ထိုသူသည် အစေခံတို့ကို သူတို့၏ အရည်အချင်းနှင့်အညီ တစ်ဦးအား ငွေငါးပိဿာ၊ နောက်တစ်ဦးအား ငွေနှစ်ပိဿာနှင့် နောက်ဆုံးတစ်ဦးအား ငွေတစ်ပိဿာ ပေးအပ်ပြီး ခရီးထွက်လေ၏။
၁ ကော 3:5 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသို့ ပြောဆိုငြင်းခုံစရာအကြောင်း ဖြစ်ရလောက်အောင် အာပေါလုသည် မည်သူနည်း။ ပေါလုသည် မည်သူနည်း။ ကျွန်ုပ်တို့သည် သင်တို့ယုံကြည်လာကြစေရန် သတင်းကောင်းကို ဟောပြောသော ထာဝရဘုရား၏ အစေခံများသာဖြစ်ကြ၏။ ကျွန်ုပ်တို့ တစ်ဦးစီသည် ကိုယ်တော်ပေးတော်မူသော တာဝန်အသီးသီးကို ထမ်းဆောင်ကြ၏။ Common Language Bible အာပေါလုကားအဘယ်သူနည်း။ ပေါလုကား အဘယ်သူနည်း။ သူတို့သည်ဘုရားသခင်၏ အစေခံများသာလျှင်ဖြစ်၍ သင်တို့ယုံကြည် လာစေရန်ပြုစုပေးကြသူများဖြစ်၏။ ငါ တို့တစ်ဦးစီသည်သခင်ဘုရားခွဲဝေသတ် မှတ်ပေးတော်မူသောတာဝန်အသီးသီး ကိုထမ်းဆောင်ကြရသည်။- Garrad Bible အာ ပေါ လု သည် မည် သို့ သော သူ နည်း။ ပေါ လု လည်း မည် သို့ သော သူ နည်း။ အ သီး အ သီး အ ရှင် ဘု ရား အ ထံ တော် မှ အ ခွင့် ရ သည့် အ တိုင်း သင် တို့ ယုံ ကြည် စေ ခြင်း ငှာ အ မှု တော် ဆောင် မျှ ဖြစ် ကြ ၏။ Judson Bible ပေါလုကား အဘယ်သူနည်း။ အာပေါလုကား အဘယ်သူနည်း။ အခြားသောသူမဟုတ်၊ ထာဝရဘုရားသည် အသီးအသီးတို့အား အခွင့်ပေးသနားတော်မူသည်နှင့် အညီ၊ သင်တို့ကို ယုံကြည်ခြင်းသို့ ရောက်စေသော ဓမ္မဆရာပေတည်း။- မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်လျှင် အာပေါလုကား မည်သူနည်း။ ပေါလုကား မည်သူနည်း။ သူတို့သည် မိမိတို့တစ်ဦးစီအား ထာဝရဘုရားပေးအပ်တော်မူသည့်အတိုင်း သင်တို့ကို ယုံကြည်ခြင်းသို့ပို့ဆောင်ပေးသော အမှုတော်ဆောင်များဖြစ်ကြ၏။ |
ထိုသူသည် အစေခံတို့ကို သူတို့၏ အရည်အချင်းနှင့်အညီ တစ်ဦးအား ငွေငါးပိဿာ၊ နောက်တစ်ဦးအား ငွေနှစ်ပိဿာနှင့် နောက်ဆုံးတစ်ဦးအား ငွေတစ်ပိဿာ ပေးအပ်ပြီး ခရီးထွက်လေ၏။
ထိုသို့ ရေးသားပြုစုရာတွင် အကြောင်းအရာစတင်ဖြစ်ပျက်ချိန်မှစ၍ သိမြင်သည့် မျက်မြင်သက်သေများဖြစ်ပြီး နှုတ်ကပတ်တော်ကို ဟောပြောသောအစေခံများထံမှ ရရှိသည့်သတင်းအချက်အလက်များကို အသုံးပြုခဲ့ကြ၏။
ယောဟန်က “ဘုရားသခင်သည် ကောင်းကင်ဘုံမှ ပေးတော်မမူလျှင် လူသည် မည်သည့်အရာကိုမျှ မရရှိနိုင်ပါ။
ထိုစဉ် အလက်ဇန်းဒါးမြို့သား၊ အာပေါလုအမည်ရှိသော ဂျူးလူမျိုးတစ်ယောက်သည် ဧဖက်မြို့သို့ ရောက်လာ၏။ သူသည် အဟောအပြောကောင်းသူတစ်ယောက်ဖြစ်ပြီး ကျမ်းစာကို ကျွမ်းကျင်သောသူလည်း ဖြစ်၏။
အာပေါလုသည် ကောရိန္သုမြို့၌ ရှိနေစဉ် ပေါလုသည် ကုန်းတွင်းပိုင်းမြို့များကို ဖြတ်၍ ဧဖက်မြို့သို့ ရောက်လာ၏။ ထိုမြို့၌ တပည့်တော်တချို့ကို တွေ့လျှင်
ထိုအခွင့်ထူးမှာ လူမျိုးခြားတို့ထံ ယေရှုခရစ်တော်၏ အမှုတော်ကို ထမ်းဆောင်ရခြင်းအခွင့် ဖြစ်၏။ လူမျိုးခြားတို့သည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဘုရားသခင်ရှေ့တော်၌ သန့်ရှင်းသည့် နှစ်သက်ဖွယ်ပူဇော်စရာကဲ့သို့ ဖြစ်လာရန် ကျွန်ုပ်သည် ယဇ်ပုရောဟိတ်တာဝန်ကို ထမ်းဆောင်လျက် ဘုရားသခင်၏ သတင်းကောင်းကို ဟော၏။
အသင်းတော်အတွက် ဘုရားသခင် ခန့်ထားသော အစိတ်အပိုင်းများမှာ ပထမအနေဖြင့် တမန်တော်များ၊ ဒုတိယအနေဖြင့် ပရောဖက်များ၊ တတိယအနေဖြင့် ဆရာများ၊ ထို့နောက် အံ့ဖွယ်တန်ခိုးကို ပြသူများ၊ ရောဂါပျောက်ကင်းစေနိုင်သော ဆုကျေးဇူးကို ရရှိထားသူများ၊ အများကို ကူညီဖေးမသူများ၊ ဦးဆောင်လမ်းပြနိုင်သူများ၊ ဘာသာစကားအမျိုးမျိုးကို ပြောနိုင်သူများ စသည်တို့ဖြစ်ကြ၏။
ယခု ကျွန်ုပ်ညီ အာပေါလုနှင့် ပတ်သက်၍ဆိုရလျှင် ကျွန်ုပ်သည် သူ့ကို အခြားယုံကြည်သူများနှင့်အတူ သင်တို့ထံသို့ အလည်လာရန် အလေးအနက်တိုက်တွန်းခဲ့၏။ သို့သော်လည်း သူသည် ယခု လာရန် ဆန္ဒမရှိ။ အခွင့်ကြုံသောအခါ သူလာရောက်လည်ပတ်ပါလိမ့်မည်။
ဘုရားသခင် ပေးသနားတော်မူသော ကျေးဇူးတော်အားဖြင့် ကျွန်ုပ်သည် ဗိသုကာပညာရှင်ကဲ့သို့ အုတ်မြစ်ကို ချထား၏။ ယခုတွင် အခြားသူသည် ထိုအုတ်မြစ်ပေါ်၌ တည်ဆောက်နေပြီဖြစ်၏။ သို့ရာတွင် ထိုအုတ်မြစ်ပေါ်၌ တည်ဆောက်သောသူတိုင်း အလွန် ဂရုစိုက်ရမည်ဖြစ်၏။
ပေါလုဖြစ်စေ၊ အာပေါလုဖြစ်စေ၊ ပေတရုဖြစ်စေ၊ ဤလောကဖြစ်စေ၊ ရှင်ခြင်းဖြစ်စေ၊ သေခြင်းဖြစ်စေ၊ လက်ရှိအရာဖြစ်စေ၊ နောင်အရာဖြစ်စေ အရာအားလုံးကို သင်တို့ပိုင်ဆိုင်၏။
မျိုးစေ့စိုက်သူနှင့် ရေလောင်းသူတို့သည် အဓိကမဟုတ်ပေ။ အပင်ကို ကြီးထွားစေတော်မူသော ဘုရားသခင်သာလျှင် အဓိကဖြစ်၏။
ကျွန်ုပ်သည် ဤအမှုကို မိမိအလိုဆန္ဒကြောင့် ဆောင်ရွက်ခြင်းဖြစ်လျှင် ဆုလာဘ်ကို ရသင့်၏။ သို့သော် ဘုရားသခင်က ဤတာဝန်ကို ကျွန်ုပ်ထံ ယုံယုံကြည်ကြည်အပ်နှံထားသောကြောင့် ဝတ္တရားရှိ၍ ဆောင်ရွက်ရခြင်းဖြစ်၏။
သူတို့သည် ခရစ်တော်၏ အစေခံများဖြစ်ကြသလော။ ကျွန်ုပ်သည် ပို၍ပင် ဖြစ်သည်ဟူ၍ အရူးကဲ့သို့ ပြောလို၏။ ကျွန်ုပ်သည် ပို၍အလုပ်ကြိုးစားခဲ့၏။ ခရစ်တော်အကြောင်း ဟောပြောသောကြောင့် အကြိမ်ပေါင်းများစွာ ထောင်ချခံခဲ့ရ၏။ အကြိမ်ပေါင်းများစွာ ကြိမ်ဒဏ်ခံခဲ့ရ၏။ မကြာခဏ သေဘေးနှင့် ရင်ဆိုင်ခဲ့ရ၏။
သင်တို့သည် ကျွန်ုပ်တို့ ပြုစုသော ခရစ်တော်ထံမှစာဖြစ်ကြောင်း သိသာထင်ရှား၏။ ဤစာသည် မင်ဖြင့် ရေးသားထားသောစာ မဟုတ်၊ အသက်ရှင်တော်မူသောဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့် ရေးသားထားသောစာဖြစ်၏။ ကျောက်ပြားပေါ်တွင် ရေးထွင်းထားသောစာမဟုတ်၊ လူ့နှလုံးသားပေါ်တွင် ရေးထွင်းထားသောစာဖြစ်၏။
ဘုရားသခင်သည် ကျွန်ုပ်တို့အား ပဋိညာဉ်သစ်၏ အမှုကိုဆောင်ရွက်နိုင်သော စွမ်းရည်ကို ပေးတော်မူ၏။ ထိုပဋိညာဉ်သည် စာဖြင့် ရေးသားထားသောပညတ်တရားမဟုတ်၊ ဝိညာဉ်တော်နှင့်ဆိုင်သောတရားဖြစ်၏။ စာဖြင့် ရေးသားထားသောပညတ်တရားသည် အသက်ကို သေစေ၏။ ဝိညာဉ်တော်ကမူ အသက်ကို ရှင်စေတော်မူ၏။
ထို့ကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏ ကရုဏာတော်ကို ခံစားရသည်နှင့်အညီ ဤအမှုတော်ကို ဆောင်ရွက်ရသောကြောင့် စိတ်ပျက်အားလျော့ခြင်းမရှိကြပေ။
ကျွန်ုပ်တို့သည် မိမိတို့အကြောင်းကို ဟောပြောကြသည်မဟုတ်။ ယေရှုခရစ်တော်သည် သခင်ဖြစ်ကြောင်းနှင့် ကျွန်ုပ်တို့သည် ယေရှုအတွက် သင်တို့၏ အစေအပါးများဖြစ်ကြောင်းကို ဟောပြောကြခြင်းဖြစ်၏။
ထွန်းလင်းနေသည့် ထိုရတနာသည် မြေအိုးသဖွယ်ဖြစ်သော ကျွန်ုပ်တို့ထဲ၌ ရှိ၏။ ဤသည်မှာ သတင်းကောင်း၏ကြီးမြတ်သောတန်ခိုးသည် ကျွန်ုပ်တို့ထံမှ မဟုတ်ဘဲ ဘုရားသခင်ထံမှ ဖြစ်ကြောင်း ပေါ်လွင်စေရန်ဖြစ်၏။
ဤအရာအားလုံးသည် ဘုရားသခင်ပြုသောအမှုဖြစ်၏။ ဘုရားသခင်သည် ခရစ်တော်အားဖြင့် ကျွန်ုပ်တို့ကို မိမိနှင့် ပြန်လည်သင့်မြတ်စေတော်မူပြီးလျှင် အခြားသူတို့ကို မိမိနှင့် ပြန်လည်သင့်မြတ်စေရန်အတွက် ဆောင်ရွက်ရမည့်တာဝန်ကိုလည်း ကျွန်ုပ်တို့အား ပေးတော်မူ၏။
ဘုရားသခင်၏ လုပ်ဖော်ကိုင်ဖက်များအနေဖြင့် သင်တို့အား ကျွန်ုပ်တို့တိုက်တွန်းနှိုးဆော်လိုသည်မှာ “သင်တို့သည် ဘုရားသခင်၏ ကျေးဇူးတော်ကို ခံစားရရှိသူများဖြစ်ကြသည်နှင့်အညီ ထိုကျေးဇူးတော်ကို အချည်းနှီးမဖြစ်စေကြနှင့်” ဟူ၍ဖြစ်၏။
ထိုသို့ဖြစ်စေမည့်အစား ကျွန်ုပ်တို့သည် ဆင်းရဲဒုက္ခများ၊ အကျပ်အတည်းများ၊ အခက်အခဲများကို အလွန်သည်းခံလျက် ဘုရားသခင်၏ အစေခံများဖြစ်ကြောင်းကိုသာ ပေါ်လွင်စေကြ၏။
တန်ခိုးတော် သက်ဝင်လှုပ်ရှားမှုကြောင့် ကျွန်ုပ်အား ဘုရားသခင် ပေးသနားတော်မူသည့် ကျေးဇူးတော်နှင့်ဆိုင်သော အထူးတာဝန်ကို ခံစားရသည်နှင့်အညီ ကျွန်ုပ်သည် ထိုသတင်းကောင်းကို ဟောပြောသူ ဖြစ်လာ၏။
သို့ရာတွင် သင်တို့သည် သတင်းကောင်းကို ကြားနာစဉ်က ရရှိသော မျှော်လင့်ခြင်းမှ မရွေ့လျားဘဲ ကြံ့ကြံ့ခိုင် ရပ်တည်လျက် ဆက်၍ ယုံကြည်ရမည်။ ထိုသတင်းကောင်းကို မိုးကောင်းကင်အောက်၌ ရှိသော သတ္တဝါအားလုံးကို ဟောပြောနေသည်ဖြစ်၍ ကျွန်ုပ်ပေါလုသည် ထိုသတင်းကောင်းကို ဟောပြောသော အမှုဆောင်ဖြစ်လာ၏။
ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို သင်တို့အား အပြည့်အစုံဟောပြောရန် ကိုယ်တော်သည် သင်တို့အတွက် ကျွန်ုပ်အား တာဝန်ပေး၍ ခန့်ထားတော်မူသဖြင့် ကျွန်ုပ်သည် အသင်းတော်၏ အမှုဆောင်ဖြစ်လာ၏။
ကျွန်ုပ်ကို ခွန်အားပေးတော်မူသော ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော်သည် ကျွန်ုပ်ကို ယုံကြည်ထိုက်သူဟု မှတ်ယူကာ အမှုတော်ကို ဆောင်ရွက်ရန် ခန့်အပ်ထားသောကြောင့် ထိုသခင်ကို ကျွန်ုပ်ကျေးဇူးတင်၏။
သင်တို့တစ်ဦးစီသည် ဘုရားသခင်ထံမှ ဆုကျေးဇူးအသီးသီးကို လက်ခံရရှိကြ၏။ စီမံခန့်ခွဲသူကောင်းအဖြစ် ထိုဆုကျေးဇူးတို့ကို အသုံးပြု၍ အချင်းချင်း ကူညီဆောင်ရွက်ကြလော့။