Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 14:19 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

19 ထို့နောက် ယေရှု​သည် လူထု​ပရိသတ်တို့​ကို မြက်ခင်း​ပေါ်တွင် ထိုင်စေတော်မူ၏။ မုန့်​ငါးလုံး​နှင့် ငါး​နှစ်ကောင်​ကိုလည်း ယူ​လျက် ကောင်းကင်​သို့​မျှော်ကြည့်​ကာ ကျေးဇူးတော်​ကို​ချီးမွမ်းတော်မူ၏။ ပြီးမှ မုန့်​ကို​ချိုးဖဲ့​၍ တပည့်တော်တို့​အား ပေးတော်မူ​လျှင် တပည့်တော်တို့​သည်လည်း လူထု​ပရိသတ်တို့​အား ပေးဝေကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

19 ကိုယ်​တော်​သည်​လူ​ပ​ရိ​သတ်​တို့​ကို​မြက်​ခင်း​ပေါ် တွင်​ထိုင်​စေ​တော်​မူ​၏။ ထို​နောက်​မုန့်​ငါး​လုံး​နှင့်​ငါး နှစ်​ကောင်​ကို​ယူ​၍​ကောင်း​ကင်​သို့​မျှော်​ကြည့်​လျက် ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​တော်​မူ ပြီး​လျှင် မုန့်​များ​ကို​ဖဲ့​၍​တ​ပည့်​တော်​တို့​အား​ပေး တော်​မူ​၏။ တ​ပည့်​တော်​တို့​သည်​လည်း​လူ​တို့​အား ဝေ​ပေး​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

19 လူ ပ ရိ သတ် ကို မြက် ပေါ် တွင် ထိုင် ကြ စေ ရန် မိန့် တော် မူ ပြီး လျှင် ထို မုန့် ငါး လုံး နှင့် ငါး နှစ် ကောင် ကို ယူ၍ ကောင်း ကင် သို့ မြော် ကြည့် လျက် ကောင်း ကြီး ပေး၍ မုန့် များ ကို ဖဲ့ ပြီး နောက် တ ပည့် တော် တို့ ကို ပေး သ ဖြင့် တ ပည့် တော် တို့ လည်း လူ ပ ရိတ် သတ် အား ဝေ ပေး ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

19 မုန့်​ငါး​လုံး​နှင့် ငါး​နှစ်​ကောင်​ကို​လည်း​ယူ၍ ကောင်း​ကင်​သို့ ကြည့်​မျှော်​လျက်၊ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ပြီး​မှ မုန့်​နှင့် ငါး​ကို​ဖဲ့၍ တ​ပည့်​တော်​တို့​အား ပေး​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

19 ထို့နောက် လူထု​ပရိသတ်​တို့​ကို မြက်​ခင်း​ပေါ်​ထိုင်​ကြ​ရန် အမိန့်​ပေး​တော်မူ​၍ မုန့်​ငါး​လုံး​နှင့် ငါး​နှစ်​ကောင်​ကို​ယူ​လျက် မိုး​ကောင်းကင်​သို့​မျှော်ကြည့်​ကာ ကျေးဇူး​တော်​ချီးမွမ်း​ပြီးလျှင် မုန့်​ကို​ဖဲ့​၍ တပည့်​တော်​တို့​အား ပေး​တော်မူ​၏။ တပည့်​တော်​တို့​သည်​လည်း လူထု​ပရိသတ်​တို့​အား ဝေပေး​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

19 မုန့်​ငါး​လုံး​နှင့် ငါး​နှစ်​ကောင်​ကို​လည်း​ယူ၍ ကောင်း​ကင်​သို့ ကြည့်​မျှော်​လျက်၊ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ပြီး​မှ မုန့်​နှင့် ငါး​ကို​ဖဲ့၍ တ​ပည့်​တော်​တို့​အား ပေး​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 14:19
24 ပူးပေါင်းရင်းမြစ်များ  

ယေရှု​က “ထို​မုန့်​ငါးလုံး​နှင့် ငါး​နှစ်ကောင်​ကို ငါ့​ထံသို့ ယူခဲ့ကြ” ဟု မိန့်တော်မူ၏။


ထို့နောက် ယေရှု​က လူထု​ပရိသတ်တို့​ကို မြက်ခင်း​ပေါ်တွင် အုပ်စုဖွဲ့​၍ ထိုင်​စေရန် တပည့်တော်တို့​ကို မိန့်တော်မူ၏။


ထို့နောက် ကိုယ်တော်​သည် မုန့်​ငါးလုံး​နှင့် ငါး​နှစ်ကောင်​ကို ယူ​လျက် ကောင်းကင်​သို့ မျှော်ကြည့်​ကာ ကျေးဇူးတော်​ကို ချီးမွမ်းတော်မူ၏။ ပြီးမှ မုန့်​ကို ချိုးဖဲ့​၍ လူထု​ပရိသတ်တို့​ကို ဝေငှ​ရန် တပည့်တော်တို့​အား ပေးတော်မူ၏။ ငါးနှစ်ကောင်​ကိုလည်း လူတို့​အား ဝေတော်မူ၏။


ထို့နောက် ကောင်းကင်​သို့ မော့ကြည့်​၍ သက်ပြင်းချ​ကာ “ဧဖသ” ဟု မိန့်တော်မူ၏။ အဓိပ္ပာယ်​မှာ “ပွင့်စေ” ဟု ဆိုလို၏။


ထို့နောက် ယေရှု​သည် စပျစ်ရည်ခွက်​ကို​ယူ​၍ ကျေးဇူးတော်​ကို ချီးမွမ်းပြီး​သော် “ဤ​ခွက်​ကို ယူ​၍ သင်တို့​အချင်းချင်း​ဝေမျှကြလော့။


မုန့်​ကိုလည်း​ယူ​၍ ဘုရားသခင်​၏​ကျေးဇူးတော်​ကို ချီးမွမ်းတော်မူ၏။ မုန့်​ကို ဖဲ့​၍ တပည့်တော်တို့​အား ပေးတော်မူ​လျက် “ဤ​မုန့်​သည် သင်တို့​အတွက်​စွန့်သော ငါ​၏​ကိုယ်ခန္ဓာ​ဖြစ်၏။ ငါ့​ကို အောက်မေ့သတိရ​ရန် ဤသို့​ပြုကြလော့” ဟု မိန့်တော်မူ၏။


ထို့နောက် သူတို့​နှင့်အတူ စားပွဲ​တွင်​ထိုင်တော်မူ​ပြီးလျှင် မုန့်​ကို​ယူ​၍ ကျေးဇူးတော်​ကို ချီးမွမ်းတော်မူ၏။ မုန့်​ကို​လည်း ဖဲ့​၍ သူတို့​အား ပေးတော်မူ၏။


ထိုသို့ လျှောက်ရခြင်း​မှာ ပရိသတ်​ငါးထောင်​ခန့် ရှိသောကြောင့်​ဖြစ်၏။ ယေရှု​က တပည့်တော်တို့​အား “သူတို့​ကို တစ်ဖွဲ့​လျှင် ငါးဆယ်​စီ အုပ်စုဖွဲ့​၍ ထိုင်စေလော့” ဟု မိန့်တော်မူ၏။


ထို့နောက် ယေရှု​သည် မုန့်​ငါးလုံး​နှင့် ငါး​နှစ်ကောင်​ကို ယူ​၍ ကောင်းကင်​သို့ မျှော်ကြည့်​ကာ ကျေးဇူးတော်​ကို ချီးမွမ်းတော်မူ၏။ ပြီးမှ မုန့်​ကို ချိုးဖဲ့​၍ လူထု​ပရိသတ်တို့​အား ဝေ​ရန် တပည့်တော်တို့​အား ပေးတော်မူ၏။


သို့ဖြစ်၍ လူတို့​သည် ကျောက်တုံး​ကို ရွှေ့ကြ၏။ ယေရှု​သည် ကောင်းကင်​သို့ မျှော်ကြည့်တော်မူပြီး​လျှင် “အို အဖ… အကျွန်ုပ်​တောင်းလျှောက်သည်​ကို နားဆင်တော်မူပြီ​ဖြစ်​သောကြောင့် ကျေးဇူးတင်ပါ၏။


ထိုစဉ် သခင်ဘုရား​က ကျေးဇူးတော်ချီးမွမ်း​၍ လူတို့​မုန့်​ကို စားခဲ့ကြသည့် နေရာ​အနီး​သို့ တိဗေရိမြို့​မှ​လာသော လှေများ​သည် ဆိုက်ကပ်လာကြ၏။


ထိုသို့​ပြောဆို​ပြီးနောက် သူ​သည်​မုန့်​ကို​ယူ​ကာ လူများ​ရှေ့​တွင် ဘုရားသခင်​၏​ကျေးဇူးတော်​ကို​ချီးမွမ်း​ကာ ဖဲ့​၍​စားလေ၏။


နေ့​တစ်နေ့​ကို အထူး​နေ့​အဖြစ် အလေးထားသောသူ​သည် ဘုရားသခင်​ကို ထောက်​၍ အလေးထားခြင်း ဖြစ်၏။ အစားအစာ​အားလုံး​ကို စားသောသူ​သည် ဘုရားသခင်​ကို ထောက်​၍ စားခြင်း ဖြစ်၏။ သူ​သည် ထို​အစာ​အတွက် ဘုရားသခင်​ကို ကျေးဇူးတင်၏။ မစားသောသူ​သည်လည်း ဘုရားသခင်​ကို ထောက်​၍ မစားဘဲ​နေခြင်း ဖြစ်၏။ သူ​သည်လည်း ဘုရားသခင်​ကို ကျေးဇူးတင်၏။


ကောင်းချီး​မင်္ဂလာ​ခွက်​ကို ကျွန်ုပ်တို့​ကောင်းချီးပေး​၍ သောက်သည်​မှာ ခရစ်တော်​၏ အသွေးတော်​ကို မျှဝေခံယူကြခြင်း​ဖြစ်သည် မဟုတ်လော။ မုန့်​ကို ဖဲ့​၍ စားသည်​မှာ ခရစ်တော်​၏ ကိုယ်ခန္ဓာ​ကို မျှဝေခံယူကြခြင်း​ဖြစ်သည် မဟုတ်လော။


ထို့ကြောင့် သင်တို့​သည် စားသည်​ဖြစ်စေ၊ သောက်သည်​ဖြစ်စေ၊ တစ်စုံတစ်ရာ​ကို ပြုလုပ်သည်​ဖြစ်စေ အရာ​အားလုံး​ကို ဘုရားသခင်​၏ ဘုန်းတော်​အတွက် ပြုကြလော့။


ကျေးဇူးတော်​ကို ချီးမွမ်းတော်မူ၏။ ထို့နောက် မုန့်​ကို ဖဲ့​၍ “ဤ​မုန့်​သည် သင်တို့​အတွက်​စွန့်သော ငါ​၏​ကိုယ်ခန္ဓာ​ဖြစ်၏။ ငါ့​ကို အောက်မေ့သတိရ​ရန် ဤသို့​ပြုကြလော့” ဟု မိန့်တော်မူ၏။


အပြောအဆို​အားဖြင့်​ဖြစ်စေ၊ အပြုအမူ​အားဖြင့်​ဖြစ်စေ ပြုလေသမျှတို့​တွင် သခင်​ယေရှု​၏ နာမတော်​ကို ထောက်​၍ ပြုကြလော့။ ထို​သခင်​ကို အကြောင်းပြု​၍ အဖ​ဘုရားသခင်​ကို ကျေးဇူးတင်ကြလော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ