တမန်တော်ဝတ္ထု 18:24 - ခေတ်သစ်မြန်မာ သမ္မာကျမ်း24 ထိုစဉ် အလက်ဇန်းဒါးမြို့သား၊ အာပေါလုအမည်ရှိသော ဂျူးလူမျိုးတစ်ယောက်သည် ဧဖက်မြို့သို့ ရောက်လာ၏။ သူသည် အဟောအပြောကောင်းသူတစ်ယောက်ဖြစ်ပြီး ကျမ်းစာကို ကျွမ်းကျင်သောသူလည်း ဖြစ်၏။ အခန်းကိုကြည့်ပါ။Common Language Bible24 အာလေဇန္ဒြိမြို့သားအာပေါလုနာမည်ရှိသော ယုဒအမျိုးသားတစ်ယောက်သည်ဧဖက်မြို့သို့ ရောက်လာ၏။ သူသည်အဟောအပြောကောင်း၍ ကျမ်းစာတော်ကိုအထူးပင်တတ်ကျွမ်းသူ ဖြစ်၏။- အခန်းကိုကြည့်ပါ။Garrad Bible24 ထို အ ခါ ကျမ်း စာ ကျွမ်း ကျင် လျက် နှုတ် သ တ္တိ ရှိ သော အာ လေ ဇ န္ဒြိ ယ မြို့ သား အာ ပေါ လု ဆို သူ ယု ဒ လူ မျိုး တစ် ယောက် သည် ဧ ဖက် မြို့ သို့ ရောက် လာ၍၊ အခန်းကိုကြည့်ပါ။Judson Bible24 အာပေါလုအမည်ရှိသော အာလေဇန္ဒြိမြို့သား၊ ယုဒလူ တစ်ယောက်သည် ဧဖက်မြို့သို့ရောက်လာ၏။ ထိုသူသည် နှုတ်သတ္တိနှင့် ပြည့်စုံ၍ ကျမ်းစာ၌ အားကြီးသောသူဖြစ်၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း24 ထိုစဉ် အာပေါလုအမည်ရှိသော အလက်ဇန္ဒြိယမြို့သား ဂျူးလူမျိုးတစ်ဦးသည် ဧဖက်မြို့သို့ရောက်လာ၏။ သူသည် နှုတ်ရေးကောင်း၍ ကျမ်းစာကိုလည်း တတ်ကျွမ်းသူဖြစ်၏။ အခန်းကိုကြည့်ပါ။ |
ချစ်သော ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်သည် အာပေါလုနှင့် ကျွန်ုပ်ကိုယ်တိုင်ကို သာဓကအဖြစ် ဤအရာများကို သင်တို့အကျိုးအတွက် ပုံဖော်ပြရခြင်းဖြစ်၏။ ဤသို့ ပုံဖော်ပြခြင်းမှာ “ကျမ်းစာ၌ ရေးသားထားသော အရာကို ကျော်လွန်၍ မလုပ်ဆောင်နှင့်” ဟူသော ဆိုရိုးစကားကို ကျွန်ုပ်တို့၏သာဓကမှ သင်တို့နားလည်နိုင်ရန်ဖြစ်၏။ ထို့ပြင် သင်တို့သည် မာနထောင်လွှားလျက် တစ်ယောက်ကို မျက်နှာသာပေး၍ ကျန်တစ်ယောက်ကို ဆန့်ကျင်ခြင်းမရှိစေရန်ဖြစ်၏။