ​ဘုရားသခင်​သည် မင်္ဂလာ​ရှိပါစေသော။


ပရောဖက်ပြု​ဟောပြောခြင်း​ကို မထီမဲ့မြင်​မပြုကြနှင့်။


ပရောဖက်ပြု​ဟောပြောခြင်း​ကြောင့် သင်းအုပ်တို့​သည် သင့်​အပေါ် လက်တင်​မင်္ဂလာပေး​သောအခါ သင်​ရရှိသော ဆုကျေးဇူး​ကို လျစ်လျူမရှုနှင့်။


သူ​သည် မိမိ​သားသမီးများ​ကို ပြုစု​ပျိုးထောင်ခြင်း၊ ဧည့်ဝတ်​ကို ကျေပွန်​စွာ ပြုခြင်း၊ ယုံကြည်သူများ​၏​ခြေ​ကို ဆေးခြင်း၊ ဆင်းရဲဒုက္ခ​ကြုံတွေ့နေသူများ​ကို ကူညီခြင်း၊ အမျိုးမျိုးသော​ကောင်းမှုများ​ကို အားထုတ်​လုပ်ဆောင်ခြင်း စသည့် ကောင်းမှု​ကုသိုလ်များ​ကြောင့် နာမည်ကောင်းရသူ​ဖြစ်ရမည်။


သို့သော် တိမောသေ… သင်​သည် ဘုရားသခင်​၏​လူ​ဖြစ်​သောကြောင့် ထို​အရာတို့​ကို ရှောင်ကြဉ်လော့။ ဖြောင့်မတ်ခြင်း၊ ဘုရားတရား​ကိုင်းရှိုင်းခြင်း၊ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ သည်းခံခြင်း၊ နူးညံ့သိမ်မွေ့ခြင်းတို့ ရှိနိုင်​ရန် အမြဲ​ကြိုးစားလော့။


ထို့ကြောင့် သင်​သည် လူငယ်တို့​၏​တပ်မက်စိတ်​ကို ရှောင်ကြဉ်​၍ ဖြူစင်သော​နှလုံးသား​ဖြင့် ဘုရားသခင်​ကို ဝတ်ပြု​ဆုတောင်းသော​သူတို့​နှင့်အတူ ဖြောင့်မတ်ခြင်း၊ သစ္စာရှိခြင်း၊ ချစ်ခြင်း​နှင့် ငြိမ်းချမ်းခြင်း​တို့ ရှိ​ရန် အမြဲ​ကြိုးစားလော့။


လူတိုင်း​နှင့် သဟဇာတ​ဖြစ်ရန်၊ သန့်ရှင်းသော​ဘဝ​နှင့်​နေထိုင်​ရန် အစွမ်းကုန်​ကြိုးစားလော့။ မသန့်ရှင်းသော​သူတို့​သည် ထာဝရဘုရား​ကို ဖူးမြင်​ရမည်​မဟုတ်။


ဘုရားတရား​ကိုင်းရှိုင်းခြင်း​၌ ညီအစ်ကို​မောင်နှမ​ချစ်ခြင်း​ကို​လည်းကောင်း၊ ညီအစ်ကို​မောင်နှမ​ချစ်ခြင်း​၌ ချစ်ခြင်းမေတ္တာ​ကို​လည်းကောင်း အသီးသီး​ထပ်မံ​ဖြည့်စွက်​ရန် ကြိုးစား​အားထုတ်ကြလော့။


ချစ်ခင်ရသောသူ… မကောင်းမှု​ကို အတု​မယူဘဲ ကောင်းမှု​ကိုသာ အတုယူလော့။ ကောင်းမှု​ကို ပြုသောသူ​သည် ဘုရားသခင်​၏​သားသမီး ဖြစ်၏။ မကောင်းမှု​ကို ပြုသောသူ​သည် ဘုရားသခင်​ကို မမြင်ဖူး။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ