Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 25:15 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

15 ထို​သူ​သည် အစေခံတို့​ကို သူတို့​၏ အရည်အချင်း​နှင့်အညီ တစ်ဦး​အား ငွေငါးပိဿာ၊ နောက်​တစ်ဦး​အား ငွေနှစ်ပိဿာ​နှင့် နောက်ဆုံး​တစ်ဦး​အား ငွေတစ်ပိဿာ ပေးအပ်​ပြီး ခရီးထွက်လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

15 တစ်​ယောက်​ကို​ရွှေ​ငါး​ပိ​ဿာ၊ အ​ခြား​တစ်​ယောက်​ကို နှစ်​ပိ​ဿာ၊ အ​ခြား​တစ်​ယောက်​ကို​ရွှေ​တစ်​ပိ​ဿာ​စ​သည် ဖြင့်​ထို​သူ​တို့​၏​အ​ရည်​အ​ချင်း​အ​လိုက်​ပေး​အပ်​၏။ ထို​နောက်​နိုင်​ငံ​ရပ်​ခြား​သို့​ထွက်​ခွာ​သွား​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

15 ထို ကျွန် တို့ အ ရည် အ ခြင်း အ လျောက် တစ် ယောက် ကို ရွှေ ချိန် ငါး ပိဿာ၊ တစ် ယောက် ကို နှစ် ပိဿာ၊ တစ် ယောက် ကို တစ် ပိဿာ အပ် ပြီး လျှင် ခ ရီး သွား လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

15 တစ်​ဦး၌ အ​ခွက်​နှစ်​ဆယ်၊ တစ်​ဦး၌ အ​ခွက်​တစ်​ဆယ်​ကို အပ်​ပေး​ပြီး​မှ ချက်​ချင်း​သွား​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

15 သူ​သည် အစေအပါး​အသီးသီး​တို့​အား သူ​တို့​၏​အရည်အချင်း​နှင့်အညီ တစ်​ဦး​ကို​ငါး​တာလန်၊ အခြား​တစ်​ဦး​ကို​နှစ်​တာလန်​နှင့် နောက်​တစ်​ဦး​ကို​တစ်​တာလန် စသည်​ဖြင့် ပေးအပ်​ပြီးလျှင် ခရီးထွက်​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

15 တစ်​ဦး၌ အ​ခွက်​နှစ်​ဆယ်၊ တစ်​ဦး၌ အ​ခွက်​တစ်​ဆယ်​ကို အပ်​ပေး​ပြီး​မှ ချက်​ချင်း​သွား​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 25:15
5 ပူးပေါင်းရင်းမြစ်များ  

သူ​သည် စာရင်း​ရှင်းတမ်းပြု​စဉ်တွင် ငွေကြေး​သန်းပေါင်းများစွာ ကြွေးတင်သူ​တစ်ဦး​ကို သူ့​ထံ ခေါ်လာကြ၏။


အခြားသော​ပုံဥပမာ​တစ်ခု​ကို နားထောင်ကြလော့။ မြေရှင်​တစ်ဦး​သည် စပျစ်ခြံ​ကို စိုက်ပျိုး​၍ ခြံခတ်လေ၏။ သူ​သည် ထို​ခြံ​ထဲတွင် စပျစ်သီးနယ်ရာ​ကျင်း​ကို တူး​ပြီး ကင်းစောင့်မျှော်စင်​ကိုလည်း ဆောက်၏။ ထို့နောက် ထို​စပျစ်ခြံ​ကို စပျစ်ခြံလုပ်သားများ​အား ငှားရမ်း​၍ အခြား​တိုင်းပြည်​သို့ သွားလေ၏။


သို့သော် မိမိ​သခင်​၏​အလို​ကို မသိဘဲ ရိုက်နှက်ခြင်း​ဒဏ်​နှင့်​ခံထိုက်သော​အမှု​ကို ကျူးလွန်မိသော​သူ​သည် အနည်းငယ်​သာ ရိုက်နှက်ခြင်း​ခံရ​လိမ့်မည်။ များစွာ​ရရှိထားသော​သူ​ထံမှ များစွာ​တောင်းဆို​လိမ့်မည်။ များစွာ​အပ်နှံခံရသော သူ​ထံမှ ပို​၍ တောင်း​လိမ့်မည်။


မည်သို့ပင်​ဆိုစေ ခင်ပွန်းသည် တစ်ဦးချင်းစီ​တိုင်း​သည်လည်း မိမိ​ကိုယ်​မိမိ ချစ်​သကဲ့သို့ မိမိ​ဇနီးသည်​ကို ချစ်ကြလော့။ ဇနီးသည်တို့​ကလည်း မိမိ​ခင်ပွန်းသည်​ကို ရိုသေကြလော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ