Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 15:11 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

11 ခံတွင်း​သို့ ဝင်သော​အရာ​သည် လူ​ကို ညစ်ညမ်းစေသည်​မဟုတ်ပါ။ သို့သော် ခံတွင်း​မှ ထွက်လာသော​အရာ​သည်သာ လူ​ကို ညစ်ညမ်းစေ၏” ဟု မိန့်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

11 လူ​ကို​ညစ်​ညမ်း​စေ​သည့်​အ​ရာ​ကား​ခံ​တွင်း​သို့ ဝင်​သည့်​အ​ရာ​မ​ဟုတ်။ ခံ​တွင်း​မှ​ထွက်​သည့်​အ​ရာ သာ​လျှင်​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

11 ခံ တွင်း သို့ ဝင် သည့် အ ရာ က လူ ကို မ သန့် အောင် ပြု သည် မ ဟုတ်၊ ခံ တွင်း မှ ထွက် သည့် အ ရာ က သာ မ သန့် အောင် ပြု သည် ဟု မိန့် တော် မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

11 ခံ​တွင်း​သို့​ဝင်​သော​အ​ရာ​သည် လူ​ကို​ညစ်​ညူး​စေ​သည် မ​ဟုတ်။ ခံ​တွင်း​မှ​ထွက်​သော​အ​ရာ​သည် ညစ်​ညူး​စေ​သော​အ​ရာ ဖြစ်​သည်​ဟု မိန့်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

11 ခံတွင်း​သို့​ဝင်​သော​အရာ​သည် လူ​ကို​ညစ်ညူး​စေ​သည်​မ​ဟုတ်။ ခံတွင်း​မှ​ထွက်လာ​သော​အရာ​က​သာ လူ​ကို​ညစ်ညူး​စေ​၏”​ဟု မိန့်​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

11 ခံ​တွင်း​သို့​ဝင်​သော​အ​ရာ​သည် လူ​ကို​ညစ်​ညူး​စေ​သည် မ​ဟုတ်။ ခံ​တွင်း​မှ​ထွက်​သော​အ​ရာ​သည် ညစ်​ညူး​စေ​သော​အ​ရာ ဖြစ်​သည်​ဟု မိန့်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 15:11
26 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် ယေရှု​သည် လူထု​ပရိသတ်​ကို ခေါ်​၍ “ငါ့​စကား​ကို သင်တို့​နားထောင်​၍ နားလည်​ရန်​ကြိုးစားကြလော့။


ထိုအခါ တပည့်တော်တို့​သည် ချဉ်းကပ်​၍ “ကိုယ်တော်​မိန့်တော်မူသော​စကား​ကို ကြား​သောအခါ ဖာရိရှဲတို့​သည် မကျေမနပ်​ဖြစ်ကြသည်​ကို သိတော်မူသလော” ဟု လျှောက်ကြ၏။


လူ​၏​ပြင်ပ​မှ လာ​၍ လူ​အတွင်း​သို့ ဝင်သော​အရာ​သည် လူ​ကို မညစ်ညမ်းစေပါ။ သို့သော် လူ့​စိတ်နှလုံး​မှ ထွက်လာသော​အရာများ​သည်သာ လူ​ကို ညစ်ညမ်းစေ၏။


မည်သည့်​အစားအစာ​မျှ ပကတိ​အလျောက် မညစ်ညမ်းကြောင်း​ကို သခင်​ယေရှု​အားဖြင့် အမှန်​ပင် ကျွန်ုပ်​သိ၏။ သို့သော်လည်း တစ်စုံတစ်ယောက်​က ညစ်ညမ်းသည်​ဟု မှတ်ယူ​လျှင် ထို​အစာ​သည် ထို​သူ​အတွက် ညစ်ညမ်း၏။


အဘယ်ကြောင့်ဆိုသော် ဘုရားသခင်​၏​နိုင်ငံတော်​တွင် စားသောက်ခြင်း​သည် အရေးမကြီးပေ။ သန့်ရှင်းသော​ဝိညာဉ်တော်​အားဖြင့် ရရှိသော ဖြောင့်မတ်ခြင်း၊ ငြိမ်းချမ်းခြင်း၊ ဝမ်းမြောက်ခြင်းတို့​သာ အရေးကြီး၏။


အစားအစာ​ကြောင့် ဘုရားသခင်​၏ အမှုတော်​ကို မပျက်စီးစေနှင့်။ အစားအစာ​အားလုံး​သည် စားသုံး​သင့်သော​အရာ​ဖြစ်​သော်လည်း ထို​အစာ​ကို စားသုံး​၍ တစ်ပါးသူ​အတွက် ထိမိ​၍ လဲစရာ​ဖြစ်စေ​လျှင် ထို​အခြင်းအရာ​သည် အပြစ်​ဖြစ်၏။


သူတို့​သည် အိမ်ထောင်​မပြုရ ဟူ၍​လည်းကောင်း၊ အချို့သော​အစားအစာများ​ကို မစားရ ဟူ၍​လည်းကောင်း တားမြစ်ကြ၏။ အမှန်​တွင် ယုံကြည်​၍ သမ္မာတရား​ကို သိသော​သူတို့​သည် ကျေးဇူးတော်​ချီးမွမ်း​လျက် စားနိုင်ကြ​စေရန် ထို​အစားအစာများ​ကို ဘုရားသခင် ဖန်ဆင်းတော်မူ၏။


နှလုံးသား​ဖြူစင်သူတို့​အတွက် အရာ​အားလုံး​သည် စင်ကြယ်၏။ သို့သော် ညစ်ညူး​၍ ခရစ်တော်​ကို မယုံကြည်သူတို့​အတွက် မည်သည့်​အရာမျှ မစင်ကြယ်။ သူတို့​၏ အတွေးအခေါ်​နှင့် အသိစိတ်တို့​သည် ညစ်ညူး၏။


ထူးဆန်းသည့် အယူဝါဒ​အမျိုးမျိုး ဆွဲဆောင်ရာ နောက်​သို့ မလိုက်ကြနှင့်။ စိတ်နှလုံး​ကို ခိုင်ခံ့မြဲမြံ​စေရာ​တွင် အစားအစာ​အားဖြင့် မဟုတ်ဘဲ ဘုရားသခင်​၏ ကျေးဇူးတော်​အားဖြင့် ခိုင်ခံ့မြဲမြံစေ​လျှင် အကျိုး​ရှိ၏။ အစားအစာ​နှင့် ပတ်သက်သော​ပညတ်များ​ကို လိုက်နာသော​သူတို့​မှာမူ မည်သည့်​အကျိုး​ကို​မျှ မရရှိ။


အဘယ်ကြောင့်ဆိုသော် သူတို့​သည် အကျိုးမဲ့ ချဲ့ကား​ကြွားဝါ​ပြောဆို​လျက် မှားယွင်း​စွာ ပြုမူ​နေထိုင်ကြ​သူတို့​ထဲမှ လွတ်မြောက်​ခါစ​ဖြစ်သော သူများ​ကို လူ့​ဗီဇစိတ်​၏​တပ်မက်မှုများ​နှင် ကိလေသာ​လွန်ကြူးခြင်း​တို့​ဖြင့် ဆွဲဆောင်ကြ​သောကြောင့်​ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ