Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ပေ 3:12 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

12 ဘုရားသခင်​၏ နေ့ရက်​ကို စောင့်မျှော်​၍ ထို​နေ့ရက်​ကို အလျင်အမြန်​လာစေ​သင့်၏။ ထို​နေ့​၌ ကောင်းကင်​သည် မီးလောင်ကျွမ်း​၍ ပျက်ပြယ်သွား​လိမ့်မည်။ လောကဓာတ်တို့​သည်လည်း ပြင်းထန်သော အပူရှိန်​၌ အရည်ပျော်​သွား​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

12 ဘုရားသခင်​၏​နေ့ရက်​ကို​စောင့်မျှော်​၍ ထို​နေ့ရက်​၏​ရောက်ရှိ​လာ​ခြင်း​ကို လျင်မြန်​စေ​သင့်​၏။ ထို​နေ့​၌ ကောင်းကင်​သည် လောင်မြိုက်​ခြင်း​ခံရ​လျက် ပျက်သုဉ်း​သွား​လိမ့်မည်။ လောကဓာတ်​တို့​သည်​လည်း ပြင်းထန်​သော​အပူရှိန်​ဖြင့် အရည်ပျော်​သွား​ကြ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ပေ 3:12
17 ပူးပေါင်းရင်းမြစ်များ  

လူသား​သည် ခမည်းတော်​၏ ဘုန်းတော်​ကို​ဆောင်​၍ ကောင်းကင်တမန်များ ခြံရံ​လျက် ကြွလာ​လိမ့်မည်။ လူ​အပေါင်းတို့​အား သူတို့​ပြုခဲ့သည့်​အကျင့်​အတိုင်း ဆပ်ပေးတော်မူ​လိမ့်မည်။


ငါ​အမှန်​ဆိုရ​လျှင် လူသား​သည် ဘုရင်​အဖြစ် အုပ်စိုး​ရန် ကြွလာသည်​ကို ဤ​နေရာ​၌ ရပ်နေသော​သူတို့​ထဲမှ တချို့​သည် မမြင်ဘဲ သေရမည်​မဟုတ်” ဟု မိန့်တော်မူ၏။


သင်တို့​အထဲ​တွင် ကောင်းသော​အမှု​ကို စတင်​ဆောင်ရွက်​တော်မူသော ဘုရားသခင်​သည် ယေရှု​ခရစ်တော် ပြန်ကြွလာသည့် နေ့ရက်​တိုင်အောင် ထို​အမှု​ကို ပြီးမြောက်သည်​အထိ ဆက်​၍ ပြုတော်မူမည်​ဟု ကျွန်ုပ်​စိတ်ချ​ယုံကြည်ပါ၏။


တစ်ချိန်တည်း​မှာပင် ကျွန်ုပ်တို့​သည် ကြီးမြတ်သည့်​ဘုရားသခင်​ဖြစ်တော်မူသော ကယ်တင်ရှင် ယေရှု​ခရစ်တော် ဘုန်းအသရေ​နှင့် ကြွလာမည့် မင်္ဂလာ​ရက်မြတ်​ကို စောင့်မျှော်နေကြ၏။


သို့သော် ထာဝရဘုရား​၏​နေ့ရက်​သည် သူခိုး​ကဲ့သို့ ရောက်လာ​လိမ့်မည်။ ကောင်းကင်​သည် မြည်ဟည်း​၍ ပျောက်ကွယ်​လိမ့်မည်။ လောကဓာတ်တို့​သည် အလွန်​ပူပြင်း​၍ ပျက်ပြယ်သွားကြ​လိမ့်မည်။ ကမ္ဘာ​မြေကြီး​နှင့် ကမ္ဘာမြေ​ပေါ်တွင် ပြုလုပ်ထား​သမျှ အရာ​အားလုံး​သည် ပျောက်ကွယ်သွား​လိမ့်မည်။


အရာ​အားလုံး​သည် ဤ​နည်း​အားဖြင့် ဖျက်ဆီးခံရမည်​ဖြစ်​သောကြောင့် သင်တို့​သည် မည်သို့သော​သူများ ဖြစ်သင့်​သနည်း။ သန့်ရှင်း​စွာ ပြုမူနေထိုင်​လျက် ဘုရားတရား​ကိုင်းရှိုင်းခြင်း​ဖြင့်


ထို​သူတို့​က “ယေရှု​ပြန်ကြွလာမည် ဟူသော ကတိတော်​သည် အဘယ်မှာနည်း။ ကျွန်ုပ်တို့ ဘိုးဘေးများ ကွယ်လွန်ပြီး​ကတည်းက အရာ​အားလုံး​သည် ကမ္ဘာဦး​အစ ဖန်ဆင်းခဲ့သည့်​အချိန်က​အတိုင်း ဆက်လက်​ရှိနေဆဲ​ပင် ဖြစ်၏” ဟူ၍ ပြောကြ​လိမ့်မည်။


ဘုရားသခင်​သည် ထို​နှုတ်ကပတ်တော်​အားဖြင့် ယခု​လက်ရှိ ကောင်းကင်​နှင့် မြေကြီး​ကို မီး​နှင့် တရားစီရင်မည့်​နေ့​တိုင်အောင် ဆက်လက်​တည်ရှိစေတော်မူ၏။ ထို​နေ့​၌ ကောင်းကင်​နှင့် မြေကြီး​သည် မီး​နှင့် ဖျက်ဆီးခြင်း​ကို ခံရ​၍ ဘုရားတရား​မဲ့သော​သူတို့​သည်လည်း ဖျက်ဆီးခြင်း​ကို ခံရ​လိမ့်မည်။


ဘုရားသခင်​၏ ချစ်ခြင်းမေတ္တာ​ကို ဆက်လက်​ခံစား​၍ ထာဝရ​အသက်​ကို ရရှိစေမည့် ကျွန်ုပ်တို့​သခင်​ယေရှု​ခရစ်တော်​၏ ကရုဏာတော်​ကို စောင့်မျှော်ကြလော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ