၂ ကော 4:15 - ခေတ်သစ်မြန်မာ သမ္မာကျမ်း15 ဤအခြင်းအရာအားလုံးသည် သင်တို့အကျိုးအတွက်ဖြစ်၏။ ဤသည်မှာ ဘုရားသခင်၏ ကျေးဇူးတော်ကို ခံစားရသောသူ ပို၍များလာသည်နှင့်အမျှ ဘုရားသခင်၏ ဘုန်းတော်ထင်ရှားရန် ကျေးဇူးတော်ချီးမွမ်းခြင်းသည်လည်း ပို၍ များလာရန်ဖြစ်၏။ အခန်းကိုကြည့်ပါ။Common Language Bible15 ဤအမှုအရာခပ်သိမ်းတို့သည်သင်တို့၏ အကျိုးအလို့ငှာဖြစ်ကြ၏။ ဘုရားသခင် ၏ကျေးဇူးတော်ကိုခံစားရသူအရေ အတွက်တိုးတက်များပြားလာသည်နှင့် အမျှ ကိုယ်တော်၏ဘုန်းအသရေတော်ထင် ရှားအံ့သောငှာချီးမွမ်းသည့်ဆုတောင်း ပတ္ထနာများသည်လည်းပိုမိုများပြား လာလိမ့်မည်။ အခန်းကိုကြည့်ပါ။Garrad Bible15 သို့ ဖြစ်၍ ကျေး ဇူး တော် တိုး ပွား သည့် အ လျောက် အ များ တို့ ကြွယ် ဝ စွာ ချီး မွမ်း ကြ သ ဖြင့် ဘု ရား သ ခင့် ဘုန်း တော် ထင် ရှား စေ အံ့ သော ငှာ အ ရာ ရာ ကို သင် တို့ အ ဖို့ ပြု ကြ သ တည်း။ အခန်းကိုကြည့်ပါ။Judson Bible15 အများသောသူတို့သည် ကျေးဇူးတော်ကို ချီးမွမ်းသည်နှင့်၊ ထိုကြွယ်ဝသောကျေးဇူးတော်သည် ဘုရားသခင်၏ ဘုန်းအသရေတော်ကို ထင်ရှားစေမည် အကြောင်း၊ ခပ်သိမ်းသောအရာတို့သည် သင်တို့အဖို့အလိုငှာ ဖြစ်သတည်း။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း15 ခပ်သိမ်းသောအရာတို့သည် သင်တို့အတွက်ဖြစ်၏။ ဤသည်ကား များစွာသောသူတို့၌ ကျေးဇူးတော်သည်တိုးပွားလာသဖြင့် ဘုရားသခင်၏ဘုန်းတော်အတွက် ကျေးဇူးတော်ချီးမွမ်းခြင်းကို ကြွယ်ဝပြည့်စုံစေမည့်အကြောင်းတည်း။ အခန်းကိုကြည့်ပါ။ |
ဟောပြောသောသူသည် ဘုရားသခင်၏နှုတ်ကပတ်တော်အတိုင်း ဟောပြောရမည်။ အစေခံသောသူသည် ဘုရားသခင်ပေးတော်မူသော ခွန်အားရှိသည့်အတိုင်း အစေခံရမည်။ ဤသည်မှာ ပြုလေသမျှတို့၌ ယေရှုခရစ်တော်အားဖြင့် ဘုရားသခင်ဘုန်းတော်ထင်ရှားရန်ဖြစ်၏။ ဘုရားသခင်သည် အစဉ်ထာဝရ ဘုန်းအသရေတော်၊ ဘုန်းတန်ခိုးတော်တို့နှင့် ပြည့်စုံတော်မူ၏။ အာမင်။