ထိုစဉ် အလက်ဇန်းဒါးမြို့သား၊ အာပေါလုအမည်ရှိသော ဂျူးလူမျိုးတစ်ယောက်သည် ဧဖက်မြို့သို့ ရောက်လာ၏။ သူသည် အဟောအပြောကောင်းသူတစ်ယောက်ဖြစ်ပြီး ကျမ်းစာကို ကျွမ်းကျင်သောသူလည်း ဖြစ်၏။
၁ ကော 4:6 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ချစ်သော ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်သည် အာပေါလုနှင့် ကျွန်ုပ်ကိုယ်တိုင်ကို သာဓကအဖြစ် ဤအရာများကို သင်တို့အကျိုးအတွက် ပုံဖော်ပြရခြင်းဖြစ်၏။ ဤသို့ ပုံဖော်ပြခြင်းမှာ “ကျမ်းစာ၌ ရေးသားထားသော အရာကို ကျော်လွန်၍ မလုပ်ဆောင်နှင့်” ဟူသော ဆိုရိုးစကားကို ကျွန်ုပ်တို့၏သာဓကမှ သင်တို့နားလည်နိုင်ရန်ဖြစ်၏။ ထို့ပြင် သင်တို့သည် မာနထောင်လွှားလျက် တစ်ယောက်ကို မျက်နှာသာပေး၍ ကျန်တစ်ယောက်ကို ဆန့်ကျင်ခြင်းမရှိစေရန်ဖြစ်၏။ Common Language Bible ညီအစ်ကိုတို့၊ သင်တို့၏အကျိုးငှာဤအကြောင်း အရာများတွင် အာပေါလုနှင့်ငါ့ကိစ္စကိုဥပမာ ထည့်သွင်းဖော်ပြလိုက်ခြင်းဖြစ်၏။ ထိုသို့ဖော် ပြရခြင်းမှာ ``စည်းမျဉ်းကိုကျော်လွန်၍မပြု နှင့်'' ဟူသောဆိုရိုးစကား၏အနက်အဋ္ဌိပ္ပါယ် ကိုသင်တို့နားလည်နိုင်ကြစေရန်ဖြစ်၏။ သင် တို့သည်တစ်ယောက်ကိုချီးမွမ်း၍အခြား တစ်ယောက်ကိုမထီလေးစားမပြုကြနှင့်။- Garrad Bible ညီ အစ် ကို တို့၊ အ က္ခ ရာ ထက် လေ့ လာ ခြင်း ဆ ရာ တစ် ပါး ထက် တစ် ပါး ကြောင့် ဝင့် ဝါ ခြင်း သင် တို့၌ မ ရှိ စေ ရန် ဆို ခဲ့ သည့် အ ကြောင်း အ ရာ များ တွင် ကိုယ် တိုင် နှင့် အာ ပေါ လု ကို ပုံ ကပ် လျက် သင် တို့ အ ကျိုး ငှာ ငါ ရေး လိုက်၏။ Judson Bible ညီအစ်ကိုတို့၊ သင်တို့သည် ကျမ်းစာကိုလွန်၍ သူတစ်ပါးကို မရိုသေအပ်ဟု ငါတို့ကိုထောက်၍ နားလည်စေခြင်းငှာလည်းကောင်း၊ မာနစိတ်ထောင်လွှားသည်နှင့် တစ်ယောက်ကိုမှီဝဲ၍ တစ်ယောက်ကိုငြင်းဆန်ခြင်း မရှိစေခြင်းငှာလည်းကောင်း၊ ငါဆိုခဲ့ပြီးသောအချက်၌ သင်တို့၏အကျိုးကိုထောက်၍ ငါနှင့် အာပေါလုကို ပုံဆောင်လျက် ဆိုသတည်း။- မြန်မာ့စံမီသမ္မာကျမ်း ညီအစ်ကိုတို့၊ ငါသည် ငါနှင့်အာပေါလုတို့အကြောင်းကိုပုံဆောင်လျက် ဤအရာများကို သင်တို့အတွက်ဖော်ပြ၏။ ဤသည်ကား သင်တို့သည် ကျမ်းစာ၌ရေးထားသောအရာတို့ကို မကျော်လွန်မည့်အကြောင်း ငါတို့ကိုစံနမူနာထား၍ သင်ယူကြစေရန်နှင့် တစ်ဦးဘက်၌နေ၍ အခြားတစ်ဦးအပေါ် မာနထောင်လွှားခြင်းမရှိကြစေရန်ဖြစ်၏။ |
ထိုစဉ် အလက်ဇန်းဒါးမြို့သား၊ အာပေါလုအမည်ရှိသော ဂျူးလူမျိုးတစ်ယောက်သည် ဧဖက်မြို့သို့ ရောက်လာ၏။ သူသည် အဟောအပြောကောင်းသူတစ်ယောက်ဖြစ်ပြီး ကျမ်းစာကို ကျွမ်းကျင်သောသူလည်း ဖြစ်၏။
အာပေါလုသည် ကောရိန္သုမြို့၌ ရှိနေစဉ် ပေါလုသည် ကုန်းတွင်းပိုင်းမြို့များကို ဖြတ်၍ ဧဖက်မြို့သို့ ရောက်လာ၏။ ထိုမြို့၌ တပည့်တော်တချို့ကို တွေ့လျှင်
ကျွန်ုပ်အား ဘုရားသခင်ပေးအပ်တော်မူသော တမန်တော်ဖြစ်ခြင်း အခွင့်ထူးဖြင့် သင်တို့တစ်ဦးချင်းကို ကျွန်ုပ်ပြောလိုသည်မှာ သင်တို့သည် ကိုယ့်ကိုယ်ကိုယ် ထင်သင့်သည်ထက် ပို၍ အထင်မကြီးကြနှင့်။ မိမိတို့အတွက် ဘုရားသခင်ခွဲဝေပေးသနားတော်မူသော ယုံကြည်ခြင်းပမာဏအတိုင်း ကိုယ့်ကိုယ်ကိုယ် မှန်ကန်ရိုးသားစွာ သုံးသပ်ကြလော့။
သင်တို့ထဲမှ တချို့က “ငါသည် ပေါလု၏တပည့်ဖြစ်၏၊” တချို့က “ငါသည် အာပေါလု၏တပည့်ဖြစ်၏၊” တချို့က “ငါသည် ပေတရု၏တပည့်ဖြစ်၏၊” တချို့က “ငါသည် ခရစ်တော်၏တပည့်ဖြစ်၏” ဟူ၍ အသီးသီးက ပြောဆိုနေကြသောကြောင့် ဤစကားကို ကျွန်ုပ်ပြောရခြင်းဖြစ်၏။
အဘယ်ကြောင့်ဆိုသော် ကျမ်းစာ၌ “ငါသည် ပညာရှင်တို့၏ ဉာဏ်ပညာကို ဖျက်ဆီးမည်။ ထက်မြက်သောသူတို့၏ ဉာဏ်စွမ်းကိုလည်း ဖယ်ရှားမည်” ဟု ဖော်ပြထားသောကြောင့်ဖြစ်၏။
ထို့ကြောင့် ကျမ်းစာ၌ “ကြွားဝါသောသူသည် ထာဝရဘုရားပြုတော်မူသော အရာအတွက်သာ ကြွားဝါစေ” ဟု ဖော်ပြထားခြင်းဖြစ်၏။
မေတ္တာသည် စိတ်ရှည်တတ်၏။ ကြင်နာတတ်၏။ မေတ္တာသည် မနာလိုမဖြစ်တတ်။ မကြွားဝါတတ်။ မာန်မာနမထားတတ်။
အဘယ်ကြောင့်ဆိုသော် ဤလောကီပညာသည် ဘုရားသခင်ရှေ့တော်၌ မိုက်မဲသောအရာ ဖြစ်သောကြောင့်ပင်။ ကျမ်းစာ၌ “ဘုရားသခင်သည် ပညာရှင်တို့ကို သူတို့သုံးသောပရိယာယ်အားဖြင့် ထောင်ချောက်ဆင်၍ဖမ်းတော်မူ၏” ဟု ဖော်ပြထား၏။
ထို့ကြောင့် လူ့ခေါင်းဆောင်များ၏ တပည့်ဖြစ်ကြောင်းကို မကြွားဝါကြနှင့်။ အရာအားလုံးကို သင်တို့ပိုင်ဆိုင်၏။
ဤသို့ဖြစ်လျက်ပင် သင်တို့သည် မာနထောင်လွှားဆဲရှိကြ၏။ အမှန်တွင်မူ သင်တို့သည် ဝမ်းနည်းပူဆွေးလျက် ထိုသူကို သင်တို့အထဲမှ ထုတ်ပယ်သင့်သည်မဟုတ်လော။
သင်တို့၏ ကြွားဝါခြင်းသည် ကောင်းသောအရာ မဟုတ်ပေ။ အပြစ်သည် မုန့်ညက်တစ်ပုံလုံးကို ဖောင်းကြွစေသော တဆေးကဲ့သို့ဖြစ်သည်ကို သင်တို့မသိသလော။
ရုပ်တုများအား ပူဇော်သည့်အစားအစာနှင့်ပတ်သက်၍ “ကျွန်ုပ်တို့အားလုံး၌ အသိပညာရှိသည်” ဟူ၍ကျွန်ုပ်တို့သိထားကြ၏။ သို့သော် အသိပညာသည် လူကို မာနထောင်လွှားစေတတ်၏။ ချစ်ခြင်းမေတ္တာမှာမူ တည်ဆောက်ပေးတတ်၏။
သတင်းကောင်းပျံ့နှံ့ရန်အတွက် အရာအားလုံးကို လုပ်ဆောင်ပြီး ထိုသတင်းကောင်း၏ အကျိုးကျေးဇူးများကို မျှဝေခံစား၏။
ကျွန်ုပ်တို့သည် မိမိကိုယ်ကိုယ် ချီးမွမ်းတတ်သောသူတို့နှင့် တန်းတူသတ်မှတ်ရန်၊ သို့မဟုတ် နှိုင်းယှဉ်ရန် မဝံ့ရဲပါ။ ထိုသူတို့သည် မိမိကိုယ်ကိုယ် စံထားပြီး မိမိကိုယ်ကိုယ် တိုင်းတာကာ အချင်းချင်းကြား၌သာ နှိုင်းယှဉ်၍ ပညာမဲ့လျက်ရှိကြ၏။
ကျွန်ုပ်တို့သည် မိမိတို့၏ လုပ်ဆောင်မှုအတိုင်းအတာကို ကျော်လွန်၍ အခြားသူတို့လုပ်ဆောင်ခဲ့သောအရာအပေါ် မကြွားဝါတတ်။ သင်တို့၏ ယုံကြည်ခြင်းအားကြီးလာသည်နှင့်အမျှ ကျွန်ုပ်တို့၏ လုပ်ငန်းနယ်ပယ်ကို သင်တို့အကြား ပိုမိုတိုးချဲ့နိုင်ရန် မျှော်လင့်၏။
မျက်စိရှေ့၌ ရှိသောအရာကိုသာ ကြည့်ကြလော့။ တစ်စုံတစ်ယောက်က သူသည် ခရစ်တော်၏လူဖြစ်ကြောင်း ယုံကြည်စိတ်ချလျှင် ကျွန်ုပ်တို့သည်လည်း ထိုသူကဲ့သို့ပင် ခရစ်တော်၏လူများဖြစ်ကြောင်းကို သူသည် ပြန်လည်ဆင်ခြင်ပါစေ။
အဘယ်ကြောင့်ဆိုသော် တစ်စုံတစ်ယောက်သည် သင်တို့ထံ လာ၍ ကျွန်ုပ်တို့ မဟောပြောခဲ့ဖူးသည့် အခြားယေရှုအကြောင်းကို ဟောပြောသောအခါ၌ ဖြစ်စေ၊ သင်တို့လက်ခံရရှိထားသော ဝိညာဉ်တော်မဟုတ်သည့် အခြားဝိညာဉ်ကို သင်တို့လက်ခံရရှိသောအခါ၌ ဖြစ်စေ၊ သင်တို့လက်ခံခဲ့သောသတင်းကောင်းမဟုတ်သည့် အခြားသတင်းကို သင်တို့ဟောပြောခံရသောအခါ၌ဖြစ်စေ သင်တို့သည် ဝမ်းမြောက်စွာပင် သည်းခံကြသောကြောင့်ဖြစ်၏။
ကျွန်ုပ်တို့သည် မိမိကိုယ်ကိုယ် ကာကွယ်ပြောဆိုနေကြသည်ဟု သင်တို့ တစ်ချိန်လုံးထင်မှတ်နေကြသလော။ ကျွန်ုပ်တို့သည် ခရစ်တော်ပြောဆိုစေတော်မူလိုသည့်အတိုင်း ဘုရားသခင် ရှေ့တော်မှောက်၌ ပြောဆိုကြ၏။ ချစ်ရသောသူတို့… ကျွန်ုပ်တို့လုပ်ဆောင်သမျှ အရာရာတိုင်းသည် သင်တို့ကို ဆောက်တည်ပေးနိုင်ရန်ဖြစ်၏။
ကျွန်ုပ်ရောက်လာသောအခါ သင်တို့ကို ကျွန်ုပ်မြင်တွေ့လိုသည့်အတိုင်း မဖြစ်သကဲ့သို့ ကျွန်ုပ်ကိုလည်း သင်တို့မြင်တွေ့လိုသည့်အတိုင်း မဖြစ်မည်ကို ကျွန်ုပ်စိုးရိမ်၏။ ခိုက်ရန်ဖြစ်ခြင်း၊ မနာလိုခြင်း၊ ဒေါသကြီးခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း၊ အသရေဖျက်ခြင်း၊ ကောလာဟလပြောခြင်း၊ ဘဝင်မြင့်ခြင်း၊ ရုန်းရင်းဆန်ခတ်ဖြစ်ခြင်းစသည်တို့ရှိမည်ကို စိုးရိမ်၏။
ကျွန်ုပ်ကြွားဝါလိုလျှင်လည်း အမှန်ကိုသာ ပြောဆိုမည်ဖြစ်သောကြောင့် မိုက်မဲသောသူဖြစ်မည်မဟုတ်။ သို့သော် မည်သူကမျှ ကျွန်ုပ်ကို မြင်ရသည်ထက်၊ သို့မဟုတ် ကျွန်ုပ်ထံက ကြားရသည်ထက် ပို၍ အထင်မကြီးမိစေရန် ကျွန်ုပ်မကြွားဝါဘဲနေမည်။
ဤအခြင်းအရာအားလုံးသည် သင်တို့အကျိုးအတွက်ဖြစ်၏။ ဤသည်မှာ ဘုရားသခင်၏ ကျေးဇူးတော်ကို ခံစားရသောသူ ပို၍များလာသည်နှင့်အမျှ ဘုရားသခင်၏ ဘုန်းတော်ထင်ရှားရန် ကျေးဇူးတော်ချီးမွမ်းခြင်းသည်လည်း ပို၍ များလာရန်ဖြစ်၏။
မိမိကိုယ်ကိုယ် နှိမ့်ချပြခြင်းနှင့် ကောင်းကင်တမန်များကို ကိုးကွယ်ခြင်းတို့ကို အတင်းအကျပ်ပြုစေသောသူ တစ်စုံတစ်ယောက်ကိုမျှ သင်တို့၏ ဆုကို လုယူခွင့် မပေးနှင့်။ ထိုသို့သောသူတို့သည် မိမိတို့မြင်ရသော အထူးရူပါရုံများကြောင့် အခြားသူတို့ထက် သာလွန်သည်ဟု မှတ်ယူ၍ လူ့အတွေးအခေါ်ဖြင့် အကြောင်းမဲ့ ဘဝင်မြင့်တတ်ကြ၏။
ကျွန်ုပ်တို့သည် သတင်းကောင်းကို စကားသက်သက်ဖြင့် မဟောပြောဘဲ သန့်ရှင်းသောဝိညာဉ်တော်၏ တန်ခိုးတော်ဖြင့်လည်းကောင်း၊ ယုံကြည်စိတ်ချမှုအပြည့်ဖြင့်လည်းကောင်း သင်တို့ထံ ဟောပြောကြ၏။ ကျွန်ုပ်သည် သင်တို့နှင့်အတူ ရှိစဉ်အခါက သင်တို့အကျိုးကို ထောက်၍ မည်သို့ နေထိုင်ခဲ့ကြောင်း သင်တို့အသိပင် ဖြစ်၏။
ထို့ကြောင့် ဘုရားသခင်ရွေးကောက်တော်မူသောသူတို့သည် ယေရှုခရစ်တော်ကို ယုံကြည်၍ ကယ်တင်ခြင်းကို ထာဝရဘုန်းတော်နှင့်အတူ ရရှိနိုင်ရန် ထိုသူတို့အတွက် ဆင်းရဲဒုက္ခအားလုံးကို ကျွန်ုပ်သည်းခံ၏။