Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 6:12 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

12 သင်တို့​က “ငါ​သည် အရာ​အားလုံး​ကို လုပ်ပိုင်ခွင့်​ရှိသည်” ဟု ဆို၏။ သို့သော် အရာ​အားလုံး​သည် အကျိုး​ရှိသည်​မဟုတ်ပေ။ “ငါ​သည် အရာ​အားလုံး​ကို လုပ်ပိုင်ခွင့်​ရှိသည်” ဟု ဆို​သော်လည်း မည်သည့်​အရာ​၏ စိုးမိုးခြင်း​ကိုမျှ ကျွန်ုပ်​ခံမည်​မဟုတ်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

12 သင်​တို့​က``ငါ​တို့​သည်​အ​ဘယ်​အ​မှု​ကို​မ​ဆို ပြု​နိုင်​ခွင့်​ရှိ​၏'' ဟု​ဆို​ကြ​လိမ့်​မည်။ သင်​တို့ ဆို​သည်​အ​တိုင်း​မှန်​ပေ​၏။ သို့​သော်​အ​ရာ ခပ်​သိမ်း​သည် သင်​တို့​အ​ဖို့​အ​ကျိုး​မ​ရှိ​နိုင်။ ငါ​သည်​အ​ဘယ်​အ​မှု​ကို​မ​ဆို​ပြု​ပိုင်​ခွင့် ရှိ​သည်​ဟု​ဆို​နိုင်​သော်​လည်း အ​ဘယ်​အ​မှု က​မျှ​ငါ့​အား​၎င်း​၏​ကျွန်​ဖြစ်​စေ​ရန်​ငါ အ​ခွင့်​ပေး​လိမ့်​မည်​မ​ဟုတ်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

12 အ နည်း နည်း ကို ငါ ပြု ခွင့် ရှိ သည် မှန် သော် လည်း အ နည်း နည်း ကြောင့် အ ကျိုး ဖြစ် ထွန်း သည် မ ဟုတ်။ အ နည်း နည်း ကို ငါ ပြု ခွင့် ရှိ သော် လည်း မည် သည့် နည်း၏ တန် ခိုး အောက် သို့ ငါ ဝင် မည် မ ဟုတ်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

12 ငါ​သည် အ​ပြစ်​မ​သင့်​ဘဲ​လျက် ခပ်​သိမ်း​သော အ​မှု​အ​ရာ​ကို ပြု​နိုင်​သည် မှန်​စေ​တော့။ ခပ်​သိမ်း​သော အ​မှု​အ​ရာ​ကို ပြု​သင့်​သည်​မ​ဟုတ်။ အ​ပြစ်​မ​သင့်​ဘဲ​လျက် ခပ်​သိမ်း​သော​အ​မှု​အ​ရာ​ကို ပြု​နိုင်​သည်​မှန်​စေ​တော့။ အ​ဘယ်​အ​မှု​အ​ရာ၌​မျှ ငါ​သည်​ကျွန်​မ​ခံ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

12 ငါ​သည် ခပ်သိမ်း​သော​အမှုအရာ​တို့​ကို ပြု​ခွင့်​ရှိ​၏။ သို့သော် အမှုအရာ​အားလုံး​သည် အကျိုး​ရှိ​သည်​မ​ဟုတ်။ ငါ​သည် ခပ်သိမ်း​သော​အမှုအရာ​တို့​ကို ပြု​ခွင့်​ရှိ​၏။ သို့သော် မည်သည့်​အမှုအရာ​၏​စိုးမိုး​ခြင်း​ကို​မျှ ငါ​ခံ​မည်​မ​ဟုတ်။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 6:12
12 ပူးပေါင်းရင်းမြစ်များ  

ထို့ကြောင့် ဂျူး​ခေါင်းဆောင်တို့​က ရောဂါ​ပျောက်ကင်းသွားသော​သူ​အား “ယနေ့​သည် ဥပုသ်နေ့​ဖြစ်၏။ ထို့ကြောင့် သင်​၏ အိပ်ရာ​ကို သယ်ယူခြင်း​သည် ဘုရားသခင်​၏ ပညတ်တော်​နှင့်​မကိုက်ညီပါ” ဟု ပြောကြ၏။


ပညတ်တရား​သည် ဝိညာဉ်ရေး​နှင့် ဆိုင်ကြောင်း ကျွန်ုပ်တို့​သိကြ၏။ ကျွန်ုပ်​မှာမူ လူ့​ဗီဇစိတ်​နှင့်​ဆိုင်သောသူ​ဖြစ်​ပြီး အပြစ်တရား​ထံ ရောင်းစားခြင်း​ခံရသူ ဖြစ်၏။


ထို့ကြောင့် ရုပ်တု​အား ပူဇော်ထားသော​အစားအစာ​ကို စားသောက်ခြင်း​နှင့်​ပတ်သက်​၍ ဆိုရ​လျှင် ရုပ်တု​သည် ဤ​လောက​တွင် သက်ရှိ​မဟုတ်ကြောင်း​နှင့် ဘုရားသခင်​တစ်ဆူတည်း​မှလွဲ၍ အခြား​ဘုရား​မရှိကြောင်း​ကို ကျွန်ုပ်တို့​သိကြ၏။


အခြား​သူတို့​သည် သင်တို့​ထံမှ ဤ​ခံစားခွင့်​ကို ရ​လျှင် ကျွန်ုပ်တို့​သည် ပို၍ ရထိုက်သည်​မဟုတ်လော။ သို့ရာတွင် ကျွန်ုပ်တို့​သည် ဤ​ခံစားခွင့်​ကို မယူခဲ့ကြ။ ခရစ်တော်​၏ သတင်းကောင်း​ကို အဆီးအတား​မရှိ​စေရန်​အတွက် မည်သည့်​အခက်အခဲ​ကို​မဆို သည်းခံကြ၏။


သူတစ်ပါး​ကို ဟောပြော​ပြီးမှ မိမိ​ကိုယ်တိုင်​က အရည်အချင်း​မပြည့်မီဘဲ​နေမည်​ကို ကျွန်ုပ်​စိုးရွံ့​သောကြောင့် ကျွန်ုပ်​သည် အားကစားသမား​ကဲ့သို့ မိမိ​ကိုယ်ခန္ဓာ​ကို ထိုးနှက်​၍ ထိန်းချုပ်၏။


ထိုသို့ လုပ်ရခြင်း​သည် ကျွန်ုပ်တို့​တွင် သင်တို့​ထံက အကူအညီ​ကို ရပိုင်ခွင့်​မရှိ​သောကြောင့် မဟုတ်။ ကျွန်ုပ်တို့​ထံက သင်တို့​ယူစရာ စံနမူနာ ရှိစေလို​သောကြောင့် ဖြစ်၏။


သူတို့​သည် သင်တို့​၏ ချစ်ခြင်းမေတ္တာ​ပွဲ​တွင် သင်တို့​နှင့်အတူ စားသောက်​သောအခါ မရှက်ကြောက်ဘဲ ကိုယ့်​အဖို့​သာ ဂရုစိုက်​၍ ပွဲ​၌ အန္တရာယ်​ရှိသော​ငုတ်ချွန်များ ဖြစ်ကြ၏။ သူတို့​သည် လေတိုက်​၍ လွင့်သည့် မိုးရေ​မပါသော တိမ်များ​နှင့်​တူ၏။ အမြစ်​မှ ဆွဲနှုတ်ခံရ​၍ နှစ်ခါပြန်​သေရသော အသီး​မသီးသည့်​ဆောင်းဦး​သစ်ပင်​နှင့်​တူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ