Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ကော 2:15 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

15 အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့​သည် ကယ်တင်ခြင်း​ခံရသောသူတို့​ထဲ၌​လည်းကောင်း၊ ဖျက်ဆီးခြင်း​ခံရသောသူတို့​ထဲ၌​လည်းကောင်း ဘုရားသခင်​အတွက် ခရစ်တော်​၏ မွှေးကြိုင်သော​ရနံ့​ဖြစ်ကြ​သောကြောင့်​ပင် ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

15 ငါ​တို့​သည်​ဘု​ရား​သ​ခင်​အား​ခ​ရစ်​တော်​ပူ​ဇော် သည့်​မွှေး​ကြိုင်​သော​နံ့​သာ​ရ​နံ့​နှင့်​တူ​ကြ​၏။ ထို ရ​နံ့​သည်​ကယ်​တင်​ခြင်း​ခံ​ရ​ဆဲ​ဖြစ်​သူ​တို့​ထံ သို့​လည်း​ကောင်း၊ ပျက်​စီး​ဆုံး​ပါး​ဆဲ​ဖြစ်​သူ​တို့ ထံ​သို့​လည်း​ကောင်း​ပျံ့​နှံ့​၍​သွား​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

15 အ သို့ ဆို သော် ငါ တို့ သည် ကယ် တင် ရာ ရောက် လျက် နေ သူ တို့၌လည်း ကောင်း၊ ပျက် စီး ရာ ရောက် လျက် နေ သူ တို့၌ လည်း ကောင်း၊ ဘု ရား သ ခင့် ရှေ့ ခ ရစ် တော်၏ အ မွေး အ ကြိုင် ဖြစ် သည့် အ လျောက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

15 အ​ဘယ်​သို့​နည်း ဟူ​မူ​ကား၊ ငါ​တို့​သည် ကယ်​တင်​သော သူ​တို့၌​လည်း​ကောင်း၊ ဆုံး​ရှုံး​သော သူ​တို့၌​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​အား ခ​ရစ်​တော်၏ အ​မွှေး​အ​ကြိုင်​ဖြစ်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

15 အကြောင်းမူကား ငါ​တို့​သည် ကယ်တင်​ခြင်း​ခံရ​သော​သူ​တို့​တွင်​လည်းကောင်း၊ ပျက်စီး​ခြင်း​သို့​ရောက်​သော​သူ​တို့​တွင်​လည်းကောင်း ဘုရားသခင်​ရှေ့​တော်​၌ ခရစ်တော်​၏​မွှေးကြိုင်​သော​ရနံ့​ဖြစ်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ကော 2:15
12 ပူးပေါင်းရင်းမြစ်များ  

လက်ဝါးကပ်တိုင်​နှင့်ဆိုင်သော သတင်းစကား​သည် ပျက်စီးမည့်​သူတို့​အတွက် မိုက်မဲသော​သတင်းစကား​ဖြစ်၏။ ကယ်တင်ခြင်း​ခံရသည့် ကျွန်ုပ်တို့​အတွက်​မှာမူ ဘုရားသခင်​၏ တန်ခိုးတော်​ဖြစ်၏။


ခရစ်တော်​သည် ကျွန်ုပ်တို့​ကို ချစ်တော်မူ​၍ ကျွန်ုပ်တို့​အတွက် မိမိကိုယ်ကိုယ် မွှေးကြိုင်သော​ပူဇော်စရာ​ယဇ်​အဖြစ် ဘုရားသခင်​ထံ ဆက်သတော်မူ​သကဲ့သို့ သင်တို့​သည်လည်း မေတ္တာ​ပွား​လျက် ပြုမူနေထိုင်ကြလော့။


ယခု​အခါ ကျွန်ုပ်​၌ လိုအပ်သော​အရာများ​အားလုံး​ကို လက်ခံရရှိ​၍ ကြွယ်ဝ​လျက် ရှိပြီ။ သင်တို့ ရက်ရော​စွာ ပေးလိုက်သော​အရာတို့​ကို ဧပဖြောဒိတ်​ထံမှ လက်ခံရရှိ​၍ ပြည့်စုံ​လျက် ရှိ၏။ ထို​အရာတို့​သည် မွှေးကြိုင်သော​ပူဇော်စရာ၊ ဘုရားသခင် လက်ခံ​နှစ်သက်တော်မူသော​ယဇ် ဖြစ်ကြ၏။


ထို့နောက် ပျက်စီးတော့မည့်​သူတို့​ကို မတရားသော နည်းပရိယာယ်​အမျိုးမျိုး​ဖြင့် လှည့်ဖြား​လိမ့်မည်။ သူတို့​ပျက်စီးတော့မည့် အကြောင်းအရင်း​သည် ကယ်တင်ခံရ​ရန် သမ္မာတရား​ကို နှစ်သက်​လက်ခံခြင်း မရှိ​သောကြောင့်​ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ