Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 7:28 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

28 သို့သော် အိမ်ထောင်ပြု​လျှင်လည်း ၎င်း​သည် အပြစ်​မဟုတ်ပါ။ အပျိုစင်​တစ်ယောက်​အိမ်ထောင်ပြု​လျှင်လည်း အပြစ်​မဟုတ်ပါ။ သို့ရာတွင် ဤ​ကာလ​၌ အိမ်ထောင်ပြုသူတို့​သည် ဆင်းရဲဒုက္ခ​နှင့် ကြုံရမည်​ဖြစ်​၍ ကျွန်ုပ်​သည် သင်တို့​ကို ထို​ဒုက္ခများ​မှ ကင်းလွတ်​ရန် ပြောရခြင်း​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

28 သို့​သော်​အိမ်​ထောင်​ပြု​လျှင်​လည်း​အ​ပြစ်​တစ်​စုံ တစ်​ရာ​ကူး​လွန်​ခြင်း​မ​ဟုတ်။ အိမ်​ထောင်​မ​ရှိ သည့်​အ​မျိုး​သ​မီး​သည်​အိမ်​ထောင်​ပြု​ခဲ့​သော် မည်​သည့်​အ​ပြစ်​ကို​မျှ​မ​ကူး​လွန်။ သို့​ရာ​တွင် အိမ်​ထောင်​သည်​တို့​နေ့​စဉ်​တွေ့​ကြုံ​ကြ​ရ​မည့် ဆင်း​ရဲ​ဒုက္ခ​များ​နှင့် သင်​တို့​အား​ကင်း​ဝေး​စေ လို​၍​ဤ​သို့​ငါ​ပြော​ရ​ခြင်း​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

28 သင် သည် အိမ် ထောင် ပြု လျှင် မူ ကား အ ပြစ် ရှိ သည် မ ဟုတ်။ သ မီး က ညာ လည်း အိမ် ထောင် ပြု လျှင် အ ပြစ် မ ရှိ။ သို့ ရာ တွင် ထို သို့ ပြု သော သူ တို့၌ ကာ ယ ဒု က္ခ ရောက် လိမ့် မည်။ ငါ သည် သင် တို့ ကို ဒု က္ခ မ ရောက် စေ လို။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

28 သို့​သော်​လည်း သင်​သည် မ​ယား​နေ​လျှင် အ​ပြစ်​မ​ရှိ။ လင်​မ​နေ​ဖူး​သော မိန်း​မ​သည်​လည်း လင်​နေ​လျှင် အ​ပြစ်​မ​ရှိ။ သို့​သော်​လည်း၊ ထို​သို့​ပြု​သော​သူ​တို့​သည် လော​က​ညှဉ်း​ဆဲ​ခြင်း​ဒု​က္ခ​ကို ခံ​ရ​ကြ​မည်။ ဤ​အ​မှု​အ​ရာ၌ ကျပ်​တည်း​စွာ​သော ပ​ညတ်​ကို ငါ​မ​ထား​လို။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

28 သို့သော် အိမ်ထောင်ပြု​လျှင်​လည်း သင်​သည်​အပြစ်​ပြု​သည်​မ​ဟုတ်။ အပျို​ကညာ​တစ်​ဦး​သည် အိမ်ထောင်ပြု​လျှင်​လည်း အပြစ်​ပြု​သည်​မ​ဟုတ်။ သို့သော် ထို​သူ​တို့​သည် ကိုယ်ကာယ​၌ ဆင်းရဲ​ဒုက္ခ​ကို​ခံ​ကြ​ရ​လိမ့်မည်။ ငါ​သည် သင်​တို့​ကို ထို​ဒုက္ခ​မှ ကင်းဝေး​စေ​လို​၍​သာ​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 7:28
7 ပူးပေါင်းရင်းမြစ်များ  

သင်တို့​အား ငါ​ပြောဆိုသည်​မှာ ဇနီးဖြစ်သူ​သည် အိမ်ထောင်ရေး​ဖောက်ပြန်မှု​မရှိ​သော်လည်း ခင်ပွန်းဖြစ်သူ​က ထို​ဇနီး​ကို ကွာရှင်း​လျှင် သူ​သည် မိမိ​ဇနီး​ကို အိမ်ထောင်ရေး​ဖောက်ပြန်မှု ကျူးလွန်စေရာ​ရောက်၏။ ကွာရှင်းထားသော​အမျိုးသမီး​ကို လက်ထပ်သော​သူ​သည်​လည်း အိမ်ထောင်ရေး​ဖောက်ပြန်မှု​ကို ကျူးလွန်၏။


လက်ရှိ အကျပ်အတည်း​ကြောင့် ဤ​အတိုင်း နေ​လျှင် အကောင်းဆုံး​ဖြစ်မည်​ဟု ကျွန်ုပ်​ယူဆပါ၏။


သင်​၌ ဇနီး​ရှိ​ပါက ကွာရှင်း​ရန် မကြံစည်နှင့်။ ဇနီး​မရှိ​ပါက အိမ်ထောင်ပြု​ရန် မကြံစည်နှင့်။


ညီအစ်ကို​မောင်နှမတို့… ကျွန်ုပ်​ဆိုလိုသည်​မှာ ကျန်ရှိသော​အချိန်​သည် အလွန်​တိုတောင်း၏။ ထို့ကြောင့် ယခု​မှစ၍ ဇနီး​ရှိသောသူတို့​သည် ဇနီး​မရှိသောသူ​ကဲ့သို့​လည်းကောင်း၊


ကောရိန္သုမြို့​သို့ ကျွန်ုပ် ပြန်​မလာရခြင်း​အကြောင်းရင်း​မှာ ကျွန်ုပ်​၏ ပြင်းထန်သော​ဆုံးမခြင်း​မှ သင်တို့​ကို လွတ်စေလို​သောကြောင့်​ဖြစ်ကြောင်း ဘုရားသခင်​ကို တိုင်တည်​၍ ကျွန်ုပ်​ပြော၏။


ထိမ်းမြား​လက်ထပ်ခြင်း​ကို လူတိုင်း​တန်ဖိုးထား​လေးစားရမည်။ အိမ်ထောင်ရေး​တွင် တစ်ဦး​ကို​တစ်ဦး သစ္စာရှိ​ရမည်။ ဘုရားသခင်​သည် တရား​နှင့်​မညီသော မေထုန်​ကို ပြုသူတို့​နှင့် အိမ်ထောင်ရေး​ဖောက်ပြန်သော​သူတို့​ကို စီရင်တော်မူ​လိမ့်မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ