တမန်တော်ဝတ္ထု 27:35 - ခေတ်သစ်မြန်မာ သမ္မာကျမ်း35 ထိုသို့ပြောဆိုပြီးနောက် သူသည်မုန့်ကိုယူကာ လူများရှေ့တွင် ဘုရားသခင်၏ကျေးဇူးတော်ကိုချီးမွမ်းကာ ဖဲ့၍စားလေ၏။ အခန်းကိုကြည့်ပါ။Common Language Bible35 ထိုနောက်ပေါလုသည်မုန့်ကိုယူပြီးလျှင် ထို သူအားလုံးတို့၏ရှေ့တွင်ဘုရားသခင်၏ ကျေးဇူးတော်ကိုချီးမွမ်းပြီးနောက်မုန့်ကို ဖဲ့၍စားလေ၏။- အခန်းကိုကြည့်ပါ။Garrad Bible35 မုန့် ကို ယူ၍ ရှိ သ မျှ တို့ ရှေ့ ဘု ရား သ ခင့် ကျေး ဇူး တော် ကို ချီး မွမ်း လျက် ဖဲ့ စား စဉ်၊ အခန်းကိုကြည့်ပါ။Judson Bible35 သင်တို့ဆံခြည်တစ်ပင်မျှ မပျက်စီးရဟုဆိုပြီးလျှင်၊ ပေါလုသည် မုန့်ကိုယူ၍ ထိုသူများရှေ့၌ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍ စားလေ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း35 ဤသို့ဆိုပြီးနောက် ပေါလုသည် မုန့်ကိုယူ၍ အားလုံး၏ရှေ့တွင် ဘုရားသခင်အားကျေးဇူးတင်လျက် မုန့်ကိုဖဲ့၍စားလေ၏။ အခန်းကိုကြည့်ပါ။ |
နေ့တစ်နေ့ကို အထူးနေ့အဖြစ် အလေးထားသောသူသည် ဘုရားသခင်ကို ထောက်၍ အလေးထားခြင်း ဖြစ်၏။ အစားအစာအားလုံးကို စားသောသူသည် ဘုရားသခင်ကို ထောက်၍ စားခြင်း ဖြစ်၏။ သူသည် ထိုအစာအတွက် ဘုရားသခင်ကို ကျေးဇူးတင်၏။ မစားသောသူသည်လည်း ဘုရားသခင်ကို ထောက်၍ မစားဘဲနေခြင်း ဖြစ်၏။ သူသည်လည်း ဘုရားသခင်ကို ကျေးဇူးတင်၏။
ထို့နောက် ယေရှုသည် လူထုပရိသတ်တို့ကို မြက်ခင်းပေါ်တွင် ထိုင်စေတော်မူ၏။ မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ကိုလည်း ယူလျက် ကောင်းကင်သို့မျှော်ကြည့်ကာ ကျေးဇူးတော်ကိုချီးမွမ်းတော်မူ၏။ ပြီးမှ မုန့်ကိုချိုးဖဲ့၍ တပည့်တော်တို့အား ပေးတော်မူလျှင် တပည့်တော်တို့သည်လည်း လူထုပရိသတ်တို့အား ပေးဝေကြ၏။