Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ တိ 5:14 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

14 ထို့ကြောင့် လမ်းလွဲ​၍ စာတန်​နောက်သို့ လိုက်ပါသွားကြသော အချို့​မုဆိုးမတို့​ကို ထောက်​၍ ငယ်ရွယ်သော​မုဆိုးမတို့​သည် ရန်သူ​အား ကဲ့ရဲ့ခွင့်​ကို မပေးဘဲ ထပ်မံ​အိမ်ထောင်ပြု​ရန်၊ သားသမီးများ​ယူ​ရန်၊ အိမ်မှု​ကိစ္စများ​ထိန်းသိမ်း​ရန် ကျွန်ုပ်​အကြံပေး​လို၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

14 သို့​ဖြစ်​၍​ရန်​သူ​တို့​သည်​ငါ​တို့​အ​ကြောင်း မ​ကောင်း​မ​ပြော​နိုင်​စေ​ရန် အ​သက်​အ​ရွယ်​ငယ် သေး​သည့်​မု​ဆိုး​မ​တို့​သည် အိမ်​ထောင်​သား​မွေး မှု​ကို​ပြု​လျက် မိ​မိ​တို့​၏​အိမ်​မှု​ကိစ္စ​များ​ကို ကြည့်​ရှု​စောင့်​ထိန်း​ကြ​သည်​ကို​ငါ​လို​လား​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

14-15 ထို ကြောင့် စာ တန် နောက် သို့ အ ချို့ တို့ လွှဲ သွား ကြ သည် ကို ထောက်၍ ထို ပျို ရွယ် သော မု ဆိုး မ တို့ သည် ရန် သူ ကဲ့ ရဲ့ ခွင့် ကို အား မ ပေး ဘဲ အိမ် ထောင် ပြု လျက်၊ သား ဖွား လျက်၊ အိမ် မှု ကို စီ မံ လျက် နေ ကြ စေ ရန် ငါ အ လို ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

14 ထို​ကြောင့်၊ အ​သက်​အ​ရွယ်​နု​ပျို​သော မု​ဆိုး​မ​တို့​သည် အိမ်​သင့်​ခြင်း၊ သား​ဖွား​ခြင်း၊ အိမ်​မှု​ကို ကြည့်​ရှု​ပြု​စု​ခြင်း၊ ကဲ့​ရဲ့​စ​ရာ​အ​ခွင့်​ကို ရန်​သူ​အား မ​ပေး​ဘဲ​နေ​ခြင်း အ​မှု​များ​ကို ပြု​စေ​ခြင်း​ငှာ ငါ​အ​လို​ရှိ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

14 ထို့ကြောင့် ငယ်ရွယ်​သော​မုဆိုးမ​တို့​သည် အိမ်ထောင်ပြု​လျက် သားသမီး​များ​မွေးဖွား​ကာ အိမ်မှုကိစ္စ​ကို​စီမံ​ကွပ်ကဲ​၍ ရန်သူ​အား ကဲ့ရဲ့​ပြစ်တင်​ခြင်း​အခွင့်​ကို​မ​ပေး​ရန် ငါ​အလိုရှိ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ တိ 5:14
19 ပူးပေါင်းရင်းမြစ်များ  

ထို့ကြောင့် အချင်းချင်း အပြစ်​မတင်ဘဲ နေကြပါစို့။ အပြစ်​တင်မည့်​အစား အခြား​ယုံကြည်သောသူ​တစ်ယောက်​အတွက် ဆူးငြောင့်ခလုတ် သို့မဟုတ် ထိမိ​၍ လဲစရာ​မဖြစ်​စေရန် ဆင်ခြင်ကြပါစို့။


သို့ရာတွင် ကျွန်ုပ်တို့​ကဲ့သို့ လုပ်ဆောင်သည်​ဟူသော တန်းတူ​ကြွားဝါခွင့်​ကို ရလိုသော​သူတို့​အား ထို​အခွင့်​ကို မရ​စေရန် ဆက်​၍ သင်တို့​ထံမှ ထောက်ပံ့ငွေ​ကို ကျွန်ုပ်​လက်ခံမည်​မဟုတ်။


ကိုးကွယ်သည့်​နေရာ​တိုင်း​၌ အမျိုးသားတို့​သည် အမျက်ထွက်ခြင်း၊ ငြင်းခုံခြင်း မရှိဘဲ သန့်ရှင်း​စွာ နေထိုင်​၍ မိမိတို့​၏ လက်​ကို မြှောက်​လျက် ဆုတောင်းကြ​ရန် ကျွန်ုပ်​အလိုရှိ၏။


သူတို့​သည် အိမ်ထောင်​မပြုရ ဟူ၍​လည်းကောင်း၊ အချို့သော​အစားအစာများ​ကို မစားရ ဟူ၍​လည်းကောင်း တားမြစ်ကြ၏။ အမှန်​တွင် ယုံကြည်​၍ သမ္မာတရား​ကို သိသော​သူတို့​သည် ကျေးဇူးတော်​ချီးမွမ်း​လျက် စားနိုင်ကြ​စေရန် ထို​အစားအစာများ​ကို ဘုရားသခင် ဖန်ဆင်းတော်မူ၏။


ငယ်ရွယ်သော မုဆိုးမများ​ကိုမူ စာရင်း​မသွင်းနှင့်။ အဘယ်ကြောင့်ဆိုသော် သူတို့​၏ ကာမဂုဏ်​တပ်မက်ခြင်း​သည် ခရစ်တော်​ထံ ဆက်ကပ်ခြင်း​ထက် အားကြီးလာ​သောအခါ ထပ်မံ​အိမ်ထောင်​ပြုလိုစိတ်​ရှိလာ​သောကြောင့် ဖြစ်၏။


ကျွန်များ​သည် မိမိတို့​၏ သခင်များ​ကို ရိုသေ​ထိုက်သူများ​ဟု မှတ်ယူ​သင့်၏။ သို့မှသာ အခြား​သူတို့​သည် ဘုရားသခင်​၏ နာမတော်​နှင့် ကျွန်ုပ်တို့​၏​သွန်သင်ချက်များ​ကို စော်ကား​ပြောဆိုကြမည် မဟုတ်ပေ။


မိမိကိုယ်ကိုယ်​ချုပ်တည်းသူ၊ စင်ကြယ်သူ၊ အိမ်မှုကိစ္စ​ကို ကောင်းစွာ ထိန်းသိမ်းနိုင်သူ၊ ကြင်နာတတ်သူ၊ ခင်ပွန်းသည်​ကို နာခံသူ​များ ဖြစ်​ရန် သင်ပေးနိုင်​လိမ့်မည်။ သို့မှသာ မည်သူမျှ ဘုရားသခင်​၏​တရားတော်​ကို စော်ကား​နိုင်မည်​မဟုတ်။


အပြစ်ဆိုဖွယ်​မရှိသည့် မှန်ကန်သော​စကား​ကို ပြောဆိုခြင်း​တို့​ဖြင့် သွန်သင်လော့။ ထိုအခါ သင့်​ကို ဆန့်ကျင်သော​သူတို့​သည် ကဲ့ရဲ့စရာ​အကြောင်း​မရှိ​သဖြင့် အရှက်ကွဲကြ​လိမ့်မည်။


ထိမ်းမြား​လက်ထပ်ခြင်း​ကို လူတိုင်း​တန်ဖိုးထား​လေးစားရမည်။ အိမ်ထောင်ရေး​တွင် တစ်ဦး​ကို​တစ်ဦး သစ္စာရှိ​ရမည်။ ဘုရားသခင်​သည် တရား​နှင့်​မညီသော မေထုန်​ကို ပြုသူတို့​နှင့် အိမ်ထောင်ရေး​ဖောက်ပြန်သော​သူတို့​ကို စီရင်တော်မူ​လိမ့်မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ