Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 7:29 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

29 ညီအစ်ကို​မောင်နှမတို့… ကျွန်ုပ်​ဆိုလိုသည်​မှာ ကျန်ရှိသော​အချိန်​သည် အလွန်​တိုတောင်း၏။ ထို့ကြောင့် ယခု​မှစ၍ ဇနီး​ရှိသောသူတို့​သည် ဇနီး​မရှိသောသူ​ကဲ့သို့​လည်းကောင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

29 ညီ​အစ်​ကို​တို့၊ ငါ​ဆို​လို​သည်​ကား​ဤ​သို့​တည်း။ အ​ချိန်​ကာ​လ​ကုန်​ဆုံး​တော့​မည်။ ယ​ခု​မှ​စ​၍ အိမ်​ထောင်​ရှင်​အ​မျိုး​သား​များ​သည်​အိမ်​ထောင် မ​ရှိ​သ​ကဲ့​သို့​နေ​အပ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

29-31 ညီ အစ် ကို တို့၊ ဤ လော က အ ဆင်း သ ဏ္ဌာန် ပ ပျောက်၍ ခေတ် ကာ လ ကျုံ့ လှ ပြီ ဖြစ် သော ကြောင့် မ ယား ရှိ သူ တို့ သည် မ ရှိ သ ကဲ့ သို့ လည်း ကောင်း၊ ငို ကြွေး သူ တို့ သည် မ ငို ကြွေး သ ကဲ့ သို့ လည်း ကောင်း၊ ရွှင် လန်း သူ တို့ သည် မ ရွှင် လန်း သ ကဲ့ သို့ လည်း ကောင်း၊ ဝယ် ချမ်း သူ တို့ သည် လက် မဲ့ သ ကဲ့ သို့ လည်း ကောင်း၊ ဤ လော က ဆိုင် ရာ အ သုံး ပြု သူ တို့ သည် အ သုံး မ ကြူး သ ကဲ့ သို့ လည်း ကောင်း ယ ခု မှ စ၍ ရှိ နေ ကြ ရ မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

29 ညီ​အစ်​ကို​တို့၊ ငါ​ဆို​သည်​ကား၊ ကျန်​ကြွင်း​သော ကာ​လ​သည် ကျဉ်း​ကျပ်​သည်​ဖြစ်၍၊ မ​ယား​ရှိ​သော​သူ​သည် မ​ယား​မ​ရှိ​သ​ကဲ့​သို့ ဖြစ်​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

29 ညီအစ်ကို​တို့၊ ဤသို့​ငါ​ဆို​၏။ အချိန်အခါ​ကုန်လု​နီး​ပြီ​ဖြစ်​သောကြောင့် ယခု​မှစ၍ မယား​ရှိ​သော​သူ​တို့​သည် မယား​မ​ရှိ​သော​သူ​ကဲ့သို့​လည်းကောင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 7:29
23 ပူးပေါင်းရင်းမြစ်များ  

အခြား​တစ်ဦး​ကလည်း ‘အကျွန်ုပ်​သည် အိမ်ထောင်​ပြုစဖြစ်​၍ မလာနိုင်ပါ’ ဟု ပြော၏။


သို့သော် အိမ်ထောင်ပြု​လျှင်လည်း ၎င်း​သည် အပြစ်​မဟုတ်ပါ။ အပျိုစင်​တစ်ယောက်​အိမ်ထောင်ပြု​လျှင်လည်း အပြစ်​မဟုတ်ပါ။ သို့ရာတွင် ဤ​ကာလ​၌ အိမ်ထောင်ပြုသူတို့​သည် ဆင်းရဲဒုက္ခ​နှင့် ကြုံရမည်​ဖြစ်​၍ ကျွန်ုပ်​သည် သင်တို့​ကို ထို​ဒုက္ခများ​မှ ကင်းလွတ်​ရန် ပြောရခြင်း​ဖြစ်၏။


ငိုကြွေးသော​သူတို့​သည် မငိုကြွေး​သကဲ့သို့​လည်းကောင်း၊ ဝမ်းမြောက်သော​သူတို့​သည် ဝမ်းမမြောက်​သကဲ့သို့​လည်းကောင်း၊ ဝယ်ယူသော​သူတို့​သည် ထို​ဥစ္စာပစ္စည်းများ​ကို မပိုင်ဆိုင်​သကဲ့သို့​လည်းကောင်း နေ​သင့်၏။


လောကီ​နှင့်ဆိုင်သော​အရာများ​ကို သုံးစွဲသော​သူတို့​သည် ထို​အရာများ​ကို မတွယ်တာသင့်။ အဘယ်ကြောင့်ဆိုသော် ဤ​လက်ရှိ​ကမ္ဘာလောက​ပုံသဏ္ဌာန်​သည် ကွယ်ပျောက်​သွားတော့မည်​ဖြစ်​သောကြောင့်​ပင်။


ထို့ကြောင့် ကျမ်းစာ​၌ “လူ​အပေါင်းတို့​သည် မြက်ပင်​ကဲ့သို့​ဖြစ်​၍ သူတို့​၏​ဂုဏ်အသရေ​သည်လည်း မြက်ပွင့်​ကဲ့သို့ ဖြစ်၏။ မြက်ပင်​သည် ညှိုးနွမ်းခြောက်သွေ့​၍ အပွင့်​သည်လည်း ကြွေတတ်၏။


အရာ​အားလုံး​၏ နောက်ဆုံးချိန်​သည် နီးကပ်လာ​သောကြောင့် ဆုတောင်း​နိုင်ရန်​အတွက် မိမိတို့​စိတ်​ကို ချုပ်တည်း​လျက် သတိ​ရှိကြလော့။


လောက​နှင့် ထို​လောကီ​တပ်မက်ခြင်းများ​သည် ကွယ်ပျောက်သွား​လိမ့်မည်။ သို့သော် ဘုရားသခင်​၏ အလိုတော်​အတိုင်း ဆောင်ရွက်သောသူ​မှာမူ ထာဝရ​ရှင်သန်​လိမ့်မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ