Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရော​မ 14:3 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

3 အစားအစာ​အားလုံး​ကို စားသောသူ​သည် မစားသောသူ​ကို မထီမဲ့မြင်​မပြုနှင့်။ မစားသောသူ​သည်လည်း စားသောသူ​ကို အပြစ်​မတင်နှင့်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်​သည် သူ့​ကို လက်ခံတော်မူပြီ​ဖြစ်​သောကြောင့်​ပင်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

3 မည်​သည့်​အ​စား​အ​စာ​ကို​မ​ဆို​စား​တတ်​သော သူ​သည် ထို​သို့​မ​စား​တတ်​သူ​အား​အ​ထင်​မ​သေး နှင့်။ ဟင်း​သီး​ဟင်း​ရွက်​သာ​စား​တတ်​သူ​က​လည်း မည်​သည့်​အ​စား​အ​စာ​ကို​မ​ဆို​စား​တတ်​သူ ကို​ပြစ်​တင်​ဝေ​ဖန်​မှု​မ​ပြု​နှင့်။ အ​ဘယ်​ကြောင့် ဆို​သော်​မည်​သည့်​အ​စား​အ​စာ​ကို​မ​ဆို​စား တတ်​သူ​အား ဘု​ရား​သ​ခင်​လက်​ခံ​တော်​မူ ပြီး​ဖြစ်​သော​ကြောင့်​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

3 စား သူ သည် မ စား သူ့ ကို မ ထီ လေး စား ခြင်း၊ မ စား သူ လည်း စား သူ့ ကို စီ ရင် ခြင်း မ ပြု စေ လင့်။ နှစ် ဦး လုံး ကို ဘု ရား သ ခင် လက် ခံ တော် မူ ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

3 အ​မျိုး​မျိုး​ကို စား​သော​သူ​သည် မ​စား​သော​သူ​ကို မ​ထီ​မဲ့​မြင် မ​ပြု​စေ​နှင့်။ မ​စား​သော​သူ​သည်​လည်း၊ စား​သော​သူ​ကို မ​စစ်​ကြော​မ​စီ​ရင်​စေ​နှင့်။ အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်​သည် သူ့​ကို​လက်​ခံ​တော်​မူ​ပြီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

3 စား​သော​သူ​သည် မ​စား​သော​သူ​ကို​မထီမဲ့မြင်​မ​ပြု​နှင့်။ မ​စား​သော​သူ​သည်​လည်း စား​သော​သူ​ကို မ​စီရင်​နှင့်။ အကြောင်းမူကား ဘုရားသခင်​သည် သူ့​ကို​လက်ခံ​တော်မူ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရော​မ 14:3
20 ပူးပေါင်းရင်းမြစ်များ  

သို့ဖြစ်၍ သင်​သည် သင်တို့​၏ ညီအစ်ကို​မောင်နှမများ​ကို အဘယ်ကြောင့် အပြစ်တင်သနည်း။ သူတို့​အား အဘယ်ကြောင့် မထီမဲ့မြင်​ပြုသနည်း။ ဘုရားသခင်​၏ တရားခွင်​ရှေ့၌ ကျွန်ုပ်တို့​အားလုံး ရောက်ကြ​ရမည်​ဖြစ်၏။


ထို့ပြင် မိမိကိုယ်ကိုယ် သူတော်ကောင်း​ဖြစ်သည်​ဟု ခံယူကြ​လျက် သူတစ်ပါး​အား မထီမဲ့မြင်ပြုသူ​တချို့​အား ပုံဥပမာ​ပေး​၍ မိန့်တော်မူ၏။


ထို့ကြောင့် အချင်းချင်း အပြစ်​မတင်ဘဲ နေကြပါစို့။ အပြစ်​တင်မည့်​အစား အခြား​ယုံကြည်သောသူ​တစ်ယောက်​အတွက် ဆူးငြောင့်ခလုတ် သို့မဟုတ် ထိမိ​၍ လဲစရာ​မဖြစ်​စေရန် ဆင်ခြင်ကြပါစို့။


ထိုအခါ ပေတရု​က “ဘုရားသခင်​သည် မျက်နှာလိုက်တော်​မမူကြောင်း ကျွန်ုပ်​အခိုင်အမာ နားလည်၏။


အသား​စားခြင်း၊ စပျစ်ဝိုင်​သောက်ခြင်း​စသော သင်​၏ ညီအစ်ကို​မောင်နှမ​တစ်ဦးဦး တိုက်မိ​၍​လဲစရာ​ဖြစ်စေမည့် အရာ​မှန်သမျှ​ကို ရှောင်သင့်၏။


အခြား​ယုံကြည်သောသူ​တစ်ယောက်​သည် သင်​စားသော​အစာ​ကြောင့် စိတ်အနှောင့်အယှက်​ဖြစ်​လျှင် သင်​သည် မေတ္တာတရား​ဖြင့် အသက်ရှင်​နေထိုင်ရာ မကျတော့ပေ။ ထို​သူ​အတွက် ခရစ်တော်​အသေခံ​ပေးတော်မူခဲ့သည်​ဖြစ်ရာ သင်​စားသော​အစားအစာ​ကြောင့် သူ့​ကို မပျက်စီးစေနှင့်။


ကလေးငယ်​တစ်ဦးတစ်ယောက်​အပေါ်​၌ မထီမဲ့မြင်​မပြုမိ​စေရန် သတိပြုကြလော့။ ကောင်းကင်ဘုံ​တွင်​ရှိသော ထို​ကလေးငယ်တို့​၏ ကောင်းကင်တမန်များ​သည် ကောင်းကင်ဘုံ​၌ ရှိတော်မူသော ငါ့​ခမည်းတော်​၏ မျက်နှာတော်​ကို အစဉ်မပြတ် ဖူးမြော်​ကြရသည်​ဟု သင်တို့​အား ငါ​ပြောဆို၏။


ထို​စကား​ကို ပေတရု​ပြောဆို​နေစဉ် သန့်ရှင်းသော​ဝိညာဉ်တော်​သည် နှုတ်ကပတ်​တရားတော်​ကြားနာနေသော​သူ​အပေါင်းတို့​အပေါ် ဆင်းသက်တော်မူ၏။


တစ်နေ့​သောအခါ နှစ်ခြင်းဆရာ​ယောဟန်​၏ တပည့်များ​သည် ယေရှု​ထံသို့​လာ​၍ “အကျွန်ုပ်တို့​နှင့် ဖာရိရှဲတို့​သည် မကြာခဏ အစာရှောင်လေ့​ရှိကြ၏။ သို့ရာတွင် ဆရာတော်​၏​တပည့်များ​သည် အဘယ်ကြောင့် အစာမရှောင်ဘဲ​နေကြသနည်း” ဟု မေးလျှောက်ကြ၏။


ကျွန်းသူ​ကျွန်းသားများ​က ကျွန်ုပ်တို့​အပေါ် အလွန်​ကြင်နာ​ကြ၏။ မိုးရွာ​၍ ချမ်းအေး​သောကြောင့် သူတို့​သည်​မီးဖိုပေး​လျက် ကျွန်ုပ်တို့​အားလုံး​ကို ကြိုဆိုဧည့်ခံကြ၏။


သူတို့​ကို ဘုရားသခင် စွန့်ပယ်တော်မူခြင်း​သည် လောကီသားတို့​အား ပြန်လည်​သင့်မြတ်ခွင့်​ကို ဖြစ်စေ​လျှင် သူတို့​ကို လက်ခံတော်မူခြင်း​သည် ပို၍​ပင် အံ့ဖွယ်​ဖြစ်​လိမ့်မည်။ သေလွန်သော​သူတို့ အသက်​ပြန်ရှင်​သကဲ့သို့​ပင် ဖြစ်​လိမ့်မည်။


ယုံကြည်ခြင်း​အားနည်းသော​သူ​ကို လက်ခံကြလော့။ သူ​၏ ထင်မြင်​ယူဆချက်များ​ကို သူ​နှင့် မငြင်းခုံကြနှင့်။


ထို့ကြောင့် ခရစ်တော်​သည် သင်တို့​ကို လက်ခံ​ကြိုဆို​တော်မူ​သကဲ့သို့ သင်တို့​သည်လည်း ဘုရားသခင်​၏​ဘုန်းတော် ထင်ရှား​စေရန် အချင်းချင်း လက်ခံ​ကြိုဆိုကြလော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ