Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ သက် 3:5 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

5 ဘုရားသခင်​၏ ချစ်ခြင်းမေတ္တာ​ကို သင်တို့​နားလည်သဘောပေါက်​စေရန်​နှင့် ခရစ်တော်​ကဲ့သို့ သည်းခံတတ်​စေရန် သခင်ဘုရား​သည် သင်တို့​ကို လမ်းညွှန်တော်မူပါစေသော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

5 သင်​တို့​သည်​ဘု​ရား​သ​ခင်​၏​မေတ္တာ​တော်​ကို ပို​မို​၍​သိ​မြင်​နား​လည်​နိုင်​ကြ​စေ​ရန်​လည်း ကောင်း၊ ခ​ရစ်​တော်​နည်း​တူ​သည်း​ခံ​နိုင်​ကြ စေ​ရန်​လည်း​ကောင်း သ​ခင်​ဘု​ရား​သည်​သင် တို့​ကို​လမ်း​ညွှန်​တော်​မူ​ပါ​စေ​သော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

5 အ ရှင် ဘု ရား သည် သင် တို့ စိတ် နှ လုံး များ ကို ဘု ရား သ ခင်၏ မေ တ္တာ တော် ထဲ သို့လည်း ကောင်း၊ ခ ရစ် တော်၏ တည် ကြည် တော် မူ ခြင်း ထဲ သို့ လည်း ကောင်း ပို့ ဆောင် တော် မူ ပါ စေ သော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

5 ဘု​ရား​သ​ခင်​ကို ချစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ခ​ရစ်​တော်၏​နည်း​တူ သည်း​ခံ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သ​ခင်​ဘု​ရား​သည် သင်​တို့​စိတ်​နှ​လုံး​ကို ပြင်​ဆင်​တော်​မူ​ပါ​စေ​သော။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

5 သခင်​ဘုရား​သည် သင်​တို့​၏​စိတ်နှလုံး​ကို ဘုရားသခင်​၏​ချစ်​ခြင်း​မေတ္တာ​တော်​နှင့် ခရစ်တော်​၏​သည်းခံ​ခြင်း​ထဲသို့ ပို့ဆောင်​တော်မူ​ပါစေသော။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ သက် 3:5
33 ပူးပေါင်းရင်းမြစ်များ  

ဤ​မျှော်လင့်ခြင်း​သည် ကျွန်ုပ်တို့​ကို စိတ်ပျက်စေမည်​မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်​သည် ကျွန်ုပ်တို့​အား ပေးသနားတော်မူသော သန့်ရှင်းသော​ဝိညာဉ်တော်​အားဖြင့် ကျွန်ုပ်တို့​၏ စိတ်နှလုံး​ကို မိမိ​၏​မေတ္တာတော်​နှင့် ပြည့်စေတော်မူ​သောကြောင့်​ဖြစ်၏။


သို့သော် ကျွန်ုပ်တို့​မတွေ့မြင်ရသေးသော​အရာ​ကို မျှော်လင့်ကြ​လျှင်မူ ထို​အရာ​ကို သည်းခံသော​စိတ်​နှင့် စောင့်မျှော်ကြ၏။


ဘုရားသခင်​ကို ချစ်​၍ အကြံအစည်တော်​နှင့်အညီ ရွေးကောက်ခြင်း​ခံရသော​သူတို့ တွေ့ကြုံ​ခံစားရသော အမှုခပ်သိမ်းတို့​မှ ကောင်းကျိုး​ထွက်ပေါ်​စေရန် ဘုရားသခင်​သည် သူတို့​နှင့်အတူ လုပ်ဆောင်တော်မူကြောင်း ကျွန်ုပ်တို့​သိကြ၏။


သို့သော် ဘုရားသခင်​ကို ချစ်သောသူ​သည် ဘုရားသခင်​၏ အသိအမှတ်ပြုတော်မူခြင်း​ကို ခံရသောသူ​ဖြစ်၏။


သို့သော် ဝိညာဉ်တော်​က ဖြစ်စေသော အသီးအပွင့်​မှာ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်းချမ်းခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာ​စောင့်သိခြင်း၊


ထို့ပြင် ကောင်းကင်းဘုံ​မှ ကြွလာမည့် သားတော်​ကို သင်တို့​မည်သို့ မျှော်လင့်ကြောင်း​ကိုလည်း သူတို့​ပြောပြကြ၏။ ဘုရားသခင်​သည် ထို​သားတော်​ကို သေခြင်း​မှ ထမြောက်စေတော်မူ​ပြီး ထို​သားတော်​သည် ကျရောက်လာမည့်​ဘုရားသခင်​၏ အမျက်တော်​မှ ကျွန်ုပ်တို့​ကို ကယ်တင်တော်မူသော ယေရှု​ဖြစ်၏။


ကျွန်ုပ်တို့​၏ အဖ​ဘုရားသခင်​နှင့် ကျွန်ုပ်တို့​၏​သခင် ယေရှု​သည် သင်တို့​ထံ ကျွန်ုပ်တို့ လာ​နိုင်ရန် လမ်းဖွင့်​ပေးတော်မူပါစေသော။


ယခု​မှစ၍ ဖြောင့်မတ်ခြင်း​ဆုသရဖူ​သည် ကျွန်ုပ်​အတွက် အသင့်​ရှိနေ၏။ ဖြောင့်မတ်​စွာ တရားစီရင်သူ​ဖြစ်တော်မူသည့် သခင်ဘုရား ပြန်လည်ကြွလာမည့်​နေ့တွင် ထို​ဆုသရဖူ​ကို ကျွန်ုပ်​အား ပေးတော်မူ​လိမ့်မည်။ ကျွန်ုပ်​တစ်ဦးတည်း​သာမက ကိုယ်တော်​၏​ပြန်လည်ကြွလာခြင်း​ကို တောင့်တသူ​အားလုံး​တို့​အားလည်း ပေးတော်မူ​လိမ့်မည်။


တစ်ချိန်တည်း​မှာပင် ကျွန်ုပ်တို့​သည် ကြီးမြတ်သည့်​ဘုရားသခင်​ဖြစ်တော်မူသော ကယ်တင်ရှင် ယေရှု​ခရစ်တော် ဘုန်းအသရေ​နှင့် ကြွလာမည့် မင်္ဂလာ​ရက်မြတ်​ကို စောင့်မျှော်နေကြ၏။


ခရစ်တော်​သည် လူ​များစွာတို့​၏ အပြစ်များ​ကို ဖြေလွှတ်​ရန် မိမိ​ကိုယ်ကိုယ် တစ်ကြိမ်တည်း​သာ ပူဇော်တော်မူ၏။ ထို့နောက် အပြစ်များ​ကို ဖယ်ရှား​ရန် မဟုတ်ဘဲ ကိုယ်တော်​ကို စောင့်မျှော်နေ​သူတို့​အား ကယ်တင်​ရန် ဒုတိယ​အကြိမ်​ပေါ်ထွန်းတော်မူ​လိမ့်မည်။


ချစ်ခင်ရသော ညီအစ်ကို​မောင်နှမတို့… နားထောင်ကြလော့။ ဘုရားသခင်​သည် ဤ​လောက​တွင် ဆင်းရဲသောသူတို့​ကို ယုံကြည်ခြင်း​၌ ကြွယ်ဝစေ​၍ မိမိ​ကို​ချစ်သော​သူတို့​အတွက် ကတိထားတော်မူသည့် နိုင်ငံတော်​ကို အမွေဆက်ခံသူများ​ဖြစ်​စေရန် ရွေးချယ်တော်မူသည်​မဟုတ်လော။


ခရစ်တော်​သည် ကိုယ်ခန္ဓာ​၏​ဆင်းရဲဒုက္ခ​ကို ခံစားခဲ့ရ​သောကြောင့် သင်တို့​သည်လည်း ခရစ်တော်​ကဲ့သို့သော သဘောထား​ဖြင့် ဆင်းရဲဒုက္ခ​ကို ရင်ဆိုင်​ရန် ပြင်ဆင်ထားရမည်။ အဘယ်ကြောင့်ဆိုသော် ကိုယ်ခန္ဓာ​၏​ဆင်းရဲဒုက္ခ​ကို ခံစားရသော​သူတို့​သည် အပြစ်​မကျူးလွန်တော့​ရန် ဆုံးဖြတ်ထား​သောကြောင့်​ဖြစ်၏။


ဘုရားသခင်​၏ နေ့ရက်​ကို စောင့်မျှော်​၍ ထို​နေ့ရက်​ကို အလျင်အမြန်​လာစေ​သင့်၏။ ထို​နေ့​၌ ကောင်းကင်​သည် မီးလောင်ကျွမ်း​၍ ပျက်ပြယ်သွား​လိမ့်မည်။ လောကဓာတ်တို့​သည်လည်း ပြင်းထန်သော အပူရှိန်​၌ အရည်ပျော်​သွား​လိမ့်မည်။


ဘုရားသခင်​သည် ကျွန်ုပ်တို့​ကို ဦးစွာ ချစ်တော်မူ​သောကြောင့် ကျွန်ုပ်တို့​သည် ဘုရားသခင်​ကို ချစ်ကြ၏။


သင်တို့​၏​ညီအစ်ကို​ဖြစ်သော ကျွန်ုပ်​ယောဟန်​သည် သင်တို့​နည်းတူ ယေရှု​၏​နောက်လိုက်​ဖြစ်သည်​နှင့်အညီ ဆင်းရဲဒုက္ခ​ကို​လည်းကောင်း၊ ဘုရားသခင်​၏​နိုင်ငံတော်သား​ဖြစ်ခွင့်​ကို​လည်းကောင်း၊ စိတ်ရှည်​သည်းခံရခြင်း​ကို​လည်းကောင်း မျှဝေခံစားသည့် သင်တို့​၏​လုပ်ဖော်ကိုင်ဖက်​ဖြစ်၏။ ကျွန်ုပ်​သည် ဘုရားသခင်​၏ နှုတ်ကပတ်တော်​ကို ဟောပြောပြီး သခင်​ယေရှု​အကြောင်း​ကို သက်သေခံ​သောကြောင့် ပတ်မုကျွန်း​သို့ ရောက်နေ၏။


ထောင်​ကျမည့် သူ​သည် ထောင်ချ​ခံရ​လိမ့်မည်။ ဓား​ဖြင့် အသတ်ခံရမည့် သူ​သည်​လည်း ဓား​ဖြင့် အသတ်ခံရ​လိမ့်မည်။ ဤ​အကြောင်း​ကြောင့် ဘုရားသခင်​၏ သန့်ရှင်းသူတို့​သည် သည်းခံ​၍ ယုံကြည်​ရန် ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ