၁ တိ 5:14 - မြန်မာ့စံမီသမ္မာကျမ်း14 ထို့ကြောင့် ငယ်ရွယ်သောမုဆိုးမတို့သည် အိမ်ထောင်ပြုလျက် သားသမီးများမွေးဖွားကာ အိမ်မှုကိစ္စကိုစီမံကွပ်ကဲ၍ ရန်သူအား ကဲ့ရဲ့ပြစ်တင်ခြင်းအခွင့်ကိုမပေးရန် ငါအလိုရှိ၏။ အခန်းကိုကြည့်ပါ။Common Language Bible14 သို့ဖြစ်၍ရန်သူတို့သည်ငါတို့အကြောင်း မကောင်းမပြောနိုင်စေရန် အသက်အရွယ်ငယ် သေးသည့်မုဆိုးမတို့သည် အိမ်ထောင်သားမွေး မှုကိုပြုလျက် မိမိတို့၏အိမ်မှုကိစ္စများကို ကြည့်ရှုစောင့်ထိန်းကြသည်ကိုငါလိုလား၏။- အခန်းကိုကြည့်ပါ။Garrad Bible14-15 ထို ကြောင့် စာ တန် နောက် သို့ အ ချို့ တို့ လွှဲ သွား ကြ သည် ကို ထောက်၍ ထို ပျို ရွယ် သော မု ဆိုး မ တို့ သည် ရန် သူ ကဲ့ ရဲ့ ခွင့် ကို အား မ ပေး ဘဲ အိမ် ထောင် ပြု လျက်၊ သား ဖွား လျက်၊ အိမ် မှု ကို စီ မံ လျက် နေ ကြ စေ ရန် ငါ အ လို ရှိ၏။ အခန်းကိုကြည့်ပါ။Judson Bible14 ထိုကြောင့်၊ အသက်အရွယ်နုပျိုသော မုဆိုးမတို့သည် အိမ်သင့်ခြင်း၊ သားဖွားခြင်း၊ အိမ်မှုကို ကြည့်ရှုပြုစုခြင်း၊ ကဲ့ရဲ့စရာအခွင့်ကို ရန်သူအား မပေးဘဲနေခြင်း အမှုများကို ပြုစေခြင်းငှာ ငါအလိုရှိ၏။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း14 ထို့ကြောင့် လမ်းလွဲ၍ စာတန်နောက်သို့ လိုက်ပါသွားကြသော အချို့မုဆိုးမတို့ကို ထောက်၍ ငယ်ရွယ်သောမုဆိုးမတို့သည် ရန်သူအား ကဲ့ရဲ့ခွင့်ကို မပေးဘဲ ထပ်မံအိမ်ထောင်ပြုရန်၊ သားသမီးများယူရန်၊ အိမ်မှုကိစ္စများထိန်းသိမ်းရန် ကျွန်ုပ်အကြံပေးလို၏။ အခန်းကိုကြည့်ပါ။ |
ထိုအခါ အခြားအုပ်ချုပ်ရေးမှူးနှင့် အုပ်ချုပ်ရေးအရာရှိတို့သည် နိုင်ငံအရေးနှင့်ပတ်သက်၍ ဒံယေလကို စွပ်စွဲနိုင်ရန် သူ၏အမှားကို ရှာကြံကြ၏။ သို့သော် ဒံယေလသည် သစ္စာရှိသူဖြစ်သည်နှင့်အညီ သူ၌ မှားယွင်းမှု၊ ပေါ့ဆမှုတစ်စုံတစ်ရာမျှမရှိ။ သူ၌အမှားမတွေ့သောကြောင့် သူ့ကိုစွပ်စွဲ၍မရကြ။