Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 6:13 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

13 သင်တို့​က “အစာ​သည် ဝမ်း​အတွက် ဖြစ်​၍ ဝမ်း​သည် အစာ​အတွက် ဖြစ်သည်” ဟု ဆိုကြ၏။ ဤ​စကား​သည် မှန်၏။ သို့သော်လည်း တစ်နေ့​တစ်ချိန်​တွင် ဘုရားသခင်​သည် ထို​အရာ​နှစ်မျိုးလုံး​ကို ဖျက်ဆီးတော်မူ​လိမ့်မည်။ ကိုယ်ခန္ဓာ​သည် တရား​နှင့်​မညီသော မေထုန်​ကို​ပြု​ရန်အတွက် မဟုတ်ဘဲ ဘုရားသခင်​အတွက်​သာ ဖြစ်၏။ ဘုရားသခင်​သည်လည်း ကျွန်ုပ်တို့​၏​ကိုယ်ခန္ဓာ​ကို ကြည့်ရှု​စောင့်ရှောက်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

13 ``အ​စား​အ​စာ​သည်​ဝမ်း​အ​တွက်​ဖြစ်​၏။ ဝမ်း သည်​လည်း​အ​စား​အ​စာ​အ​တွက်​ဖြစ်​၏'' ဟု သင်​တို့​ဆို​လိမ့်​မည်။ ဤ​စ​ကား​သည်​မှန်​ပေ​၏။ သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​ထို​အ​ရာ​နှစ်​ခု လုံး​ကို​ဖျက်​ဆီး​ပစ်​တော်​မူ​လိမ့်​မည်။ ကိုယ်​ခန္ဓာ သည်​ကာ​မ​ဂုဏ်​လိုက်​စား​ရန်​အ​တွက်​မ​ဟုတ်။ သ​ခင်​ဘု​ရား​၏​အ​မှု​တော်​ကို​ဆောင်​ရွက်​ရန် အ​တွက်​ဖြစ်​၏။ ဘု​ရား​သ​ခင်​သည်​လည်း​ကိုယ် ခန္ဓာ​လို​အပ်​သည်​များ​ကို​ချ​ပေး​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

13 စား ဖွယ် ခဲ ဖွယ် သည် ဝမ်း အ ဖို့၊ ဝမ်း လည်း စား ဖွယ် ခဲ ဖွယ် အ ဖို့ ဖြစ် ပါ စေ ဦး။ ဘု ရား သ ခင် သည် နှစ် ရပ် လုံး ကို ပ ပျောက် စေ တော် မူ လိမ့် မည်။ ကိုယ် ခ န္ဓာ မူ ကား မ တ ရား သော မေ ထုန် အ ဖို့ မ ဟုတ်။ အ ရှင် ဘု ရား အ ဖို့၊ အ ရှင် ဘု ရား လည်း ကိုယ် ခ န္ဓာ အ ဖို့ ဖြစ် သည် နှင့်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

13 အ​စား​အ​သောက်​တို့​သည် ဝမ်း​အ​ဖို့၊ ဝမ်း​သည်​လည်း အ​စား​အ​သောက်​တို့​အ​ဖို့ ဖြစ်​သည်​မှန်​စေ​တော့။ သို့​သော်​လည်း ဘု​ရား​သ​ခင်​သည် ထို​နှစ်​ပါး​ကို ဖျက်​ဆီး​တော်​မူ​လိမ့်​မည်။ ကိုယ်​ခ​န္ဓာ​သည် မ​တ​ရား​သော မေ​ထုန်​အ​ဖို့ ဖြစ်​သည်​မ​ဟုတ်။ သ​ခင်​ဘု​ရား​အ​ဖို့ ဖြစ်၏။ သ​ခင်​ဘု​ရား​သည်​လည်း ကိုယ်​ခ​န္ဓာ​အ​ဖို့ ဖြစ်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

13 အစာ​သည် ဝမ်း​အတွက်​ဖြစ်​၏။ ဝမ်း​သည်​လည်း အစာ​အတွက်​ဖြစ်​၏။ သို့သော် ဘုရားသခင်​သည် ထို​အရာ​နှစ်မျိုးစလုံး​ကို ဖျက်ဆီး​တော်မူ​လိမ့်မည်။ ကိုယ်ခန္ဓာ​သည် တရားနှင့်မညီ​မေထုန်ပြု​ရန်​အတွက်​မ​ဟုတ်​ဘဲ သခင်​ဘုရား​အတွက်​ဖြစ်​၏။ သခင်​ဘုရား​သည်​လည်း ကိုယ်ခန္ဓာ​အတွက်​ဖြစ်​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 6:13
20 ပူးပေါင်းရင်းမြစ်များ  

ခံတွင်း​သို့ ဝင်​သမျှသော​အရာ​သည် ဝမ်း​ထဲသို့​ရောက်​၍ ရေအိမ်​သို့​စွန့်ရသည်​ကို နားမလည်သလော။


ဤ​အရာများ​သည်သာ လူ​ကို​ညစ်ညမ်းစေ၏။ လက်​မဆေးဘဲ​အစာစားခြင်း​သည် မညစ်ညမ်းစေပါ” ဟု မိန့်တော်မူ၏။


အဘယ်ကြောင့်ဆိုသော် အစာ​သည် စိတ်နှလုံး​ထဲသို့ မဝင်။ ဝမ်း​ထဲသို့​ဝင်​ပြီးမှ ရေအိမ်​သို့​စွန့်ရ၏” ဟု မိန့်တော်မူ၏။ ဤသို့ မိန့်တော်မူခြင်း​အားဖြင့် အစားအစာ​ဟူသမျှ​သည် သန့်ရှင်းကြောင်း​ကို ဖော်ပြတော်မူ၏။


ပုပ်သိုး​ပျက်စီးတတ်သော​အစားအစာများ​အတွက် မကြိုးပမ်းကြနှင့်။ လူသား​ပေးတော်မူမည့် ထာဝရ​အသက်​အတွက်သာ ကြိုးပမ်းကြလော့။ အဘယ်ကြောင့်ဆိုသော် လူသား​သည် ခမည်းတော်​ဘုရားသခင်​၏ တံဆိပ်​ခတ်နှိပ်ခြင်း​ကို ခံရသောသူ​ဖြစ်​သောကြောင့်​ပင်” ဟု မိန့်တော်မူ၏။


သင်တို့​၏ ဘိုးဘေးများ​သည် တောကန္တာရ​၌ မန္နမုန့်​ကို စားကြ​သော်လည်း သေကြရ၏။


ထို့ကြောင့် ချစ်သော​ညီအစ်ကို​မောင်နှမတို့… ဘုရားသခင် ထားတော်မူသော ကရုဏာတော်တို့​ကို ထောက်ရှု​၍ သင်တို့​ကို ကျွန်ုပ်​တိုက်တွန်း​နှိုးဆော်​လို၏။ သင်တို့​၏ ကိုယ်ခန္ဓာ​ကို ဘုရားသခင်​လက်ခံနိုင်ဖွယ်​ဖြစ်မည့် သန့်ရှင်းသည့် အသက်ရှင်သော​ယဇ်​အဖြစ် ဆက်ကပ်ကြလော့။ ထိုသို့​ဆက်ကပ်ခြင်း​သည် ဘုရားသခင်​ကို စစ်မှန်​စွာ ကိုးကွယ်ခြင်း​ဖြစ်၏။


အဘယ်ကြောင့်ဆိုသော် ဘုရားသခင်​၏​နိုင်ငံတော်​တွင် စားသောက်ခြင်း​သည် အရေးမကြီးပေ။ သန့်ရှင်းသော​ဝိညာဉ်တော်​အားဖြင့် ရရှိသော ဖြောင့်မတ်ခြင်း၊ ငြိမ်းချမ်းခြင်း၊ ဝမ်းမြောက်ခြင်းတို့​သာ အရေးကြီး၏။


ထို့ကြောင့် အပြစ်​ပြုလိုစိတ်​နောက်သို့ မလိုက်မိ​စေရန် သင်တို့​၏ သေတတ်သော​ကိုယ်ခန္ဓာ​ကို အပြစ်တရား​အား အစိုးမရစေနှင့်။


ထို့ကြောင့် ညီအစ်ကို​မောင်နှမတို့… သင်တို့​သည် ခရစ်တော်​နှင့်အတူ သေ​သဖြင့် ပညတ်တရား​အောက်၌ အသက်ရှင်ရသော​ဘဝ​ကိုလည်း အဆုံးသတ်ပြီ​ဖြစ်၏။ ယခု သင်တို့​သည် ဘုရားသခင်​အတွက် ကောင်းသော​အကျင့်​ကို ကျင့်​နိုင်ရန် သေခြင်း​မှ​ရှင်ပြန်ထမြောက်တော်မူသော အရှင်​နှင့် တပေါင်းတစည်းတည်း​ဖြစ်ကြ၏။


သင်တို့​သည် ဘုရားသခင်​၏ ဗိမာန်တော်​ဖြစ်ကြသည်​ကို​လည်းကောင်း၊ ဘုရားသခင်​၏ ဝိညာဉ်တော်​သည် သင်တို့​အထဲ​၌ ကိန်းဝပ်တော်မူသည်​ကို​လည်းကောင်း မသိကြသလော။


သင်တို့​၏ ကိုယ်ခန္ဓာ​သည် ခရစ်တော်​၏ ကိုယ်ခန္ဓာ​အစိတ်အပိုင်း​ဖြစ်ကြောင်း​ကို သင်တို့​မသိကြသလော။ သို့ဖြစ်လျှင် ခရစ်တော်​၏ ကိုယ်ခန္ဓာ​အစိတ်အပိုင်း​ကို ယူ​၍ ပြည့်တန်ဆာ​နှင့် ပေါင်းစည်း​ရမည်လော။ ထိုသို့ လုံးဝ မပေါင်းစည်းရ။


သင်တို့​၏ ကိုယ်ခန္ဓာ​သည် ဘုရားသခင်​ထံတော်​မှ သင်တို့​လက်ခံရရှိထားသည့် ဝိညာဉ်တော်​ဟူသော သင်တို့​အထဲ​၌ ကိန်းဝပ်နေသည့် သန့်ရှင်းသော​ဝိညာဉ်တော်​၏ ဗိမာန်​ဖြစ်သည်​ကို မသိကြသလော။ သင်တို့​သည် မိမိကိုယ်ကိုယ် မပိုင်ကြ။


ကျွန်ုပ်​သည် ဘုရားသခင်​၏ သဝန်တိုခြင်း​မျိုး​ဖြင့် သင်တို့​ကို သဝန်တို၏။ ကျွန်ုပ်​သည် သင်တို့​ကို စင်ကြယ်သော​အပျိုစင်​အဖြစ် တစ်ဦးတည်းသော​ခင်ပွန်း​ဟူသော ခရစ်တော်​ထံ အပ်နှင်း​ရန် ကတိပြုထား၏။


ထိုသို့ လူအပေါင်းတို့​အတွက် ကိုယ်တော်​အသေခံတော်မူခြင်း​မှာ အသက်ရှင်သောသူတို့​သည် မိမိတို့​ကိုယ်ကျိုး​အတွက် အသက်​မရှင်ဘဲ မိမိတို့​အတွက် အသေခံ​၍ တစ်ဖန်​ရှင်ပြန်ထမြောက်တော်မူသော​အရှင်​အတွက် အသက်ရှင်​ရန် ဖြစ်၏။


ယေရှု​ခရစ်တော်​၏ လူတို့​သည် လူ့​ဗီဇစိတ်​ကို ထို​ဗီဇစိတ်​၏ ပြင်းပြခြင်း၊ တပ်မက်ခြင်း​တို့​နှင့်အတူ လက်ဝါးကပ်တိုင်​ပေါ်တွင် သတ်ကြလေပြီ။


အဘယ်ကြောင့်ဆိုသော် ခရစ်တော်​သည် အသင်းတော်​၏ ဦးခေါင်း ဖြစ်​သကဲ့သို့ ခင်ပွန်း​သည် ဇနီး​၏ ဦးခေါင်း ဖြစ်​သောကြောင့်​ပင်။ ဦးခေါင်း ဖြစ်သည့် ခရစ်တော်​သည် အသင်းတော် ဟူသော မိမိ​၏​ကိုယ်ခန္ဓာ​ကို ကယ်တင်သော​အရှင် ဖြစ်တော်မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ