၁ တိ 6:11 - မြန်မာ့စံမီသမ္မာကျမ်း11 အို ဘုရားသခင်၏လူ၊ သင်မူကား ထိုအရာများကိုရှောင်၍ ဖြောင့်မတ်ခြင်း၊ ဘုရားဝတ်၌မွေ့လျော်ခြင်း၊ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ သည်းခံခြင်း၊ နူးညံ့သိမ်မွေ့ခြင်းတို့ကို လက်ကိုင်ပြုလော့။ အခန်းကိုကြည့်ပါ။Common Language Bible11 အို ဘုရားသခင်၏အစေခံ၊ သင်မူကား ထိုမကောင်းမှုအပေါင်းကိုရှောင်ကြဉ်လော့။ ဖြောင့်မတ်ခြင်း၊ ဘုရားဝတ်၌မွေ့လျော်ခြင်း၊ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ သည်းခံခြင်း၊ နူးညံ့ သိမ်မွေ့ခြင်းစသည့်ပါရမီများနှင့် ပြည့်ဝစေရန်ကြိုးစားအားထုတ်လော့။- အခန်းကိုကြည့်ပါ။Garrad Bible11 သင် မူ ကား အို ဘု ရား သ ခင့် လူ ယုံ တော်၊ ထို အ ရာ များ ကို ကြဉ် ရှောင်၍ ဖြောင့် မတ် ခြင်း၊ ကြည် ညို ခြင်း၊ ယုံ ကြည် ခြင်း၊ ချစ် ခြင်း၊ တည် ကြည် ခြင်း၊ သိမ် မွေ့ ခြင်း များ ကို လိုက် ရှာ လော့။။ အခန်းကိုကြည့်ပါ။Judson Bible11 သို့ဖြစ်၍၊ အို ဘုရားသခင်၏လူ၊ သင်သည် ထိုအပြစ်များကို ကြဉ်ရှောင်လော့။ ဖြောင့်မတ်စွာ ကျင့်ခြင်း၊ ဘုရားဝတ်၌ မွေ့လျော်ခြင်း၊ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ သည်းခံခြင်း၊ နူးညံ့သိမ်မွေ့ခြင်းတို့ကို မှီအောင်လိုက်လော့။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း11 သို့သော် တိမောသေ… သင်သည် ဘုရားသခင်၏လူဖြစ်သောကြောင့် ထိုအရာတို့ကို ရှောင်ကြဉ်လော့။ ဖြောင့်မတ်ခြင်း၊ ဘုရားတရားကိုင်းရှိုင်းခြင်း၊ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ သည်းခံခြင်း၊ နူးညံ့သိမ်မွေ့ခြင်းတို့ ရှိနိုင်ရန် အမြဲကြိုးစားလော့။ အခန်းကိုကြည့်ပါ။ |
လမ်းခုလတ်မှ သူ့အားပြန်ခေါ်လာခဲ့သောပရောဖက်သည် ထိုသတင်းကိုကြားသောအခါ “ဤသူသည် ထာဝရဘုရား၏စကားတော်ကို ဖီဆန်သော ဘုရားသခင်၏လူဖြစ်လိမ့်မည်။ ထာဝရဘုရားသည် ခြင်္သေ့ကိုအခွင့်ပေးသဖြင့် သူ့ကို ခြင်္သေ့ကိုက်ဖြတ်သတ်ပစ်လေပြီ။ သူ့ကို ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ဖြစ်လေပြီတကား”ဟု ဆို၍
ထိုအခါ ဘုရားသခင်၏လူသည် အစ္စရေးဘုရင်ထံရောက်လာ၍ “ဆီးရီးယားဘုရင်က ‘ထာဝရဘုရားသည် တောင်ကိုပိုင်သောဘုရားသာဖြစ်၏။ လွင်ပြင်ကိုပိုင်သောဘုရား မဟုတ်ပါ’ဟု ဆိုလေပြီ။ ထို့ကြောင့် ဤစစ်သည်ထုကြီးကို သင့်လက်သို့ ငါအပ်မည်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိရလိမ့်မည်ဟူ၍ ထာဝရဘုရားမိန့်တော်မူပြီ”ဟု ဆင့်ဆိုလေ၏။
ရှင်ဘုရင်ကလည်း နောက်တစ်ဖန် တတိယမြောက် တပ်သားငါးဆယ်အုပ်တပ်မှူးနှင့် သူ၏တပ်သားငါးဆယ်ကို စေလွှတ်ပြန်၏။ ထိုတတိယမြောက် တပ်သားငါးဆယ်အုပ်တပ်မှူး ရောက်လာလျှင် ဧလိယရှေ့တွင် ဒူးထောက်လျက် “အို ဘုရားသခင်၏လူ၊ အကျွန်ုပ်အသက်နှင့် အရှင့်အစေအပါး ဤတပ်သားငါးဆယ်တို့၏အသက်ကို နှမြောတော်မူပါ။
ခမည်းတော်ဒါဝိဒ်မင်းကြီး စီမံထားခဲ့သည့်အတိုင်း ယဇ်ပုရောဟိတ်တို့ကို အလှည့်ကျ တာဝန်ခွဲဝေပေး၏။ လေဝိအမျိုးသားတို့ကိုလည်း နေ့စဉ် ယဇ်ပုရောဟိတ်တို့ရှေ့တွင် အမှုတော်ထမ်းဆောင်ရမည့်တာဝန်နှင့် ကျေးဇူးတော်ချီးမွမ်းရမည့်တာဝန်ကို ခွဲဝေပေး၏။ တံခါးတိုင်းတွင် အလှည့်ကျတံခါးစောင့်များကိုလည်း ခန့်အပ်ထား၏။ ဤသည်မှာ ဘုရားသခင်၏လူ ဒါဝိဒ်မင်းကြီး၏အမိန့်တော်ဖြစ်၏။