Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ တိ 4:12 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

12 သင်​၏​အသက်​ငယ်ရွယ်သည်​ကို မည်သူမျှ မထီမဲ့မြင်​မပြုစေနှင့်။ ပြောဆိုခြင်း၊ ပြုမူခြင်း၊ ချစ်ခြင်း၊ ယုံကြည်ခြင်း၊ စင်ကြယ်ခြင်း​တို့​တွင် ယုံကြည်သူတို့​အတွက် စံနမူနာ​ဖြစ်စေလော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

12 အ​သက်​ငယ်​ရွယ်​သူ​ဖြစ်​သည့်​အ​တွက်​သင့် အား​အ​ဘယ်​သူ​မျှ​အ​ထင်​မ​သေး​စေ​နှင့်။ သင် ၏​အ​ပြော​အ​ဆို၊ အ​ပြု​အ​မူ၊ ချစ်​ခြင်း၊ သစ္စာ ရှိ​ခြင်း၊ စိတ်​နှ​လုံး​စင်​ကြယ်​ခြင်း​တို့​သည် ယုံ​ကြည်​သူ​တို့​အ​တွက်​စံ​န​မူ​နာ​ဖြစ်​စေ လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

12 သင်၏ အ​သက်​အ​ရွယ်​နု​ပျို​သည်​ကို အ​ဘယ်​သူ​မျှ မ​ထီ​မဲ့​မြင် မ​ပြု​စေ​နှင့်။ စ​ကား​ပြော​ခြင်း၊ ကျင့်​ကြံ​ပြု​မူ​ခြင်း၊ သူ​တစ်​ပါး​ကို​ချစ်​ခြင်း၊ ဝိ​ညာဉ်​သ​ဘော​ရှိ​ခြင်း၊ သ​စ္စာ​စောင့်​ခြင်း၊ စင်​ကြယ်​ခြင်း​အ​ရာ​မှာ၊ ယုံ​ကြည်​သော​သူ​တို့​အား ပုံ​သက်​သေ​ကို ပြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

12 သင်​၏​အသက်အရွယ်​နုပျို​ခြင်း​ကို မည်သူမျှ​မထီမဲ့မြင်​မ​ပြု​စေ​နှင့်။ အပြောအဆို​၌​လည်းကောင်း၊ အသက်ရှင်​နေထိုင်​မှု​၌​လည်းကောင်း၊ ချစ်​ခြင်း​မေတ္တာ​၌​လည်းကောင်း၊ ယုံကြည်​ခြင်း​၌​လည်းကောင်း၊ ဖြူစင်​သန့်ရှင်း​ခြင်း​၌​လည်းကောင်း ယုံကြည်​သော​သူ​တို့​အတွက် စံနမူနာ​ဖြစ်​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ တိ 4:12
19 ပူးပေါင်းရင်းမြစ်များ  

ကလေးငယ်​တစ်ဦးတစ်ယောက်​အပေါ်​၌ မထီမဲ့မြင်​မပြုမိ​စေရန် သတိပြုကြလော့။ ကောင်းကင်ဘုံ​တွင်​ရှိသော ထို​ကလေးငယ်တို့​၏ ကောင်းကင်တမန်များ​သည် ကောင်းကင်ဘုံ​၌ ရှိတော်မူသော ငါ့​ခမည်းတော်​၏ မျက်နှာတော်​ကို အစဉ်မပြတ် ဖူးမြော်​ကြရသည်​ဟု သင်တို့​အား ငါ​ပြောဆို၏။


ကျွန်ုပ်​သည် ခရစ်တော်​ကို အတုယူ​သကဲ့သို့ သင်တို့​သည်လည်း ကျွန်ုပ်​ကို အတုယူကြလော့။


ထို့ပြင် ညီအစ်ကို​မောင်နှမတို့… မှန်ကန်သော​အရာ၊ ဂုဏ်သရေ​ရှိသော​အရာ၊ ဖြောင့်မတ်သော​အရာ၊ ဖြူစင်သော​အရာ၊ နှစ်သက်ဖွယ်သော​အရာ၊ ကောင်းမြတ်​၍ ချီးမွမ်းဖွယ်​ဖြစ်သည့် နှစ်လိုဖွယ်​ကောင်းသော​အရာ ဟူသမျှတို့​ကို နှလုံးသွင်းကြလော့။


သင်တို့​သည် သခင်ဘုရား​နှင့် ကျွန်ုပ်တို့​ကို အတုယူ​သူများ​ဖြစ်ကြ၏။ သင်တို့​သည် ပြင်းထန်သော ဆင်းရဲဒုက္ခ​ကြုံရ​သော်လည်း သန့်ရှင်းသော​ဝိညာဉ်တော်​ပေးသည့် ဝမ်းမြောက်ခြင်း​ဖြင့် သတင်းကောင်း​ကို လက်ခံခဲ့ကြ၏။


ယုံကြည်သော သင်တို့​နှင့် ဆက်ဆံ​ရာတွင် ကျွန်ုပ်တို့​သည် မည်သို့​သန့်ရှင်း ဖြောင့်မတ်​ပြီး အပြစ်ဆိုဖွယ်​မရှိသူများ​ဖြစ်ကြောင်း​ကို သင်တို့​နှင့် ဘုရားသခင်​သည် ကျွန်ုပ်တို့​၏ သက်သေများ​ဖြစ်၏။


ကျွန်ုပ်တို့​၏​သခင်ဘုရား​သည် အလွန်​ကြွယ်ဝသော​ကျေးဇူးတော်​ကို ကျွန်ုပ်​အပေါ် သက်ရောက်စေတော်မူ၏။ ကျွန်ုပ်​သည် ယေရှု​ခရစ်တော်​နှင့် တပေါင်းတစည်းတည်း​ဖြစ်လာ​သောကြောင့် ယုံကြည်ခြင်း​နှင့် ချစ်ခြင်းမေတ္တာ​ကိုလည်း ကိုယ်တော်​ထံမှ ရရှိ၏။


သင်​သည် ဘုရားသခင်​ရှေ့​၌ ယုံကြည်​စိတ်ချရသူ၊ သမ္မာတရား​သတင်းစကား​ကို မှန်ကန်​စွာ​ဟောပြောပြီး ရှက်ကြောက်​ရန် မလိုသည့်သူ​အဖြစ် မိမိကိုယ်ကိုယ် ဆက်သ​ရန် ကြိုးစားလော့။


ထို့ကြောင့် သင်​သည် လူငယ်တို့​၏​တပ်မက်စိတ်​ကို ရှောင်ကြဉ်​၍ ဖြူစင်သော​နှလုံးသား​ဖြင့် ဘုရားသခင်​ကို ဝတ်ပြု​ဆုတောင်းသော​သူတို့​နှင့်အတူ ဖြောင့်မတ်ခြင်း၊ သစ္စာရှိခြင်း၊ ချစ်ခြင်း​နှင့် ငြိမ်းချမ်းခြင်း​တို့ ရှိ​ရန် အမြဲ​ကြိုးစားလော့။


ကျွန်ုပ်​ပြောသည့်​အရာ​ကို ဆင်ခြင်လော့။ သခင်ဘုရား​သည် သင့်​အား အရာ​အားလုံး​နားလည်နိုင်သော​ဉာဏ်​ကို ပေးသနားတော်မူ​လိမ့်မည်။


သင်​သည် အထက်ပါ​အကြောင်းအရာများ​ကို သွန်သင်လော့။ အခွင့်​အာဏာ အပြည့်အဝ​ဖြင့် တိုက်တွန်း​၍ ဆုံးမလော့။ မည်သူမျှ သင့်​ကို မထီမဲ့မြင် မပြုပါစေနှင့်။


အရာရာ​၌ ကောင်းမှု​ကို ပြု​၍ သင်​ကိုယ်တိုင်​စံနမူနာ​ဖြစ်စေလော့။ သွန်သင်​ရာတွင် ရိုးသား​ပွင့်လင်းခြင်း၊ တည်ကြည်ခြင်း၊


သင်တို့​တွင် မည်သူ​သည် ပညာရှိ​ဖြစ်ပြီး တတ်သိ​လိမ္မာသူ​ဖြစ်သနည်း။ ထို​သူ​သည် ပညာ​မှ​လာသော နူးညံ့သိမ်မွေ့မှု​ဖြင့် လုပ်ဆောင်သည့် အကျင့်​အားဖြင့် ကောင်းသော​ပြုမူနေထိုင်ပုံ​ဖြင့် သက်သေပြစေ။


ကောင်းကင်ဘုံ​မှ ဆင်းသက်လာသော ဉာဏ်ပညာ​သည် ပထမ​ဦးစွာ စင်ကြယ်၏။ ငြိမ်းချမ်းမှု​ကို မြတ်နိုး၏။ ထောက်ထား​ညှာတာတတ်၏။ သဟဇာတ​ဖြစ်တတ်၏။ ကရုဏာတရား​နှင့် ကောင်းကျိုးတို့​ဖြင့် ပြည့်စုံ၏။ မျက်နှာ​မလိုက်တတ်။ ဟန်ဆောင်မှု​ကင်း၏။


ထိုသို့ သင်တို့​အား အပ်ထားသော​သူတို့​ကို အုပ်ထိန်း​ရာတွင် အုပ်စိုးခြယ်လှယ်မှု​မပြုဘဲ သိုးစု​ကဲ့သို့သော လူတို့​အတွက် စံနမူနာ​ဖြစ်စေကြလော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ