Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 16:12 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

12 ယခု ကျွန်ုပ်​ညီ အာပေါလု​နှင့် ပတ်သက်၍​ဆိုရ​လျှင် ကျွန်ုပ်​သည် သူ့​ကို အခြား​ယုံကြည်သူများ​နှင့်အတူ သင်တို့​ထံသို့ အလည်​လာ​ရန် အလေးအနက်​တိုက်တွန်းခဲ့၏။ သို့သော်လည်း သူ​သည် ယခု လာ​ရန် ဆန္ဒ​မရှိ။ အခွင့်ကြုံ​သောအခါ သူ​လာရောက်​လည်ပတ်​ပါ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

12 ငါ့​ညီ​အာ​ပေါ​လု​နှင့်​ပတ်​သက်​၍​ပြော​ရ​မည်​ဆို လျှင် သူ​သည်​အ​ခြား​ခ​ရစ်​ယာန်​ညီ​အစ်​ကို​များ နှင့်​အ​တူ သင်​တို့​ထံ​သို့​သွား​ရောက်​လည်​ပတ်​ရန် အ​ထူး​ပင်​ငါ​အား​ပေး​တိုက်​တွန်း​ပါ​၏။ သို့​ရာ တွင်​ယ​ခု​အ​ချိန်​အ​ခါ​မ​သင့်​သေး​ဟု​သူ ယုံ​ကြည်​၏။ နောင်​အ​ခွင့်​ကောင်း​ကြုံ​သည့်​အ​ခါ လာ​ရောက်​ပါ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

12 ညီ အစ် ကို အာ ပေါ လု နှင့် စပ်၍ လည်း ညီ အစ် ကို ချင်း တို့ နှင့် အ တူ သင် တို့ ထံ သွား စေ ရန် ငါ တိုက် တွန်း နှိုး ဆော် သော် လည်း ယ ခု အ လျှင်း မ လာ လို သေး။ အ ခွင့် သင့် လျော် သည့် ကာ လ မူ ကား လာ လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

12 ငါ့​ညီ​အာ​ပေါ​လု၏ အ​ကြောင်း​မှာ၊ ညီ​အစ်​ကို​တို့​နှင့်​အ​တူ သင်​တို့ ဆီ​သို့​သွား​မည်​အ​ကြောင်း ငါ​သည် များ​စွာ ချော့​မော့၍ တောင်း​ပန်​သော်​လည်း၊ သူ​သည် ယ​ခု​တွင်​သွား​ခြင်း​ငှာ အ​လျှင်း​အ​လို​မ​ရှိ၊ နောက်​မှ အ​ဆင်​သင့်​လျှင် သွား​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

12 ငါ့​ညီ​အာပေါလု​နှင့်​ပတ်သက်၍ သူ​သည် ညီအစ်ကို​များ​နှင့်အတူ သင်​တို့​ထံသို့​လာ​ရန် သူ့​ကို လေးလေးနက်နက် ငါ​တိုက်တွန်း​ခဲ့​သော်လည်း သူ​သည် ယခု​လာ​ရန် ဆန္ဒ​အလျဉ်း​မ​ရှိ။ သို့သော် အခွင့်​သာ​သောအခါ သူ​လာ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 16:12
12 ပူးပေါင်းရင်းမြစ်များ  

သို့သော်လည်း နောက်ဆုံး​တွင် ဟေရုဒ်မင်း​၏​မွေးနေ့ပွဲ​၌ ဟေရောဒိ​အတွက် အခွင့်အရေး​ကြုံလာ၏။ ဟေရုဒ်မင်း​သည် မှူးကြီးမတ်ကြီးများ၊ စစ်တပ်​အရာရှိများ​နှင့် ဂါလိလဲပြည်​၏ ခေါင်းဆောင်များ​ကို ကျွေးမွေး​ဧည့်ခံလေ၏။


သို့သော် သိလ​သည် အန္တိအုတ်မြို့​တွင် နေရစ်လေ၏။


ထိုစဉ် အလက်ဇန်းဒါးမြို့သား၊ အာပေါလု​အမည်​ရှိသော ဂျူးလူမျိုး​တစ်ယောက်​သည် ဧဖက်မြို့​သို့ ရောက်လာ၏။ သူ​သည် အဟောအပြောကောင်းသူ​တစ်ယောက်​ဖြစ်ပြီး ကျမ်းစာ​ကို ကျွမ်းကျင်သော​သူ​လည်း ဖြစ်၏။


အာပေါလု​သည် ကောရိန္သုမြို့​၌ ရှိနေ​စဉ် ပေါလု​သည် ကုန်းတွင်းပိုင်း​မြို့များ​ကို ဖြတ်၍ ဧဖက်မြို့​သို့ ရောက်လာ၏။ ထို​မြို့​၌ တပည့်တော်​တချို့​ကို တွေ့​လျှင်


သို့သော် ပေါလု​သည် ဖြောင့်မတ်ခြင်းတရား​အကြောင်း၊ မိမိကိုယ်ကိုယ်​ချုပ်တည်းခြင်း​အကြောင်း​နှင့် ရောက်လာမည့်​တရားစီရင်ခြင်း​အကြောင်း​စသည်တို့​ကို ပြောဆို​သောအခါ ဖေလဇ်မင်း​သည် ကြောက်လန့်​၍ “ယခု သင်​ပြန်လော့။ နောက်မှ အချိန်​အလျဉ်းသင့်သည့်​အခါ သင့်​ကို ငါ​ခေါ်မည်” ဟု ဆို၏။


သင်တို့​ထဲမှ တချို့​က “ငါ​သည် ပေါလု​၏​တပည့်​ဖြစ်၏၊” တချို့​က “ငါ​သည် အာပေါလု​၏​တပည့်​ဖြစ်၏၊” တချို့​က “ငါ​သည် ပေတရု​၏​တပည့်​ဖြစ်၏၊” တချို့​က “ငါ​သည် ခရစ်တော်​၏​တပည့်​ဖြစ်၏” ဟူ၍ အသီးသီး​က ပြောဆို​နေကြ​သောကြောင့် ဤ​စကား​ကို ကျွန်ုပ်​ပြောရခြင်း​ဖြစ်၏။


ပေါလု​ဖြစ်စေ၊ အာပေါလု​ဖြစ်စေ၊ ပေတရု​ဖြစ်စေ၊ ဤ​လောက​ဖြစ်စေ၊ ရှင်ခြင်း​ဖြစ်စေ၊ သေခြင်း​ဖြစ်စေ၊ လက်ရှိ​အရာ​ဖြစ်စေ၊ နောင်​အရာ​ဖြစ်စေ အရာ​အားလုံး​ကို သင်တို့​ပိုင်ဆိုင်၏။


ထိုသို့ ပြောဆို​ငြင်းခုံ​စရာ​အကြောင်း ဖြစ်ရ​လောက်အောင် အာပေါလု​သည် မည်သူနည်း။ ပေါလု​သည် မည်သူနည်း။ ကျွန်ုပ်တို့​သည် သင်တို့​ယုံကြည်လာကြ​စေရန် သတင်းကောင်း​ကို ဟောပြောသော ထာဝရဘုရား​၏ အစေခံများ​သာ​ဖြစ်ကြ၏။ ကျွန်ုပ်တို့ တစ်ဦးစီ​သည် ကိုယ်တော်​ပေးတော်မူသော တာဝန်​အသီးသီး​ကို ထမ်းဆောင်ကြ၏။


ကျမ်းတတ်​ပညာရှင် ဇေန​နှင့် အာပေါလု​တို့ကို အတတ်နိုင်ဆုံး​ကူညီ​၍ လမ်းခရီး​တွင် သူတို့​လိုအပ်သမျှ အရာ​အားလုံး​ကို ဖြည့်ဆည်းပေးလော့။


သို့သော် ကျွန်ုပ်တို့​၏ ကယ်တင်ရှင်​ဘုရားသခင်​၏ ကျေးဇူးပြုခြင်း​နှင့် ချစ်ခြင်းမေတ္တာ ပေါ်လွင်ထင်ရှား​လာ​သောအခါ


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ