လူသားပင်လျှင် သူတစ်ပါးကိုစေခိုင်းရန် ကြွလာသည်မဟုတ်။ သူတစ်ပါးအား အစေခံရန်နှင့် မိမိအသက်ကို စွန့်၍ လူများအား ရွေးနုတ်ရန် ကြွလာသည်” ဟု မိန့်တော်မူ၏။
ဧဖက် 5:2 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ခရစ်တော်သည် ကျွန်ုပ်တို့ကို ချစ်တော်မူ၍ ကျွန်ုပ်တို့အတွက် မိမိကိုယ်ကိုယ် မွှေးကြိုင်သောပူဇော်စရာယဇ်အဖြစ် ဘုရားသခင်ထံ ဆက်သတော်မူသကဲ့သို့ သင်တို့သည်လည်း မေတ္တာပွားလျက် ပြုမူနေထိုင်ကြလော့။ Common Language Bible ခရစ်တော်သည်ငါတို့ကိုချစ်တော်မူ၍ငါတို့ အတွက် မိမိကိုယ်ကိုဘုရားသခင်နှစ်သက် တော်မူရာမွှေးကြိုင်သောယဇ်သကာအဖြစ် ဖြင့်ဆက်သတော်မူသကဲ့သို့ သင်တို့သည် လည်းမေတ္တာတရားကိုကျင့်သုံးကြလော့။ Garrad Bible သင် တို့ ကို ချစ်၍ ဘု ရား သ ခင့် စိတ် တော် ပြေ ဖွယ် ရ နံ့၊ ပူ ဇော် ရာ အ လှူ ဝ တ္ထု အ ဖြစ် ငါ တို့ အ တွက် ကိုယ် ကို စွန့် တော် မူ သော ခ ရစ် တော့် နည်း တူ မေ တ္တာ တ ရား၌ ကျင့် ကြံ ကြ လော့။ Judson Bible ခရစ်တော်သည် ငါတို့ကို ချစ်တော်မူသောအားဖြင့် ဘုရားသခင့်ရှေ့တော်၌ မွှေးကြိုင်သော အနံ့ရှိစေခြင်းငှာ၊ ကိုယ်ကိုကိုယ်ဆက်ကပ်၍ ယဇ်ပူဇော်လျက်၊ ငါတို့အတွက် စွန့်တော်မူသည်နည်းတူ၊ သင်တို့သည် မေတ္တာတရား၌ ကျင်လည်ကြလော့။ မြန်မာ့စံမီသမ္မာကျမ်း ခရစ်တော်သည် ငါတို့ကိုချစ်တော်မူ၍ ငါတို့အတွက် မိမိကိုယ်ကို ပူဇော်သက္ကာနှင့်ယဇ်တည်းဟူသော မွှေးကြိုင်သည့်ရနံ့အဖြစ် ဘုရားသခင်ထံ ဆက်ကပ်အပ်နှံတော်မူသည့်နည်းတူ ချစ်ခြင်းမေတ္တာ၌ အသက်ရှင်လျှောက်လှမ်းကြလော့။ |
လူသားပင်လျှင် သူတစ်ပါးကိုစေခိုင်းရန် ကြွလာသည်မဟုတ်။ သူတစ်ပါးအား အစေခံရန်နှင့် မိမိအသက်ကို စွန့်၍ လူများအား ရွေးနုတ်ရန် ကြွလာသည်” ဟု မိန့်တော်မူ၏။
ထို့ကြောင့် ‘သင်တို့သည် အချင်းချင်းချစ်ကြလော့။ ငါသည် သင်တို့ကို ချစ်သည့်နည်းတူ သင်တို့သည်လည်း အချင်းချင်းချစ်ကြလော့’ ဟူသော ပညတ်အသစ်ကို သင်တို့အား ငါပေး၏။
ငါသည် ကောင်းကင်မှ ဆင်းသက်လာသော အသက်မုန့်ဖြစ်၏။ ဤမုန့်ကို စားသုံးသောသူသည် အစဉ်ထာဝရ အသက်ရှင်လိမ့်မည်။ ငါပေးမည့် ဤမုန့်သည် လောကီသားတို့ အသက်ရှင်ရန် ပေးသော ငါ့အသားပင်ဖြစ်၏” ဟု မိန့်တော်မူ၏။
ထိုအခွင့်ထူးမှာ လူမျိုးခြားတို့ထံ ယေရှုခရစ်တော်၏ အမှုတော်ကို ထမ်းဆောင်ရခြင်းအခွင့် ဖြစ်၏။ လူမျိုးခြားတို့သည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဘုရားသခင်ရှေ့တော်၌ သန့်ရှင်းသည့် နှစ်သက်ဖွယ်ပူဇော်စရာကဲ့သို့ ဖြစ်လာရန် ကျွန်ုပ်သည် ယဇ်ပုရောဟိတ်တာဝန်ကို ထမ်းဆောင်လျက် ဘုရားသခင်၏ သတင်းကောင်းကို ဟော၏။
ထိုအရှင်သည် ကျွန်ုပ်တို့၏ အပြစ်များကြောင့် အသေခံရန် အပ်နှံခြင်းကို ခံတော်မူခဲ့၏။ ထို့ပြင် ကျွန်ုပ်တို့ကို ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရစေရန်လည်း ရှင်ပြန်ထမြောက်တော်မူခဲ့၏။
လူ့ဗီဇစိတ်၏ အားနည်းမှုကြောင့် မောရှေ၏ ပညတ်တရားသည် ကျွန်ုပ်တို့ကို မကယ်နိုင်ပေ။ ထို့ကြောင့် ဘုရားသခင်သည် မိမိသားတော်ကို လူ့ဗီဇစိတ်ရှိသည့် လူ့ကိုယ်ခန္ဓာထဲသို့ စေလွှတ်တော်မူခြင်းအားဖြင့် ပညတ်တရားမတတ်နိုင်သောအမှုကို ဖြေရှင်းပေးတော်မူ၏။ ဘုရားသခင်သည် သားတော်ကို ယဇ်အဖြစ် ပူဇော်ခြင်းအားဖြင့် လူ့ဗီဇစိတ်အတွင်း သက်ဝင်လှုပ်ရှားနေသော အပြစ်တရားကို အဆုံးသတ်တော်မူ၏။
မကွဲကွာစေသည်သာမက ထိုအခက်အခဲများကြားမှပင် ကျွန်ုပ်တို့ကို ချစ်တော်မူသောခရစ်တော်အားဖြင့် ကျွန်ုပ်တို့သည် အထူးအောင်မြင်ကြ၏။
သင်တို့သည် တဆေးမပါသောမုန့်ညက်ဖြစ်ကြသည်နှင့်အညီ တဆေးဟောင်းကို ဖယ်ရှားကြလော့။ သို့မှသာ သင်တို့သည် တဆေးမပါသော မုန့်ညက်သစ်ကဲ့သို့ ဖြစ်ကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့၏ ပသခါသိုးသငယ်ဟူသော ခရစ်တော်ကို ကျွန်ုပ်တို့အတွက် ပူဇော်ပြီးဖြစ်သောကြောင့်ပင်။
သို့သော် ဘုရားသခင်ကို ကျေးဇူးတင်ပါ၏။ ကိုယ်တော်သည် ကျွန်ုပ်တို့ကို သုံ့ပန်းများအဖြစ် သတ်မှတ်ပြီး ခရစ်တော်၏အောင်ပွဲခံအခမ်းအနား လှည့်လည်ရာတွင် လိုက်ပါစေတော်မူ၏။ ခရစ်တော်ကို သိကျွမ်းခြင်း၏ မွှေးရနံ့ကိုလည်း ကျွန်ုပ်တို့အားဖြင့် အရပ်ရပ်တို့၌ ပျံ့နှံ့စေတော်မူ၏။
အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့သည် ကယ်တင်ခြင်းခံရသောသူတို့ထဲ၌လည်းကောင်း၊ ဖျက်ဆီးခြင်းခံရသောသူတို့ထဲ၌လည်းကောင်း ဘုရားသခင်အတွက် ခရစ်တော်၏ မွှေးကြိုင်သောရနံ့ဖြစ်ကြသောကြောင့်ပင် ဖြစ်၏။
ကျွန်ုပ်တို့သခင်ယေရှုခရစ်တော်၏ ကျေးဇူးတော်ကို သင်တို့သိကြ၏။ ကိုယ်တော်သည် ချမ်းသာသော်လည်း သင်တို့၏ အကျိုးကိုထောက်၍ ဆင်းရဲခံတော်မူ၏။ ထိုသို့ဆင်းရဲခံတော်မူခြင်းမှာ သင်တို့ ချမ်းသာလာစေရန် ဖြစ်၏။
ခရစ်တော်သည် ကျွန်ုပ်တို့ အဖဘုရားသခင်၏ အလိုတော်အတိုင်း ဤဆိုးညစ်သောကာလထဲမှ ကျွန်ုပ်တို့ကို ကယ်နုတ်ရန် ကျွန်ုပ်တို့၏ အပြစ်များအတွက် အသက်ပေးတော်မူ၏။
ကျွန်ုပ်သည် ခရစ်တော်နှင့်အတူ လက်ဝါးကပ်တိုင်၌ သတ်ခြင်းခံရပြီ။ သို့ဖြစ်၍ ကျွန်ုပ်သည် အသက်မရှင်တော့ဘဲ ခရစ်တော်သာလျှင် ကျွန်ုပ်ထဲ၌ အသက်ရှင်တော်မူ၏။ ယခုကိုယ်ခန္ဓာ၌ ကျွန်ုပ်အသက်ရှင်သည်မှာ ကျွန်ုပ်ကို ချစ်၍ ကျွန်ုပ်အတွက် အသက်ပေးတော်မူသော ဘုရားသခင်၏ သားတော်ကို ယုံကြည်ခြင်းဖြင့် အသက်ရှင်ခြင်း ဖြစ်၏။
ကျွန်ုပ်တို့သည် ဘုရားသခင်ရှေ့တော်၌ သန့်ရှင်း၍ အပြစ်ကင်းသောသူများ ဖြစ်နိုင်ရန် ဘုရားသခင်သည် ကမ္ဘာမတည်ရှိမီကပင် ခရစ်တော်အားဖြင့် ကျွန်ုပ်တို့ကို ရွေးချယ်တော်မူ၏။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ချစ်တော်မူသည့်အတွက်
သင်တို့၏ ယုံကြည်ခြင်းကြောင့် ခရစ်တော်သည် သင်တို့၏နှလုံးသားထဲ၌ ကိန်းဝပ်တော်မူရန် ကျွန်ုပ် ဆုတောင်း၏။ သင်တို့သည် မေတ္တာတော်၌ အမြစ်တွယ်၍ တည်နေသဖြင့်
ကျွန်ုပ်တို့သည် သမ္မာတရားကို မေတ္တာဖြင့် အစဉ် နာခံဟောပြောလျက် အသင်းတော်၏ ဦးခေါင်း ဖြစ်တော်မူသော ခရစ်တော်နှင့် ပိုမို တူညီလာ၍ အစစအရာရာတွင် ကြီးထွားကြမည် ဖြစ်၏။
အရာရာ၌ နှိမ့်ချလျက် သိမ်မွေ့စွာ နေကြလော့။ စိတ်ရှည်လျက် မေတ္တာဖြင့် တစ်ယောက်ကိုတစ်ယောက် သည်းခံကြလော့။
ထို့ကြောင့် သင်တို့ မည်ကဲ့သို့ ပြုမူနေထိုင်သည်ကို သတိပြုကြလော့။ ပညာမဲ့ကဲ့သို့ မဟုတ်ဘဲ ပညာရှိကဲ့သို့ ပြုမူနေထိုင်ကြလော့။
ခင်ပွန်းသည်တို့… ခရစ်တော်သည် အသင်းတော်ကို ချစ်သောကြောင့် အသင်းတော်အတွက် အသက်ပေးတော်မူသကဲ့သို့ မိမိဇနီးသည်ကို ချစ်ကြလော့။
ယခုအခါ ကျွန်ုပ်၌ လိုအပ်သောအရာများအားလုံးကို လက်ခံရရှိ၍ ကြွယ်ဝလျက် ရှိပြီ။ သင်တို့ ရက်ရောစွာ ပေးလိုက်သောအရာတို့ကို ဧပဖြောဒိတ်ထံမှ လက်ခံရရှိ၍ ပြည့်စုံလျက် ရှိ၏။ ထိုအရာတို့သည် မွှေးကြိုင်သောပူဇော်စရာ၊ ဘုရားသခင် လက်ခံနှစ်သက်တော်မူသောယဇ် ဖြစ်ကြ၏။
အထက်ပါ အကျင့်သီလများ အပေါ်တွင် ချစ်ခြင်းမေတ္တာကို ဝတ်ဆင်ကြလော့။ ထိုချစ်ခြင်းမေတ္တာသည် သင်တို့အားလုံးကို စည်းလုံးအောင် စုစည်းနှောင်ဖွဲ့ပေး၏။
အချင်းချင်း ချစ်ကြရန် သင်တို့ကို ဘုရားသခင်ကိုယ်တိုင် သွန်သင်တော်မူခဲ့သောကြောင့် ယခုတွင် သင်တို့အချင်းချင်း ချစ်ကြရမည့်အကြောင်းကို သင်တို့ထံ စာရေးရန် မလိုပေ။
ယေရှုခရစ်တော်သည် လူသားအားလုံးကို ရွေးနုတ်ရန် အသက်ပေးတော်မူခဲ့ပြီး ဘုရားသခင်သည် ထိုအကြောင်းကို အချိန်တန်သောအခါ ဖော်ပြခဲ့ပြီ ဖြစ်၏။
သင်၏အသက်ငယ်ရွယ်သည်ကို မည်သူမျှ မထီမဲ့မြင်မပြုစေနှင့်။ ပြောဆိုခြင်း၊ ပြုမူခြင်း၊ ချစ်ခြင်း၊ ယုံကြည်ခြင်း၊ စင်ကြယ်ခြင်းတို့တွင် ယုံကြည်သူတို့အတွက် စံနမူနာဖြစ်စေလော့။
သခင်ယေရှုသည် ကျွန်ုပ်တို့အား ဒုစရိုက်အမျိုးမျိုးမှ ရွေးနုတ်ရန်နှင့် ကျွန်ုပ်တို့အား မိမိအတွက် စင်ကြယ်စေရန် မိမိအသက်ကို ပေးတော်မူ၏။ ဤသည်မှာ ကျွန်ုပ်တို့သည် ကိုယ်တော်၏ လူများဖြစ်လာ၍ ကောင်းမှုပြုရာတွင် စိတ်အားထက်သန်ကြရန် ဖြစ်၏။
ယဇ်ပုရောဟိတ်မင်းဟူသည် ပူဇော်စရာများနှင့် ယဇ်များကို ဘုရားသခင်ထံ ပူဇော်ရန် ခန့်အပ်ခြင်းခံရသူဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်တို့၏ယဇ်ပုရောဟိတ်မင်းသည်လည်း ပူဇော်စရာတစ်စုံတစ်ခုရှိရမည်။
ထိုသို့ဆိုလျှင် အသက်ရှင်တော်မူသော ဘုရားသခင်ကို ဝတ်ပြုနိုင်စေရန် ကျွန်ုပ်တို့၏အသိစိတ်ကို သေခြင်းသို့ ပို့ဆောင်ပေးသောအပြစ်မှ စင်ကြယ်စေရန်အတွက် ထာဝရဝိညာဉ်တော်အားဖြင့် အပြစ်အနာအဆာကင်းသော မိမိကိုယ်ကိုယ် ဘုရားသခင်ထံ ပူဇော်သည့် ခရစ်တော်၏အသွေးတော်သည် ပို၍သာလွန်သည် မဟုတ်ပါလော။
ထိုတိရစ္ဆာန်တို့၏ သွေးဖြင့် ကောင်းကင်ဘုံ၌ ရှိသောအရာတို့၏ ပုံတူဖြစ်သည့် တဲတော်ရှိ အရာအားလုံးကို စင်ကြယ်စေရ၏။ သို့ရာတွင် ကောင်းကင်ဘုံ၌ ရှိသောအရာ အစစ်အမှန်တို့ကိုမူ ထိုနည်းထက် ပို၍ မြတ်သောယဇ်ပူဇော်ခြင်းဖြင့် စင်ကြယ်စေရ၏။
ထိုသို့ပူဇော်ရန် လိုအပ်လျှင် ကိုယ်တော်သည် ကမ္ဘာတည်ချိန်ကတည်းက အကြိမ်ကြိမ် ဒုက္ခခံရလိမ့်မည်။ ယခုတွင်မူ ကိုယ်တော်သည် မိမိကိုယ်မိမိ ယဇ်ပူဇော်၍ အပြစ်များကို ပယ်ရှင်းရန် ကမ္ဘာကုန်ဆုံးချိန်၌ တစ်ကြိမ်တည်းနှင့်အပြီး ပေါ်ထွန်းတော်မူ၏။
အရေးကြီးဆုံးအရာမှာ အချင်းချင်းနှစ်နှစ်ကာကာ ချစ်ကြလော့။ အဘယ်ကြောင့်ဆိုသော် ချစ်ခြင်းမေတ္တာသည် အပြစ်များစွာကို ဖုံးအုပ်တတ်သောကြောင့်ဖြစ်၏။
ယေရှုခရစ်တော်သည် ကျွန်ုပ်တို့အတွက် မိမိအသက်ကို စွန့်တော်မူသည့်အမှုကို ထောက်၍ မေတ္တာအကြောင်းကို ကျွန်ုပ်တို့သိကြ၏။ ကျွန်ုပ်တို့သည်လည်း မိမိညီအစ်ကိုမောင်နှမချင်းအတွက် အသက်ကို စွန့်သင့်၏။
ဘုရားသခင် ပညတ်တော်မူသည်မှာ သားတော်ယေရှုခရစ်တော်၏ နာမတော်ကို ယုံကြည်၍ ကျွန်ုပ်တို့ကို ပညတ်တော်မူသည့်အတိုင်း အချင်းချင်း ချစ်ကြရန် ဖြစ်၏။
ယေရှုခရစ်တော်ထံမှလည်းကောင်း ကျေးဇူးတော်နှင့် ငြိမ်းချမ်းခြင်းသည် သင်တို့အပေါ် သက်ရောက်ပါစေသော။ ယေရှုခရစ်တော်သည် သစ္စာရှိသောသက်သေခံ၊ သေခြင်းမှ အဦးဆုံးထမြောက်သောသူ၊ လောကီဘုရင်တို့၏မင်း ဖြစ်တော်မူ၏။ ကိုယ်တော်သည် ကျွန်ုပ်တို့ကို ချစ်၍ အသေခံတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့ကို အပြစ်များမှ လွတ်မြောက်စေတော်မူ၏။
သူတို့သည် သီချင်းသစ်တစ်ပုဒ်ကို သီဆိုကြ၏။ ထိုသီချင်းမှာ “ကိုယ်တော်သည် စာလိပ်ကိုယူ၍ တံဆိပ်ကိုခွာ၍ ဖွင့်ရန် ထိုက်တန်သောအရှင်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် အသေသတ်ခံရ၍ မျိုးနွယ်စုအသီးသီး၊ ဘာသာစကားအသီးသီးပြောသည့်သူများ၊ လူမျိုးအသီးသီးနှင့် တိုင်းနိုင်ငံအသီးသီးတို့ကို ကိုယ်တော်၏အသွေးတော်ဖြင့် ဘုရားသခင်အတွက် ရွေးနုတ်ကယ်တင်သောကြောင့်ဖြစ်၏။