Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 3:21 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

21 ထို့ကြောင့် လူ့​ခေါင်းဆောင်များ​၏ တပည့်​ဖြစ်ကြောင်း​ကို မကြွားဝါကြနှင့်။ အရာ​အားလုံး​ကို သင်တို့​ပိုင်ဆိုင်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

21 သို့​ဖြစ်​၍​လူ​၏​စွမ်း​ရည်​အ​ကြောင်း​ကို​မည်​သူ မျှ​မ​ဝါ​ကြွား​စေ​နှင့်။ အ​မှန်​စင်​စစ်​အား​ဖြင့် ခပ်​သိမ်း​သော​အ​ရာ​တို့​ကို​သင်​တို့​ပိုင်​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

21 သို့ ဖြစ်၍ လူ ကြောင့် မည် သူ မျှ ကိုယ် ကို ဂုဏ် မ တင် စေ နှင့်။ ရှိ ရှိ သ မျှ သည် သင် တို့ ပိုင် ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

21 ထို​သို့​ဖြစ်​လျှင်၊ အ​ဘယ်​သူ​မျှ လူ​တို့၌ ဝါ​ကြွား​ခြင်း​မ​ရှိ​စေ​နှင့်။ ခပ်​သိမ်း​သော​အ​ရာ​တို့​သည် သင်​တို့​အ​ဖို့ ဖြစ်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

21 သို့ဖြစ်၍ မည်သူမျှ လူ​တို့​အကြောင်း​ကို​မ​ဝါကြွား​နှင့်။ အကြောင်းမူကား ခပ်သိမ်း​သော​အရာ​တို့​ကို သင်​တို့​ပိုင်ဆိုင်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 3:21
12 ပူးပေါင်းရင်းမြစ်များ  

အာဗြဟံ​နှင့် သူ​၏ မျိုးဆက်များ​အား ဤ​ကမ္ဘာလောက​ကို အမွေပေးမည်​ဟူသော ဘုရားသခင်​၏​ကတိတော်​မှာ ပညတ်တရား​ကို လိုက်နာ​ကျင့်သုံးခြင်း​ဖြင့် ရသည်​မဟုတ်။ ဘုရားသခင်​ကို ယုံကြည်​သောကြောင့် ဖြောင့်မတ်သည်​ဟု သတ်မှတ်ခံရခြင်း​ဖြင့် ရ၏။


ဘုရားသခင်​ကို ချစ်​၍ အကြံအစည်တော်​နှင့်အညီ ရွေးကောက်ခြင်း​ခံရသော​သူတို့ တွေ့ကြုံ​ခံစားရသော အမှုခပ်သိမ်းတို့​မှ ကောင်းကျိုး​ထွက်ပေါ်​စေရန် ဘုရားသခင်​သည် သူတို့​နှင့်အတူ လုပ်ဆောင်တော်မူကြောင်း ကျွန်ုပ်တို့​သိကြ၏။


ကျွန်ုပ်တို့​အားလုံး​အတွက် မိမိ​သားတော်​ရင်း​ကိုပင် မနှမြောဘဲ စွန့်တော်မူသော ဘုရားသခင်​သည် ထို​သားတော်​နှင့်တကွ ရှိသမျှ​အရာခပ်သိမ်း​ကိုလည်း ကျွန်ုပ်တို့​အား မပေးဘဲ နေတော်မူမည်လော။


ချစ်သော ညီအစ်ကို​မောင်နှမတို့… ကျွန်ုပ်​သည် အာပေါလု​နှင့် ကျွန်ုပ်​ကိုယ်တိုင်​ကို သာဓက​အဖြစ် ဤ​အရာများ​ကို သင်တို့​အကျိုး​အတွက် ပုံဖော်ပြရခြင်း​ဖြစ်၏။ ဤသို့ ပုံဖော်ပြခြင်း​မှာ “ကျမ်းစာ​၌ ရေးသားထားသော အရာ​ကို ကျော်လွန်​၍ မလုပ်ဆောင်နှင့်” ဟူသော ဆိုရိုးစကား​ကို ကျွန်ုပ်တို့​၏​သာဓက​မှ သင်တို့​နားလည်​နိုင်ရန်​ဖြစ်၏။ ထို့ပြင် သင်တို့​သည် မာနထောင်လွှား​လျက် တစ်ယောက်​ကို မျက်နှာသာပေး​၍ ကျန်​တစ်ယောက်​ကို ဆန့်ကျင်ခြင်း​မရှိ​စေရန်​ဖြစ်၏။


ဤ​အခြင်းအရာ​အားလုံး​သည် သင်တို့​အကျိုး​အတွက်​ဖြစ်၏။ ဤသည်​မှာ ဘုရားသခင်​၏ ကျေးဇူးတော်​ကို ခံစားရသောသူ ပို၍​များလာသည်​နှင့်အမျှ ဘုရားသခင်​၏ ဘုန်းတော်​ထင်ရှား​ရန် ကျေးဇူးတော်​ချီးမွမ်းခြင်း​သည်လည်း ပို၍ များလာ​ရန်​ဖြစ်၏။


ကျွန်ုပ်တို့​သည် မိမိတို့​အကြောင်း​ကို ဟောပြောကြသည်​မဟုတ်။ ယေရှု​ခရစ်တော်​သည် သခင်​ဖြစ်ကြောင်း​နှင့် ကျွန်ုပ်တို့​သည် ယေရှု​အတွက် သင်တို့​၏ အစေအပါးများ​ဖြစ်ကြောင်း​ကို ဟောပြောကြခြင်း​ဖြစ်၏။


ဝမ်းနည်းသောသူများ​ကဲ့သို့​ဖြစ်သော်လည်း အစဉ်အမြဲ​ဝမ်းမြောက်ကြ၏။ ဆင်းရဲသောသူ​ကဲ့သို့​ဖြစ်​သော်လည်း လူအမြောက်အမြား​ကို ချမ်းသာ​စေကြ၏။ မည်သည့်​အရာ​မျှ မရှိသောသူ​ကဲ့သို့ ဖြစ်သော်လည်း အရာ​အားလုံး​ကို ပိုင်ဆိုင်ကြ၏။


အောင်မြင်သော​သူ​သည် ဤ​အရာများ​ကို အမွေခံရ​လိမ့်မည်။ ငါ​သည် သူ​၏​ဘုရားသခင်​ဖြစ်မည်။ သူတို့​သည် ငါ​၏​သားသမီးများ​ဖြစ်ကြ​လိမ့်မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ