အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ပညတ်တရားကို မောရှေအားဖြင့် ပေးတော်မူသောကြောင့်ဖြစ်၏။ သို့သော် ကျေးဇူးတရားနှင့် သစ္စာတရားကို ယေရှုခရစ်တော်အားဖြင့် ပေးတော်မူ၏။
ယုဒ 1:21 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ဆက်လက်ခံစား၍ ထာဝရအသက်ကို ရရှိစေမည့် ကျွန်ုပ်တို့သခင်ယေရှုခရစ်တော်၏ ကရုဏာတော်ကို စောင့်မျှော်ကြလော့။ Common Language Bible ဘုရားသခင်၏မေတ္တာတော်တွင်ခိုလှုံကြ လော့။ အရှင်သခင်ယေရှုခရစ်သည်မိမိ၏ ကရုဏာတော်ကိုထောက်၍ သင်တို့အား ထာဝရအသက်ကိုပေးတော်မူမည့်နေ့ရက် ကိုစောင့်မျှော်၍နေကြလော့။ Garrad Bible ထာ ဝ ရ အ သက် ကို ဝင် စား ရ သည့် တိုင် အောင် ငါ တို့ အ ရှင် ယေ ရှု ခ ရစ်၏ က ရု ဏာ တော် ကို စောင့် မျှော် လျက် ဘု ရား သ ခင်၏ မေ တ္တာ တော်၌ ကိုယ် ကို စောင့် ထိန်း ကြ လော့။ Judson Bible ဘုရားသခင်ကို ချစ်ခြင်းမေတ္တာ၌ ကိုယ်ကိုကိုယ်စောင့်ရှောက်၍ ထာဝရအသက်အလိုငှာ၊ ငါတို့သခင်ယေရှုခရစ်၏ ကရုဏာတော်ကို မျှော်လင့်၍ နေကြလော့။- မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်၏မေတ္တာတော်၌ မိမိကိုယ်ကိုစောင့်ထိန်း၍ ထာဝရအသက်သို့ပို့ဆောင်သည့် ငါတို့သခင်ယေရှုခရစ်တော်၏ကရုဏာတော်ကို စောင့်မျှော်ကြလော့။ |
အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ပညတ်တရားကို မောရှေအားဖြင့် ပေးတော်မူသောကြောင့်ဖြစ်၏။ သို့သော် ကျေးဇူးတရားနှင့် သစ္စာတရားကို ယေရှုခရစ်တော်အားဖြင့် ပေးတော်မူ၏။
ငါ့ပညတ်ကို လိုက်နာသောသူသည် ငါ့ကို ချစ်သောသူဖြစ်၏။ ထိုသူသည် ငါ့ကို ချစ်သောကြောင့် ငါ့ခမည်းတော်သည် သူ့ကို ချစ်လိမ့်မည်။ ငါသည်လည်း သူ့ကို ချစ်၍ သူ့ကို ကိုယ်ထင်ပြတော်မူမည်” ဟု မိန့်တော်မူ၏။
ဗာနဗရောက်လာပြီး ဘုရားသခင်၏ကျေးဇူးတော်ကို မြင်တွေ့ရသောအခါ ဝမ်းမြောက်ပျော်ရွှင်၍ ထိုသူတို့အားလုံးကို ခိုင်မြဲသောစိတ်နှလုံးဖြင့် ယေရှုခရစ်တော်အား ဆက်လက်ဆည်းကပ်ရန် တိုက်တွန်းလေ၏။
ဤသို့ဖြင့် အပြစ်တရားသည် သေခြင်းတရားအားဖြင့် အုပ်စိုးခဲ့သကဲ့သို့ ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော်အားဖြင့် ထာဝရအသက်ကို ရရှိစေရန် ဘုရားသခင်၏ ကျေးဇူးတော်သည်လည်း ဖြောင့်မတ်ခြင်းတရားအားဖြင့် အုပ်စိုးတော်မူ၏။
ဤမျှော်လင့်ခြင်းသည် ကျွန်ုပ်တို့ကို စိတ်ပျက်စေမည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ကျွန်ုပ်တို့အား ပေးသနားတော်မူသော သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ကျွန်ုပ်တို့၏ စိတ်နှလုံးကို မိမိ၏မေတ္တာတော်နှင့် ပြည့်စေတော်မူသောကြောင့်ဖြစ်၏။
အပြစ်၏အဖိုးအခသည် သေခြင်းဖြစ်၏။ ဘုရားသခင် အခမဲ့ပေးတော်မူသောဆုကျေးဇူးမှာ ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော်အားဖြင့် ရရှိသောထာဝရအသက်ဖြစ်၏။
သခင်ယေရှုခရစ်တော်၏ ကျေးဇူးတော်၊ ဘုရားသခင်၏ မေတ္တာတော်နှင့် သန့်ရှင်းသောဝိညာဉ်တော်၏ မိတ်သဟာယဖွဲ့ခြင်းတို့သည် သင်တို့အားလုံးနှင့်အတူ ရှိပါစေသော။ ကောရိန္သုဩဝါဒစာဒုတိယစောင် ပြီးပါပြီ။
ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို သင်တို့နားလည်သဘောပေါက်စေရန်နှင့် ခရစ်တော်ကဲ့သို့ သည်းခံတတ်စေရန် သခင်ဘုရားသည် သင်တို့ကို လမ်းညွှန်တော်မူပါစေသော။
သခင်ဘုရားကို ယုံကြည်သောကြောင့် ကျွန်ုပ်၏ သားအရင်းအချာသဖွယ်ဖြစ်သော တိမောသေထံသို့ ဤစာကို ပို့လိုက်၏။ ကျွန်ုပ်တို့၏ အဖဘုရားသခင်နှင့် သခင်ယေရှုခရစ်တော်တို့ထံမှ ကျေးဇူးတော်၊ ကရုဏာနှင့် ငြိမ်းချမ်းခြင်းသည် သင့်အပေါ် သက်ရောက်ပါစေသော။
ဩနေသိဖော်၏မိသားစုအပေါ် သခင်ဘုရား၏ ကရုဏာတော်သက်ရောက်ပါစေသော။ အဘယ်ကြောင့်ဆိုသော် သူသည် ကျွန်ုပ်အကျဉ်းချခံရသည်ကိုပင် မရှက်မကြောက်ဘဲ အမြဲ အားပေးနှစ်သိမ့်သောကြောင့် ဖြစ်၏။
ဧဖက်မြို့၌ ကျွန်ုပ်ရှိစဉ် သူသည် မည်မျှအကူအညီပေးခဲ့သည်ကို သင်ကောင်းစွာသိ၏။ သခင်ဘုရား ပြန်ကြွလာတော်မူမည့် ထိုနေ့၌ သခင်ဘုရားသည် သူ့အား ကရုဏာတော်ခံစားရသောအခွင့်ကို ပေးသနားတော်မူပါစေသော။
ဤစာသည် ချစ်သောသား တိမောသေထံသို့ ပို့လိုက်သောစာဖြစ်၏။ ကျွန်ုပ်တို့၏ အဖဘုရားသခင်နှင့် သခင်ယေရှုခရစ်တော်တို့ထံမှ ကျေးဇူးတော်၊ ကရုဏာနှင့် ငြိမ်းချမ်းခြင်းသည် သင့်အပေါ် သက်ရောက်ပါစေသော။
ယခုမှစ၍ ဖြောင့်မတ်ခြင်းဆုသရဖူသည် ကျွန်ုပ်အတွက် အသင့်ရှိနေ၏။ ဖြောင့်မတ်စွာ တရားစီရင်သူဖြစ်တော်မူသည့် သခင်ဘုရား ပြန်လည်ကြွလာမည့်နေ့တွင် ထိုဆုသရဖူကို ကျွန်ုပ်အား ပေးတော်မူလိမ့်မည်။ ကျွန်ုပ်တစ်ဦးတည်းသာမက ကိုယ်တော်၏ပြန်လည်ကြွလာခြင်းကို တောင့်တသူအားလုံးတို့အားလည်း ပေးတော်မူလိမ့်မည်။
ခရစ်တော်သည် လူများစွာတို့၏ အပြစ်များကို ဖြေလွှတ်ရန် မိမိကိုယ်ကိုယ် တစ်ကြိမ်တည်းသာ ပူဇော်တော်မူ၏။ ထို့နောက် အပြစ်များကို ဖယ်ရှားရန် မဟုတ်ဘဲ ကိုယ်တော်ကို စောင့်မျှော်နေသူတို့အား ကယ်တင်ရန် ဒုတိယအကြိမ်ပေါ်ထွန်းတော်မူလိမ့်မည်။
ဘုရားသခင်၏ နေ့ရက်ကို စောင့်မျှော်၍ ထိုနေ့ရက်ကို အလျင်အမြန်လာစေသင့်၏။ ထိုနေ့၌ ကောင်းကင်သည် မီးလောင်ကျွမ်း၍ ပျက်ပြယ်သွားလိမ့်မည်။ လောကဓာတ်တို့သည်လည်း ပြင်းထန်သော အပူရှိန်၌ အရည်ပျော်သွားလိမ့်မည်။
ကျွန်ုပ်တို့အပေါ် ဘုရားသခင်မည်မျှ ချစ်တော်မူသည်ကို ကျွန်ုပ်တို့သိ၍ ယုံကြည်သည်နှင့်အညီ ထိုမေတ္တာအပေါ် မှီခိုအားထားကြ၏။ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၍ ချစ်တတ်သောသူသည် ဘုရားသခင်နှင့် တပေါင်းတစည်းတည်းဖြစ်၏။ ဘုရားသခင်သည်လည်း ထိုသူနှင့် တပေါင်းတစည်းတည်းဖြစ်တော်မူ၏။
ဘုရားသခင်ထံမှ ဖြစ်ပွားလာသောသူသည် အပြစ်မကျူးလွန်တတ်ကြောင်း ကျွန်ုပ်တို့သိကြ၏။ ဘုရားသခင်ထံမှ ဖြစ်ပွားလာသောအရှင်သည် ထိုသူကို စောင့်ရှောက်တော်မူသဖြင့် မာရ်နတ်သည် သူ့ကို မထိခိုက်နိုင်။
ချစ်သောသားသမီးတို့… ရုပ်တုများကို ရှောင်ကြဉ်ကြလော့။ ရှင်ယောဟန်ဩဝါဒစာပထမစောင် ပြီးပါပြီ။
ယေရှုခရစ်တော်၏ကျွန်၊ ယာကုပ်၏ညီ ကျွန်ုပ်ယုဒသည် ခမည်းတော်ဘုရားသခင်၏ရွေးချယ်တော်မူခြင်းနှင့် ချစ်ခြင်းကို ခံရ၍ ယေရှုခရစ်တော်၏ စောင့်ရှောက်ခြင်းခံရသောသူတို့ထံသို့ စာရေးလိုက်၏။
သင်တို့အား အပြစ်နွံထဲသို့ လဲကျခြင်းမှ ကင်းဝေးစေနိုင်ပြီး အပြစ်ကင်းစင်လျက် ရွှင်လန်းဝမ်းမြောက်သောစိတ်နှင့် မိမိဘုန်းအသရေတော်ရှေ့သို့ ဝင်ရောက်စေနိုင်သည့်
ညီအစ်ကိုမောင်နှမတို့သည် ထိုသူကို သိုးသငယ်၏ အသွေးတော်ဖြင့်လည်းကောင်း၊ မိမိတို့သက်သေခံဟောပြောသောနှုတ်ကပတ်တော်ဖြင့်လည်းကောင်း အောင်နိုင်ခဲ့ကြ၏။ သူတို့သည် အသေခံရမည်ဆိုလျှင်ပင် မိမိတို့၏အသက်ကို မနှမြောကြ။