Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၂ ကော 5:18 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

18 ဤ​အရာ​အားလုံး​သည် ဘုရားသခင်​ပြုသော​အမှု​ဖြစ်၏။ ဘုရားသခင်​သည် ခရစ်တော်​အားဖြင့် ကျွန်ုပ်တို့​ကို မိမိ​နှင့် ပြန်လည်​သင့်မြတ်စေတော်မူ​ပြီးလျှင် အခြား​သူတို့​ကို မိမိ​နှင့် ပြန်လည်​သင့်မြတ်​စေရန်​အတွက် ဆောင်ရွက်ရမည့်​တာဝန်​ကိုလည်း ကျွန်ုပ်တို့​အား ပေးတော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

18 ဤ​အ​မှု​ခပ်​သိမ်း​ကို​ဘု​ရား​သ​ခင်​ပြု​တော် မူ​၏။ ဘု​ရား​သ​ခင်​သည်​ငါ​တို့​အား မိ​မိ​၏ ရန်​သူ​များ​အ​ဖြစ်​မှ​မိတ်​ဆွေ​များ​အ​ဖြစ် သို့​ခ​ရစ်​တော်​အား​ဖြင့်​ပြောင်း​လဲ​စေ​တော်​မူ ပြီး​လျှင် အ​ခြား​သူ​တို့​သည်​လည်း​မိ​မိ​၏ မိတ်​ဆွေ​များ​ဖြစ်​လာ​စေ​ရန်​ဆောင်​ရွက်​သည့် တာ​ဝန်​ကို​ငါ​တို့​အား​ပေး​အပ်​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

18 အ ရာ ရာ ပြု ပြင် သော အ ရှင် ကား ခ ရစ် တော် အား ဖြင့် ငါ တို့ ကို မိတ် သ ဟာ ယ ဖွဲ့ စေ ပြီး လျှင် ထို မိတ် သ ဟာ ယ ဖွဲ့ ခြင်း ဆိုင် ရာ အ မှု ဆောင် ရွက် ခွင့် ကို ငါ တို့ အား သ နား တော် မူ သော ဘု ရား သ ခင် ပေ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

18 ထို​သို့​ဖြစ်​သော် ဘု​ရား​သ​ခင်၏ တန်​ခိုး​တော်​အား​ဖြင့် ဖြစ်​ကြ၏။ ဘု​ရား​သ​ခင်​သည် ယေ​ရှု​ခ​ရစ်​အား​ဖြင့် ငါ​တို့၏​ရန်​ကို​ငြိမ်း​စေ၍ ကိုယ်​တော်​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​စေ​တော်​မူ၏။ ထို​မိတ်​သ​ဟာ​ယ​တ​ရား​ကို ဟော​ရ​သော အ​ခွင့်​အ​ရာ​ကို ငါ​တို့၌​အပ်​ပေး​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

18 ဤ​အရာ​အားလုံး​တို့​သည် ဘုရားသခင်​ထံမှ​ဖြစ်​ကြ​၏။ ဘုရားသခင်​သည် ခရစ်တော်​အားဖြင့် ငါ​တို့​ကို မိမိ​နှင့်​ပြန်လည်​သင့်မြတ်​စေ​၍ ငါ​တို့​အား ပြန်လည်​သင့်မြတ်​ခြင်း​နှင့်ဆိုင်သော​အမှု​တော်​ကို ပေး​အပ်​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ကော 5:18
29 ပူးပေါင်းရင်းမြစ်များ  

ချစ်ခြင်းမေတ္တာ​ဟူသည်​မှာ ဘုရားသခင်​အပေါ် ထားသော ကျွန်ုပ်တို့​၏ ချစ်ခြင်းမေတ္တာ​ကို မဆိုလို။ ကျွန်ုပ်တို့​၏ အပြစ်​အတွက် အပြစ်ဖြေရာ​ယဇ်​အဖြစ် သားတော်​ကို စေလွှတ်တော်မူ​၍ ကျွန်ုပ်တို့​အပေါ်​ထားသော ဘုရားသခင်​၏ ချစ်ခြင်းမေတ္တာ​ကို ဆိုလို၏။


သို့ဖြစ်၍ ကျွန်ုပ်တို့​သည် ယုံကြည်​၍ ဘုရားသခင်​ရှေ့တော်​၌ ဖြောင့်မတ်သည်​ဟု သတ်မှတ်ခံရ​သောကြောင့် ကျွန်ုပ်တို့​၏​သခင် ယေရှု​ခရစ်တော်​လုပ်ဆောင်​ပေးခဲ့သော​အမှု​အားဖြင့် ဘုရားသခင်​နှင့် ငြိမ်းချမ်းမှု​ကို ရရှိကြပြီ။


အရာခပ်သိမ်းတို့​သည် ဘုရားသခင်​ထံတော်မှ လာ၏။ အရာခပ်သိမ်းတို့​သည် ဘုရားသခင်​၏ တန်ခိုးတော်​ကြောင့် ဖြစ်တည်၏။ အရာခပ်သိမ်းတို့​သည် ဘုန်းတော်​အတွက်​ဖြစ်ကြ၏။ ဘုရားသခင်​သည် ထာဝရ​ဘုန်းကြီးတော်မူပါစေ။ အာမင်။


ကိုယ်တော်​သည် ကျွန်ုပ်တို့​၏​အပြစ်များ​အတွက်​သာမက လောကီသား​အပေါင်းတို့​၏​အပြစ်များ​အတွက်​လည်း အပြစ်ဖြေရာ​ယဇ်​ဖြစ်တော်မူ၏။


ကျွန်ုပ်တို့​အတွက်​မှာမူ အရာခပ်သိမ်း​ကို ဖန်ဆင်းတော်မူသော အဖ​ဘုရားသခင် တစ်ဆူတည်း​သာ​ရှိ၏။ ကျွန်ုပ်တို့​သည် ကိုယ်တော်​အတွက် အသက်ရှင်ကြ၏။ ထို့ပြင် ကျွန်ုပ်တို့​အတွက် ယေရှု​ခရစ်တော်​ဟူသော သခင်​တစ်ပါးတည်း​သာ ရှိ​၍ အရာခပ်သိမ်း​သည် ထို​အရှင်​အားဖြင့် ဖြစ်လာပြီး ကျွန်ုပ်တို့​သည်လည်း ထို​အရှင်​အားဖြင့်​သာ အသက်ရှင်ကြ၏။


ဘုရားသခင်​သည် လောကီသားတို့​ကို အလွန်​ချစ်​သောကြောင့် မိမိ​၏​တစ်ပါးတည်းသော​သားတော်​ကို စွန့်တော်မူ၏။ ထိုသို့​စွန့်တော်မူခြင်း​မှာ သားတော်​ကို ယုံကြည်သောသူ​တိုင်း မပျက်စီးဘဲ ထာဝရ​အသက်​ကို ရရှိ​စေရန်​ဖြစ်၏။


ခရစ်တော်​၏​အမည်​နာမ​အားဖြင့် အပြစ်​လွတ်ခြင်းတရား​နှင့် နောင်တတရား​အကြောင်းတို့​ကို ဂျေရုဆလင်မြို့​မှစ၍ လူမျိုး​တကာတို့​အား ဟောပြော​ရမည်။


ကောင်းမြတ်သော​ဆုကျေးဇူး​နှင့် ပြီးပြည့်စုံသော​လက်ဆောင်များ အားလုံး​သည် ကောင်းကင်​အလင်များ​ကို ဖန်ဆင်းသော အဖ​ဘုရားသခင်​ထံမှ ရောက်လာသည်​ဖြစ်၍ အထက်​အရပ်​မှ ဖြစ်ကြ၏။ ကိုယ်တော်​သည် ရွေ့လျားတတ်သော​အရိပ်များ​ကဲ့သို့ ပြောင်းလဲတော်မမူ။


ထို့ကြောင့် ကိုယ်တော်​သည် အရာရာတိုင်း​၌ မိမိ​ညီအစ်ကို​မောင်နှမတို့​နှင့် တူရ၏။ ဤ​နည်း​ဖြင့် ကိုယ်တော်သည် လူတို့​၏​အပြစ်များ​ကို ဖြေလွှတ်ပေး​ရန် ဘုရားသခင်​၏​အမှုတော်​တွင် ကရုဏာ​နှင့် သစ္စာ​ရှိသော ယဇ်ပုရောဟိတ်မင်း​ဖြစ်လာရ၏။


လုပ်ဆောင်ပုံ​အမျိုးမျိုး​ရှိ​သော်လည်း လူအပေါင်းတို့​၌ ရှိသော လုပ်ဆောင်ပုံ​အားလုံး​ကို သက်ဝင်လှုပ်ရှား​စေတော်မူသော ဘုရားသခင် တစ်ပါးတည်း​ရှိ၏။


သင်တို့​ကို ယေရှု​ခရစ်တော်​နှင့် တပေါင်းတစည်းတည်း​ဖြစ်စေတော်မူသော​အရှင်​မှာ ဘုရားသခင်​ဖြစ်၏။ ခရစ်တော်​သည် ကျွန်ုပ်တို့​၏ အကျိုး​အတွက် ဘုရားသခင်​ထံမှ လာသော ဉာဏ်ပညာ​ဖြစ်တော်မူပြီး ကျွန်ုပ်တို့​ကို ဘုရားသခင်​ရှေ့တော်​၌ ဖြောင့်မတ်​စေတော်မူ၏။ ကိုယ်တော်​သည် ကျွန်ုပ်တို့​ကို သန့်ရှင်းစေ​၍ အပြစ်​မှ ရွေးနုတ်တော်မူ၏။


ဘုရားသခင်​သည် အရာခပ်သိမ်းတို့​၏​အရှင်သခင်​ဖြစ်သော ယေရှု​ခရစ်တော်​အားဖြင့် ငြိမ်းချမ်းခြင်း​တရား​ကို​ဟောပြော​၍ အစ္စရေးလူမျိုးတို့​အား ပေးပို့သည့်​နှုတ်တော်ထွက်စကား​ကို သင်တို့​သိကြ၏။


ယောဟန်​က “ဘုရားသခင်​သည် ကောင်းကင်ဘုံ​မှ ပေးတော်မမူ​လျှင် လူ​သည် မည်သည့်​အရာ​ကိုမျှ မရရှိ​နိုင်ပါ။


အိမ်​တစ်အိမ်​သို့ ဝင်​သောအခါ ‘ဤ​အိမ်​တွင် ငြိမ်းချမ်းခြင်း​ရှိပါစေ’ ဟု ဦး​စွာ​မေတ္တာပို့ကြလော့။


ထိုသို့ ပြောဆို​ငြင်းခုံ​စရာ​အကြောင်း ဖြစ်ရ​လောက်အောင် အာပေါလု​သည် မည်သူနည်း။ ပေါလု​သည် မည်သူနည်း။ ကျွန်ုပ်တို့​သည် သင်တို့​ယုံကြည်လာကြ​စေရန် သတင်းကောင်း​ကို ဟောပြောသော ထာဝရဘုရား​၏ အစေခံများ​သာ​ဖြစ်ကြ၏။ ကျွန်ုပ်တို့ တစ်ဦးစီ​သည် ကိုယ်တော်​ပေးတော်မူသော တာဝန်​အသီးသီး​ကို ထမ်းဆောင်ကြ၏။


အဘယ်ကြောင့်ဆိုသော် မိန်းမ​သည် ယောက်ျား​ထံမှ ဖြစ်လာ​သော်လည်း ယောက်ျား​သည် မိန်းမ​ထံမှ မွေးဖွားလာ၏။ အရာ​အားလုံး​သည် ဘုရားသခင်​ထံမှ ဖြစ်လာ၏။


ယခု​တွင်မူ ကိုယ်တော်​သည် သွေးသား​နှင့် ဖွဲ့စည်းထားသော ခရစ်တော်​၏​ကိုယ်ခန္ဓာ​ကို အသေခံစေတော်မူခြင်း​အားဖြင့် သင်တို့​ကို မိမိ​နှင့် ပြန်လည်​သင့်မြတ်​စေတော်မူပြီ။ ဤသည်​မှာ သင်တို့​သည် သန့်ရှင်း​၍ အပြစ်အနာအဆာ​ကင်း​လျက် အပြစ်ဆိုဖွယ်​မရှိသောသူများ​အဖြစ် ရှေ့တော်​၌ ဆက်သ​နိုင်ရန် ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ