Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ တိ 5:15 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

15 အချို့​မုဆိုးမတို့​မှာမူ လမ်းလွဲ​၍ စာတန်​နောက်သို့ လိုက်ပါသွားကြပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

15 ယ​ခု​ပင်​လျှင်​အ​ချို့​သော​မု​ဆိုး​မ​များ​သည် လမ်း​လွဲ​၍​စာ​တန်​၏​နောက်​သို့​လိုက်​ကြ​လေ ကုန်​ပြီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

15 အ​ကြောင်း​မူ​ကား၊ ယ​ခု​ပင်​အ​ချို့​တို့​သည် လမ်း​လွဲ၍ စာ​တန်​နောက်​သို့ လိုက်​သွား​ကြ​ပြီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

15 အကြောင်းမူကား အချို့​သော​မုဆိုးမ​တို့​သည် လမ်းလွဲ​၍ စာတန်​နောက်​သို့​လိုက်​သွား​ကြ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ တိ 5:15
12 ပူးပေါင်းရင်းမြစ်များ  

လူများစွာတို့​သည် ထို​သူတို့​၏ ကိလေသာ​လွန်ကြူးခြင်း​လမ်းစဉ်​နောက်သို့ လိုက်ကြ​လိမ့်မည်။ ထို​ဆရာ​အတုအယောင်များ​ကြောင့် သမ္မာတရား​လမ်း​သည် စော်ကား​ပြောဆိုခံရ​လိမ့်မည်။


ထို​သူတို့​သည် ကျွန်ုပ်တို့​ထံမှ ထွက်သွား​သော်လည်း ကျွန်ုပ်တို့​နှင့် အမှန်တကယ် မသက်ဆိုင်ကြ။ ကျွန်ုပ်တို့​နှင့်​သက်ဆိုင်​လျှင် ကျွန်ုပ်တို့​နှင့်အတူ နေရစ်​လိမ့်မည်။ သို့သော် ထိုသို့​ထွက်သွားခြင်း​ဖြင့် သူတို့​အားလုံး​သည် ကျွန်ုပ်တို့​နှင့် မသက်ဆိုင်ကြောင်း ပေါ်လွင်ထင်ရှား​လျက်​ရှိ၏။


ဒေမ​သည် ဤ​လောက​ကို ချစ်​၍ ကျွန်ုပ်​ကို စွန့်ခွာ​ပြီး သက်သာလောနိတ်မြို့​သို့ သွားလေပြီ။ ကရက္ကေ​သည် ဂလာတိပြည်​သို့ သွားပြီ။ တိတု​သည် ဒါလမာတိပြည်​သို့ သွားပြီ။


ထို​သူတို့​ထဲတွင် ဟုမေနဲ​နှင့် အလက်ဇန်းဒါး​တို့ ပါဝင်ကြ၏။ သူတို့​သည် ဘုရားသခင်​ကို စော်ကားပြောဆိုခြင်း မပြုသင့်ကြောင်း အဆုံးအမ​ခံကြ​စေရန် ကျွန်ုပ်​သည် သူတို့​ကို စာတန်​လက်သို့ အပ်လိုက်၏။


ထို​နဂါး​သည် တစ်ကမ္ဘာလုံး​ကို လှည့်ဖြားသည့် မာရ်နတ်၊ သို့မဟုတ် စာတန် ဟု​ခေါ်သော ရှေးမြွေဟောင်း​ဖြစ်ပြီး သူ​၏ တမန်များ​နှင့်အတူ ကမ္ဘာမြေ​ပေါ်သို့ ပစ်ချခံခဲ့ရ၏။


ပေါလု​သည် ဤ​အကြောင်းအရာများ​နှင့်​ပတ်သက်​၍ သူ​၏​စာ​အားလုံး​တွင်လည်း ဤ​အတိုင်း​ပင် ရေးသားထား၏။ သူ​၏ စာများ​ထဲတွင် နားလည်​ရန် ခက်ခဲသော အကြောင်းအရာ​တချို့ ပါဝင်၏။ မသိ​နားမလည်သူများ​နှင့် တည်ငြိမ်​ရင့်ကျက်မှု​မရှိသော​သူများ​သည် အခြား​ကျမ်းများ​ကို ပြု​သကဲ့သို့ ထို​စာ​၏ အနက်​ကိုလည်း မှောက်လှန်​၍ မိမိကိုယ်ကိုယ် ပျက်စီး​စေတတ်ကြ၏။


သူတို့​သည် သမ္မာတရားလမ်း​မှ လွဲချော်​၍ သေသောသူ​တို့​၏ ရှင်ပြန်ထမြောက်ခြင်း​သည် ဖြစ်ပျက်ပြီးလေပြီ​ဟု ပြောဆို​လျက် လူတချို့​၏ ယုံကြည်ခြင်း​ကို နှောင့်ယှက်​ဖျက်ဆီးကြ၏။


ဖုဂေလု​နှင့် ဟေရမောဂင်​တို့​အပါအဝင် အာရှပြည်​၌ နေထိုင်သော​လူအပေါင်း​သည် ကျွန်ုပ်​ကို စွန့်ခွာသွားကြောင်း သင်​သိ၏။


ယေရှု​က “အို စာတန်မာရ်နတ်… ငါ့​ထံမှ ထွက်သွားလော့။ ကျမ်းစာ​၌ ရေးသားထားသည်​မှာ ‘သင်​၏​ဘုရားသခင် ထာဝရဘုရား​ကိုသာ ကိုးကွယ်​ရမည်။ ထို​အရှင်​တစ်ပါးတည်း​ကိုသာ ဝတ်ပြု​ရမည်’ ဟူ၍ ဖြစ်သည်” ဟု မိန့်တော်မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ