Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 9:23 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

23 သတင်းကောင်း​ပျံ့နှံ့​ရန်အတွက် အရာ​အားလုံး​ကို လုပ်ဆောင်​ပြီး ထို​သတင်းကောင်း​၏ အကျိုး​ကျေးဇူးများ​ကို မျှဝေခံစား၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

23 သ​တင်း​ကောင်း​၏​ကောင်း​ချီး​မင်္ဂ​လာ​များ​ကို ဝေ​မျှ​နိုင်​ရန် ငါ​သည်​သ​တင်း​ကောင်း​အ​ကျိုး​ငှာ ဤ​အ​မှု​ခပ်​သိမ်း​ကို​ပြု​ခြင်း​ဖြစ်​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

23 ငါ သည် သ တင်း တော် မြတ် အ ကျိုး ကို ဆက် ဆံ ခွင့် ရ ရန် လည်း ထို သ တင်း တော် အ တွက် အ ရာ ရာ ကို ပြု ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

23 သင်​တို့​နှင့်​အ​တူ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဆက်​ဆံ​ခြင်း​အ​လို​ငှာ၊ ဧ​ဝံ​ဂေ​လိ​တ​ရား​ကြောင့် ထို​သို့​ငါ​ပြု​လေ့​ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

23 ငါ​သည် ကောင်းမြတ်​သော​သတင်း​၏​အကျိုးကျေးဇူး​ကို မျှဝေ​ခံစား​သူ​ဖြစ်​ရန် အမှု​ခပ်သိမ်း​တို့​ကို ထို​သတင်း​အတွက် ဆောင်ရွက်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 9:23
14 ပူးပေါင်းရင်းမြစ်များ  

မိမိ​အသက်​ကို ကယ်တင်လိုသော​သူ​သည် အသက်​ဆုံးရှုံး​လိမ့်မည်။ ငါ့​အတွက်ကြောင့်​နှင့် သတင်းကောင်း​အတွက်ကြောင့် အသက်​ဆုံးရှုံးသော​သူ​သည် အသက်​ကို ရ​လိမ့်မည်။


အချို့သော​အကိုင်းအခက်များ ခုတ်ဖြတ်​ခံရပြီး သံလွင်ပင်​အရိုင်း​ဖြစ်သော သင့်​ကို ကိုင်းဆက်ကူး၏။ ထို့ကြောင့် ယခု​သင်​သည် သံလွင်ပင်​အမြစ်​၏ အဆီအနှစ်​ကို မျှဝေခံစားရ၏။


အခြား​သူတို့​သည် သင်တို့​ထံမှ ဤ​ခံစားခွင့်​ကို ရ​လျှင် ကျွန်ုပ်တို့​သည် ပို၍ ရထိုက်သည်​မဟုတ်လော။ သို့ရာတွင် ကျွန်ုပ်တို့​သည် ဤ​ခံစားခွင့်​ကို မယူခဲ့ကြ။ ခရစ်တော်​၏ သတင်းကောင်း​ကို အဆီးအတား​မရှိ​စေရန်​အတွက် မည်သည့်​အခက်အခဲ​ကို​မဆို သည်းခံကြ၏။


အားနည်းသော​သူတို့​နှင့်အတူ​ရှိစဉ်က အားနည်းသော​သူတို့​ကို ကယ်တင်​နိုင်ရန် အားနည်းသောသူ​ဖြစ်လာ၏။ တတ်နိုင်​သမျှ လူ​တချို့​ကို ကယ်တင်​နိုင်ရန် ထို​သူတို့​နှင့် တူသော​အချက်​ကို ရှာ​၍ နေထိုင်၏။


အပြေးပြိုင်ပွဲ​တွင် ပြေးသောသူ​အားလုံး ယှဉ်ပြိုင်ကြ​သော်လည်း တစ်ဦးတည်း​သာ ဆုရသည်​ကို သင်တို့​သိကြသည်​မဟုတ်လော။ သို့ဖြစ်၍ ဆု​ကို ဆွတ်ခူးရရှိ​နိုင်ရန်​အတွက် ပြေးကြလော့။


ကျွန်ုပ်​သည် အလွန်​စိတ်ဆင်းရဲခြင်း​နှင့် ပူဆွေးခြင်း​ထဲမှ မျက်ရည်များ​ဖြင့် ထို​စာ​ကို​ရေးခဲ့၏။ သင်တို့​ကို ဝမ်းနည်း​စေလို​သောကြောင့် မဟုတ်ဘဲ သင်တို့​ကို ကျွန်ုပ် မည်မျှ​ချစ်ကြောင်း​ကို သိစေလို​သောကြောင့် ရေးခဲ့ခြင်း​ဖြစ်၏။


သို့သော် စစ်မှန်သော​သတင်းကောင်း​သည် သင်တို့​ထံ၌ ဆက်​၍ တည်​နိုင်ရန် ကျွန်ုပ်တို့​သည် သူတို့​ကို ခဏ​မျှပင် မလိုက်လျောခဲ့ကြပေ။ သို့သော် စစ်မှန်သော​သတင်းကောင်း​ကို သင်တို့​အတွက် ဆက်​၍​ထိန်းသိမ်း​နိုင်ရန် ကျွန်ုပ်တို့​သည် သူတို့​ကို ခဏ​မျှပင် မလိုက်လျောခဲ့ကြပေ။


ထို့ကြောင့် ဘုရားသခင်​ရွေးကောက်တော်မူသော​သူတို့​သည် ယေရှု​ခရစ်တော်​ကို ယုံကြည်​၍ ကယ်တင်ခြင်း​ကို ထာဝရ​ဘုန်းတော်​နှင့်အတူ ရရှိ​နိုင်ရန် ထို​သူတို့​အတွက် ဆင်းရဲဒုက္ခ​အားလုံး​ကို ကျွန်ုပ်​သည်းခံ၏။


အလုပ်​ကြိုးစားသော လယ်သမား​သည် သီးနှံ​ဝေစု​ကို အဦးဆုံး ရသင့်သူ​ဖြစ်၏။


ထို့ကြောင့် ဘုရားသခင်​၏ ရွေးချယ်တော်မူခြင်း​ခံရ​သူတို့​ထဲတွင် ပါဝင်သည့် သန့်ရှင်းသော​ညီအစ်ကို​မောင်နှမတို့… ကျွန်ုပ်တို့​၏ ယဇ်ပုရောဟိတ်မင်း​နှင့် အထူး​တမန်တော်​အဖြစ် ကျွန်ုပ်တို့​ဝန်ခံသော ယေရှု​ခရစ်တော်​ကို ဆင်ခြင်​အောက်မေ့ကြလော့။


ကျွန်ုပ်တို့​၏ မူလ​ခံယူချက်​ကို အဆုံး​တိုင်အောင် ခိုင်မြဲစွာ​စွဲကိုင်ထား​လျှင် ကျွန်ုပ်တို့​သည် ခရစ်တော်​နှင့် သက်ဆိုင်​သူများ​ဖြစ်ကြ၏။


ထို့ကြောင့် ခရစ်တော်​၏​ဆင်းရဲဒုက္ခ​ကို မြင်တွေ့သည့်​သက်သေ​ဖြစ်သူ၊ ထင်ရှား​လာမည့် ကိုယ်တော်​၏ ဘုန်းအသရေ​ကို မျှဝေ​ခံစားသူ ကျွန်ုပ်​သည် အသင်းတော်​အကြီးအကဲ​တစ်ဦး​အနေ​ဖြင့် သင်တို့​ထဲမှ အသင်းတော်​အကြီးအကဲများ​ကို တိုက်တွန်း​နှိုးဆော်လိုက်၏။


ကျွန်ုပ်တို့​မြင်ရ၊ ကြားရသော အရာများ​ကို သင်တို့​အား ပြောပြရခြင်း​မှာ သင်တို့​သည် ကျွန်ုပ်တို့​နှင့် မိတ်သဟာယဖွဲ့​စေရန် ဖြစ်၏။ ကျွန်ုပ်တို့​၏ မိတ်သဟာယဖွဲ့ခြင်း​မှာ ခမည်းတော်​နှင့်​လည်းကောင်း၊ သားတော် ယေရှု​ခရစ်တော်​နှင့်​လည်းကောင်း မိတ်သဟာယဖွဲ့ခြင်း​ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ