Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 7:28 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

28 သို့သော် အိမ်ထောင်ပြု​လျှင်​လည်း သင်​သည်​အပြစ်​ပြု​သည်​မ​ဟုတ်။ အပျို​ကညာ​တစ်​ဦး​သည် အိမ်ထောင်ပြု​လျှင်​လည်း အပြစ်​ပြု​သည်​မ​ဟုတ်။ သို့သော် ထို​သူ​တို့​သည် ကိုယ်ကာယ​၌ ဆင်းရဲ​ဒုက္ခ​ကို​ခံ​ကြ​ရ​လိမ့်မည်။ ငါ​သည် သင်​တို့​ကို ထို​ဒုက္ခ​မှ ကင်းဝေး​စေ​လို​၍​သာ​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

28 သို့​သော်​အိမ်​ထောင်​ပြု​လျှင်​လည်း​အ​ပြစ်​တစ်​စုံ တစ်​ရာ​ကူး​လွန်​ခြင်း​မ​ဟုတ်။ အိမ်​ထောင်​မ​ရှိ သည့်​အ​မျိုး​သ​မီး​သည်​အိမ်​ထောင်​ပြု​ခဲ့​သော် မည်​သည့်​အ​ပြစ်​ကို​မျှ​မ​ကူး​လွန်။ သို့​ရာ​တွင် အိမ်​ထောင်​သည်​တို့​နေ့​စဉ်​တွေ့​ကြုံ​ကြ​ရ​မည့် ဆင်း​ရဲ​ဒုက္ခ​များ​နှင့် သင်​တို့​အား​ကင်း​ဝေး​စေ လို​၍​ဤ​သို့​ငါ​ပြော​ရ​ခြင်း​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

28 သင် သည် အိမ် ထောင် ပြု လျှင် မူ ကား အ ပြစ် ရှိ သည် မ ဟုတ်။ သ မီး က ညာ လည်း အိမ် ထောင် ပြု လျှင် အ ပြစ် မ ရှိ။ သို့ ရာ တွင် ထို သို့ ပြု သော သူ တို့၌ ကာ ယ ဒု က္ခ ရောက် လိမ့် မည်။ ငါ သည် သင် တို့ ကို ဒု က္ခ မ ရောက် စေ လို။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

28 သို့​သော်​လည်း သင်​သည် မ​ယား​နေ​လျှင် အ​ပြစ်​မ​ရှိ။ လင်​မ​နေ​ဖူး​သော မိန်း​မ​သည်​လည်း လင်​နေ​လျှင် အ​ပြစ်​မ​ရှိ။ သို့​သော်​လည်း၊ ထို​သို့​ပြု​သော​သူ​တို့​သည် လော​က​ညှဉ်း​ဆဲ​ခြင်း​ဒု​က္ခ​ကို ခံ​ရ​ကြ​မည်။ ဤ​အ​မှု​အ​ရာ၌ ကျပ်​တည်း​စွာ​သော ပ​ညတ်​ကို ငါ​မ​ထား​လို။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

28 သို့သော် အိမ်ထောင်ပြု​လျှင်လည်း ၎င်း​သည် အပြစ်​မဟုတ်ပါ။ အပျိုစင်​တစ်ယောက်​အိမ်ထောင်ပြု​လျှင်လည်း အပြစ်​မဟုတ်ပါ။ သို့ရာတွင် ဤ​ကာလ​၌ အိမ်ထောင်ပြုသူတို့​သည် ဆင်းရဲဒုက္ခ​နှင့် ကြုံရမည်​ဖြစ်​၍ ကျွန်ုပ်​သည် သင်တို့​ကို ထို​ဒုက္ခများ​မှ ကင်းလွတ်​ရန် ပြောရခြင်း​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 7:28
7 ပူးပေါင်းရင်းမြစ်များ  

သို့သော် သင်​တို့​အား ငါ​ဆို​သည်​ကား တရားနှင့်မညီ​မေထုန်ပြု​ခြင်း​အကြောင်း​မှလွဲ၍ မိမိ​မယား​ကို​ကွာရှင်း​သော​သူ​တိုင်း​သည် ထို​မယား​အား အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကို ကျူးလွန်​စေ​၏။ ကွာရှင်း​ထား​သော​မိန်းမ​နှင့် ထိမ်းမြား​စုံဖက်​သော​သူ​သည်​လည်း အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကို ကျူးလွန်​၏။


မျက်မှောက်​ကြုံတွေ့​နေ​ရ​သော ခက်ခဲ​ကျပ်တည်း​ခြင်း​ကြောင့် ဤ​အတိုင်း​နေ​လျှင် ကောင်း​၏​ဟု ငါ​ယူဆ​၏။ ယောက်ျား​သည်​လည်း လက်ရှိ​အခြေအနေ​အတိုင်း​နေ​လျှင် ကောင်း​၏။


သင်​သည် မယား​နှင့်​အနှောင်အဖွဲ့​ရှိ​လျှင် ကွာရှင်း​ရန်​မ​ကြံစည်​နှင့်။ မယား​နှင့်​အနှောင်အဖွဲ့​မ​ရှိ​လျှင် မယား​ကို​မ​ရှာ​နှင့်။


ညီအစ်ကို​တို့၊ ဤသို့​ငါ​ဆို​၏။ အချိန်အခါ​ကုန်လု​နီး​ပြီ​ဖြစ်​သောကြောင့် ယခု​မှစ၍ မယား​ရှိ​သော​သူ​တို့​သည် မယား​မ​ရှိ​သော​သူ​ကဲ့သို့​လည်းကောင်း၊


ငါ​သည် ငါ့​အသက်​ဖြင့်​အာမခံ​၍ ဘုရားသခင်​ကို​သက်သေ​အဖြစ်​ထား​လျက်​ဆို​သည်​ကား ကောရိန္သု​မြို့​သို့ ငါ​မ​လာ​သေး​ဘဲ​နေ​ခြင်း​သည် သင်​တို့​ကို​ညှာတာ​၍​သာ​ဖြစ်​၏။


မင်္ဂလာဆောင်​ခြင်း​အမှု​ကို လူ​တိုင်း​လေးစား​မြတ်နိုး​ရ​မည်။ ထိမ်းမြား​ခြင်း​အိပ်ရာ​ကို​လည်း ညစ်ညူး​ခြင်း​မ​ရှိ​စေ​ရ။ အကြောင်းမူကား တရားနှင့်မညီ​မေထုန်ပြု​သူ​နှင့် အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကျူးလွန်​သူ​တို့​ကို ဘုရားသခင်​စီရင်​တော်မူ​လိမ့်မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ