Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ တိ 2:21 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

21 တစ်စုံတစ်ယောက်​သည် အထက်ပါ​မကောင်းသော​အကျင့်​တို့ကို ဖယ်ရှား​လျှင် သူ​သည် အိမ်ရှင်​အတွက် သန့်ရှင်း​၍ အသုံးဝင်သည့် ဂုဏ်သရေရှိ​အသုံးအဆောင်၊ ကောင်းသော​အရာများ​အတွက် ပြင်ဆင်သော​အသုံးအဆောင် ဖြစ်လာမည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

21 ဖော်​ပြ​ခဲ့​သည့်​မ​ကောင်း​မှု​များ​ကို​ရှောင်​ကြဉ် သူ​သည် မိ​မိ​သ​ခင်​အ​တွက်​ဆက်​ကပ်​ထား​၍ အ​သုံး​ဝင်​သူ၊ ကောင်း​မြတ်​သည့်​အ​မှု​အ​ရာ မှန်​သ​မျှ​ကို​လုပ်​ဆောင်​ရန်​အ​သင့်​ရှိ​သူ​ဖြစ် သ​ဖြင့်​အ​ထူး​အ​သုံး​ပြု​ခြင်း​ကို​ခံ​ရ​လိမ့် မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

21 ယုတ် သော အ သုံး အ ဆောင် များ နှင့် ကိုယ် ကို ကင်း စေ သူ သည် ကောင်း ရာ အ မျိုး မျိုး အ ဖို့ အ သင့် ရှိ လျက် အိမ့် ရှင် အ သုံး ပြု ထိုက် ရန် သန့် ရှင်း သော အ သုံး အ ဆောင် မြတ် ဖြစ် လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

21 သို့​ဖြစ်၍၊ အ​ထက်​ဆို​ခဲ့​ပြီး​သော​အ​ကျင့်​တို့​ကို ပယ်၍၊ မိ​မိ​ကို စင်​ကြယ်​စေ​သော​သူ မည်​သည်​ကား၊ အ​သ​ရေ​ရှိ​သော​တန်​ဆာ၊ သန့်​ရှင်း၍ အိမ်​ရှင်​သုံး​စ​ရာ ကောင်း​သော​တန်​ဆာ၊ ကောင်း​သော​အ​မှု​များ​အ​ဖို့ အ​လို​ငှာ ပြင်​ဆင်​သော​တန်​ဆာ ဖြစ်​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

21 သို့ဖြစ်၍ မည်သူမဆို အထက်​ဖော်ပြ​ပါ မကောင်း​သော​အရာ​များ​မှ မိမိကိုယ်ကို​စင်ကြယ်​စေ​လျှင် သူ​သည် အသရေ​ရှိ​သော​အရာ​အတွက် သုံး​ရန်​အိုးခွက်​တည်းဟူသော သန့်ရှင်း​စေ​ခြင်း​ခံရ​၍ သခင်​အတွက် အသုံးဝင်​သော​အိုးခွက်၊ ကောင်း​သော​အမှု​အားလုံး​အတွက် ပြင်ဆင်​ခြင်း​ခံရ​သော​အိုးခွက်​ဖြစ်​ရ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ တိ 2:21
21 ပူးပေါင်းရင်းမြစ်များ  

သို့သော် သခင်ဘုရား​က “သွားလော့။ ထို​သူ​သည် လူမျိုးခြားများ၊ ဘုရင်များ​နှင့် အစ္စရေးလူမျိုးတို့​ရှေ့​တွင် ငါ့​အကြောင်း​ကို ပြောကြား​ရန် ငါ​ရွေးကောက်ထားသော တန်ဆာပလာ​ဖြစ်၏။


သင်တို့​သည် တဆေး​မပါသော​မုန့်ညက်​ဖြစ်ကြသည်​နှင့်အညီ တဆေးဟောင်း​ကို ဖယ်ရှားကြလော့။ သို့မှသာ သင်တို့​သည် တဆေး​မပါသော မုန့်ညက်သစ်​ကဲ့သို့ ဖြစ်ကြ​လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့​၏ ပသခါ​သိုးသငယ်​ဟူသော ခရစ်တော်​ကို ကျွန်ုပ်တို့​အတွက် ပူဇော်ပြီး​ဖြစ်​သောကြောင့်​ပင်။


ချစ်ရသော​သူတို့… ကျွန်ုပ်တို့​၌ ဘုရားသခင်​ပေးတော်မူသော အထက်ပါ​ကတိတော်များ​ရှိ​သောကြောင့် ကိုယ်ခန္ဓာ​နှင့် စိတ်ဝိညာဉ်​ကို ညစ်ညမ်းစေသော​အရာတို့​မှ မိမိကိုယ်ကိုယ် စင်ကြယ်စေ​၍ ဘုရားသခင်​ကို ရိုသေသော​အားဖြင့် လုံးဝ​သန့်ရှင်းစေကြစို့။


ဘုရားသခင်​သည် သင်တို့​အတွက် ကျေးဇူးတော်​တိုင်း​ကို ကြွယ်ဝ​စွာ ပေးသနား​ရန် တတ်နိုင်တော်မူ၏။ ဤ​သည်​မှာ လိုအပ်သော​အရာများ​ကို အစဉ်​ရရှိခြင်း​အားဖြင့် သင်တို့​သည် ကောင်းမှု​တိုင်း​တွင် ကူညီမစ​နိုင်ရန်​ဖြစ်၏။


ကျွန်ုပ်တို့​သည် ဘုရားသခင်​၏ လက်ရာတော်များ ဖြစ်ကြ၏။ ဘုရားသခင်​သည် ကျွန်ုပ်တို့​ကို ယေရှု​ခရစ်တော်​နှင့် တပေါင်းတစည်းတည်း​ဖြစ်စေ​လျက် ကြိုတင်​ပြင်ဆင်ထားတော်မူသော ကောင်းမှုများ​ကို ပြုစေ​ရန် ဖန်ဆင်းတော်မူခဲ့၏။


သို့သော် တိမောသေ… သင်​သည် ဘုရားသခင်​၏​လူ​ဖြစ်​သောကြောင့် ထို​အရာတို့​ကို ရှောင်ကြဉ်လော့။ ဖြောင့်မတ်ခြင်း၊ ဘုရားတရား​ကိုင်းရှိုင်းခြင်း၊ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ သည်းခံခြင်း၊ နူးညံ့သိမ်မွေ့ခြင်းတို့ ရှိနိုင်​ရန် အမြဲ​ကြိုးစားလော့။


ဘုရားတရား​မဲ့သော စကား​ကို ရှောင်ကြဉ်လော့။ အဘယ်ကြောင့်ဆိုသော် ထို​စကား​သည် လူတို့​အား ဘုရားတရား​နှင့် ပို၍ ဝေးကွာစေ​သောကြောင့်​ဖြစ်၏။


စံအိမ်ကြီး​တစ်အိမ်​တွင် ရွှေငွေ​အသုံးအဆောင်များ​သာမက သစ်​နှင့် မြေထည်​အသုံးအဆောင်များ​လည်း ရှိ၏။ အချို့​အသုံးအဆောင်များ​ကို ဂုဏ်သရေရှိသော​အရာ​အတွက် အသုံးပြု​၍ အချို့​ကို ဂုဏ်သရေ​မဲ့သော​အရာ​အတွက် အသုံးပြု၏။


ဤသည်​မှာ ဘုရားသခင်​၏​လူတို့​သည် ကောင်းမှု​အမျိုးမျိုး​အတွက် အသင့်​ပြင်ဆင်ခံရ​လျက် အရည်အချင်း​ပြည့်ဝသူ ဖြစ်လာ​ရန်ပင် ဖြစ်၏။


လုကာ​တစ်ဦးတည်း​သာ ကျွန်ုပ်​နှင့်အတူ​ရှိ၏။ မာကု​ကို သင်​နှင့်အတူ ခေါ်ခဲ့လော့။ အမှုတော်​ဆောင်ရွက်​ရာတွင် သူ​သည် ကျွန်ုပ်​အတွက် အသုံးဝင်သူ​ဖြစ်၏။


အုပ်ချုပ်သူများ​နှင့် အာဏာပိုင်များ​ကို နာခံကြ​ရန် ကရေတေကျွန်း​၌ နေထိုင်ကြသော​ယုံကြည်သူတို့​အား သတိပေးလော့။ သူတို့​သည် နာခံ​၍ ကောင်းမှု​အမျိုးမျိုး​ကို အချိန်မရွေး​ပြုနိုင်​ရန် အဆင်သင့်​ဖြစ်နေ​ရမည်။


ကျွန်ုပ်တို့​၏​လူတို့​သည် ကောင်းမှုပြု​ရန် လေ့လာ​သင်ယူကြ​ရမည်။ သို့မှသာ သူတို့​သည် အကျိုး​ရှိရှိ အသက်ရှင်​နေထိုင်​နိုင်ပြီး အခြားသူများ အရေးပေါ်​လိုအပ်ချက်​ရှိသော​အချိန်​၌ ကူညီပေး​နိုင်ကြမည်။


ဤ​စကား​သည် စိတ်ချ​ယုံကြည်ရသော စကား​ဖြစ်၏။ သင်တို့​သည် ထို​အရာများ​ကို အထူး​ဂရုစိုက်​၍ တိုက်တွန်းကြ​ရန် ကျွန်ုပ်​အလို​ရှိ၏။ ဤ​နည်း​ဖြင့် ဘုရားသခင်​ကို ယုံကြည်သောသူတို့​သည် ကောင်းမှုပြု​ရန် ကြိုးစား​နိုင်မည်။ အထက်ပါ​အရာတို့​သည် ကောင်းမွန်​၍ လူတိုင်း​အတွက် အကျိုးပြုသော​အရာများ​ဖြစ်၏။


သင်တို့​သည် သမ္မာတရား​ကို နာခံခြင်း​ဖြင့် မိမိ​ကိုယ်​မိမိ သန့်ရှင်း​စင်ကြယ်စေပြီ​ဖြစ်​၍ သင်တို့​၏​ညီအစ်ကို​မောင်နှမများ​ကို စိတ်ရင်း​အမှန်​ဖြင့် ချစ်နိုင်ကြ၏။ ဖြူစင်သော​စိတ်နှလုံး​ဖြင့် အချင်းချင်း​အကြွင်းမဲ့​ချစ်ကြလော့။


ဤ​ဆင်းရဲဒုက္ခ​အမျိုးမျိုး​ကို ခံရခြင်း​သည် သင်တို့​၏ စစ်မှန်သည့် ယုံကြည်ခြင်း​ကို ဖော်ပြ​ရန်​ဖြစ်၏။ ပျက်စီးနိုင်သည့်​ရွှေ​ကို​ပင်လျှင် မီး​ဖြင့် သန့်စင်​၍​စစ်ဆေးရ၏။ စစ်မှန်သည့်​ယုံကြည်ခြင်း​သည် ထို​ရွှေ​ထက် အဖိုးတန်၏။ သို့ဖြစ်၍ သင်တို့​၏ ယုံကြည်ခြင်း​စစ်မှန်​လျှင် ယေရှု​ခရစ်တော် ကြွလာသော​အချိန်​တွင် သင်တို့​သည် ချီးမွမ်းခံရ​လျက် ဘုန်းအသရေ​နှင့် ဂုဏ်အသရေ​ကို ရရှိကြ​လိမ့်မည်။


ကိုယ်တော်​အပေါ် ဤ​မျှော်လင့်ချက်​ရှိသောသူ​အပေါင်းတို့​သည် ကိုယ်တော် သန့်ရှင်း​စင်ကြယ်တော်မူသည့်​နည်းတူ မိမိ​ကိုယ်​မိမိ သန့်ရှင်း​စင်ကြယ်စေကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ