၁ ကော 3:19 - ခေတ်သစ်မြန်မာ သမ္မာကျမ်း19 အဘယ်ကြောင့်ဆိုသော် ဤလောကီပညာသည် ဘုရားသခင်ရှေ့တော်၌ မိုက်မဲသောအရာ ဖြစ်သောကြောင့်ပင်။ ကျမ်းစာ၌ “ဘုရားသခင်သည် ပညာရှင်တို့ကို သူတို့သုံးသောပရိယာယ်အားဖြင့် ထောင်ချောက်ဆင်၍ဖမ်းတော်မူ၏” ဟု ဖော်ပြထား၏။ အခန်းကိုကြည့်ပါ။Common Language Bible19 ဉာဏ်ပညာဟူ၍ဤလောကသားတို့ထင်မှတ် ကြသည့်အရာသည်ဘုရားသခင်၏ရှေ့တော် ၌မိုက်မဲမှုသာလျှင်ဖြစ်၏။ ကျမ်းစာတော်တွင် ``ဘုရားသခင်သည်ပညာရှိများအားမိမိ တို့ကိုယ်တိုင်အသုံးပြုသည့်ပရိယာယ်အား ဖြင့်ပင်လျှင်ထောင်ချောက်တွင်မိစေတော်မူ၏'' ဟုဖော်ပြသည့်အတိုင်းပင်။- အခန်းကိုကြည့်ပါ။Judson Bible19 အကြောင်းမူကား၊ လောကီပညာသည် ဘုရားသခင့်ရှေ့၌ မိုက်မဲခြင်းဖြစ်၏။ ကျမ်းစာလာသည်ကား၊ ဘုရားသခင်သည် ပညာရှိတို့ကို သူတို့၏ ပရိယာယ်အားဖြင့် ဖမ်းဆီးတော်မူ၏ဟု လာသတည်း။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း19 အကြောင်းမူကား ဤလောက၏ဉာဏ်ပညာသည် ဘုရားသခင်ရှေ့တော်၌ မိုက်မဲသောအရာဖြစ်၏။ “ဘုရားသခင်သည် ပညာရှိတို့ကို သူတို့၏ပရိယာယ်အားဖြင့် ဖမ်းဆီးတော်မူ၏”ဟု ကျမ်းစာ၌ရေးထား၏။ အခန်းကိုကြည့်ပါ။ |
ချစ်သော ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်သည် အာပေါလုနှင့် ကျွန်ုပ်ကိုယ်တိုင်ကို သာဓကအဖြစ် ဤအရာများကို သင်တို့အကျိုးအတွက် ပုံဖော်ပြရခြင်းဖြစ်၏။ ဤသို့ ပုံဖော်ပြခြင်းမှာ “ကျမ်းစာ၌ ရေးသားထားသော အရာကို ကျော်လွန်၍ မလုပ်ဆောင်နှင့်” ဟူသော ဆိုရိုးစကားကို ကျွန်ုပ်တို့၏သာဓကမှ သင်တို့နားလည်နိုင်ရန်ဖြစ်၏။ ထို့ပြင် သင်တို့သည် မာနထောင်လွှားလျက် တစ်ယောက်ကို မျက်နှာသာပေး၍ ကျန်တစ်ယောက်ကို ဆန့်ကျင်ခြင်းမရှိစေရန်ဖြစ်၏။