၁ တိ 4:3 - ခေတ်သစ်မြန်မာ သမ္မာကျမ်း
သူတို့သည် အိမ်ထောင်မပြုရ ဟူ၍လည်းကောင်း၊ အချို့သောအစားအစာများကို မစားရ ဟူ၍လည်းကောင်း တားမြစ်ကြ၏။ အမှန်တွင် ယုံကြည်၍ သမ္မာတရားကို သိသောသူတို့သည် ကျေးဇူးတော်ချီးမွမ်းလျက် စားနိုင်ကြစေရန် ထိုအစားအစာများကို ဘုရားသခင် ဖန်ဆင်းတော်မူ၏။
အခန်းကိုကြည့်ပါ။
ထိုသူတို့ကလူတို့အားထိမ်းမြားမင်္ဂလာမ ပြုရန်နှင့်အချို့သောအစားအစာများကို ရှောင်ကြဉ်ကြစေရန်သွန်သင်ကြ၏။ သို့ရာတွင် ယုံကြည်၍သမ္မာတရားတော်ကိုသိကျွမ်းသူ တို့သည်ကျေးဇူးတော်ကိုချီးမွမ်းလျက် စား သောက်နိုင်ကြစေရန်ဤအစားအစာများ ကိုဘုရားသခင်ဖန်ဆင်းထားတော်မူ၏။-
အခန်းကိုကြည့်ပါ။
မင်္ဂလာဆောင်ခြင်းအမှုကို မပြုရဟူ၍လည်းကောင်း၊ ယုံကြည်၍ သမ္မာတရားကို သိသောသူတို့သည် ကျေးဇူးတော်ကို သိသောစိတ်နှင့်တကွ သုံးဖို့ရာ၊ ဘုရားသခင် ဖန်ဆင်းတော်မူသော အစာမျိုးကို ရှောင်ရမည်ဟူ၍လည်းကောင်း ပညတ်ထားကြလိမ့်မည်။-
အခန်းကိုကြည့်ပါ။
သူတို့သည် အိမ်ထောင်ပြုခြင်းကိုတားမြစ်ကြ၍ ယုံကြည်သူနှင့်သမ္မာတရားကိုသိသောသူတို့သည် ကျေးဇူးတော်ချီးမွမ်းလျက်သုံးဆောင်ရန်အတွက် ဘုရားသခင်ဖန်ဆင်းထားသောအစားအစာများကို ရှောင်ကြဉ်စေကြလိမ့်မည်။
အခန်းကိုကြည့်ပါ။