Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ တိ 1:18 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

18 ဧဖက်မြို့​၌ ကျွန်ုပ်​ရှိစဉ် သူ​သည် မည်မျှ​အကူအညီ​ပေးခဲ့သည်​ကို သင်​ကောင်းစွာ​သိ၏။ သခင်ဘုရား ပြန်ကြွလာတော်မူမည့် ထို​နေ့​၌ သခင်ဘုရား​သည် သူ့​အား ကရုဏာတော်​ခံစားရသော​အခွင့်​ကို ပေးသနားတော်မူပါစေသော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

18 ဧ​ဖက်​မြို့​တွင်​သူ​သည်​ငါ့​အား​အ​ဘယ်​မျှ ပြု​စု​သည်​ကို​သင်​ကောင်း​စွာ​သိ​၏။ တ​ရား စီ​ရင်​တော်​မူ​ရာ​နေ့​ရက်​ကာ​လ​၌​သ​ခင် ဘု​ရား​သည်​သူ့​အား​က​ရု​ဏာ​တော်​ကို ခံ​စား​ခွင့်​ပေး​သ​နား​တော်​မူ​ပါ​စေ​သော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

18 အ ရှင် ဘု ရား သည် နေ့ တော် ကြီး၌ သူ့ အား က ရု ဏာ တော် ကို ခံ ခွင့် သ နား တော် မူ ပါ စေ သော။ ဧ ဖက် မြို့ တွင် လည်း မည် မျှ လုပ် ကျွေး သ မှု သူ ပြု ကြောင်း သင် ကောင်း စွာ သိ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

18 သူ​သည် ထို​နေ့​ရက်၌ သ​ခင်​ဘု​ရား၏​လက်​မှ က​ရု​ဏာ​တော်​ကို ခံ​ရ​မည်​အ​ကြောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ပေး​သ​နား​တော်​မူ​ပါ​စေ​သော။ သူ​သည် ဧ​ဖက်​မြို့၌​လည်း ငါ့​ကို အ​ဘယ်​မျှ​လောက် ပြု​စု​သည်​ကို သင်​သည် အ​မှန်​သိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

18 ထို​နေ့ရက်​၌ သခင်​ဘုရား​ထံ​တော်​မှ ကရုဏာ​တော်​ခံစား​ရ​သော​အခွင့်​ကို သခင်​ဘုရား​သည် သူ့​အား​ပေး​တော်မူ​ပါစေသော။ ဧဖက်​မြို့​၌​ရှိ​စဉ်​က​လည်း သူ​သည် ငါ့​ကို မည်မျှ​လုပ်ကျွေး​ပြုစု​ခဲ့​သည်​ကို သင်​ကောင်းစွာ​သိ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ တိ 1:18
26 ပူးပေါင်းရင်းမြစ်များ  

ကိုယ်တော်​သည် အကျွန်ုပ်တို့​၏​ဘိုးဘေးများ​အပေါ် ကရုဏာ​ပြတော်မူမည်​ဖြစ်ကြောင်း​နှင့် သူ​၏​သန့်ရှင်းသော​ပဋိညာဉ်​ကို သတိရမည်​ဖြစ်ကြောင်း မိန့်တော်မူခဲ့၏။


ဘုရားသခင်​၏​သနားခြင်း ကရုဏာ​ကြောင့် ကောင်းကင်​မှ နေ​အရုဏ်​ပေါ်ထွက်လာ​လိမ့်မည်။


ဟေရုဒ်​၏​အိမ်တော်ထိန်း​ခုဇ​၏​ဇနီး ယောဟန္န​နှင့် ရှုရှန္န​အပါအဝင် ယေရှု​နှင့် တပည့်တော်တို့​အား မိမိတို့​ဥစ္စာများ​ဖြင့် ကူညီ​ထောက်ပံ့သော အခြား​အမျိုးသမီးများ​လည်း ပါကြ၏။


ဧဖက်မြို့​သို့ ရောက်​သောအခါ ဂျူးဝတ်ပြုဆောင်​သို့ သွား​၍ ဂျူးတို့​နှင့် တရား​ဆွေးနွေးလေ၏။


“ဘုရားသခင်​၏​အလိုတော်​ရှိ​လျှင် သင်တို့​ဆီသို့ ပြန်လာမည်” ဟု ဆို၏။ ထို့နောက် သူတို့​အား နှုတ်ဆက်​ပြီးလျှင် ပြစ်ကိလ​နှင့် အာကုလ​တို့​ကို ဧဖက်မြို့​၌ ထားခဲ့​၍ ရွက်လွှင့်လေ၏။


အာပေါလု​သည် ကောရိန္သုမြို့​၌ ရှိနေ​စဉ် ပေါလု​သည် ကုန်းတွင်းပိုင်း​မြို့များ​ကို ဖြတ်၍ ဧဖက်မြို့​သို့ ရောက်လာ၏။ ထို​မြို့​၌ တပည့်တော်​တချို့​ကို တွေ့​လျှင်


ကျွန်ုပ်တို့​၏​သခင် ယေရှု​ခရစ်တော် ပြန်လည်​ကြွလာတော်မူမည့်​နေ့​တွင် သင်တို့​၌ အပြစ်​ကင်းနေ​စေရန်​အတွက် ကိုယ်တော်​သည် သင်တို့​ကို အဆုံး​တိုင်အောင် ခိုင်ခံ့မြဲမြံ​စေတော်မူ​လိမ့်မည်။


ဤ​အတောအတွင်း ပင်တေကုတ္တေပွဲနေ့​တိုင်အောင် ဧဖက်မြို့​တွင် ကျွန်ုပ်​နေပါမည်။


ထို​သူ​အသီးသီးတို့​၏ လုပ်ဆောင်မှု​သည် ပေါ်​လာ​လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် တရားစီရင်ရာ​နေ့​၌ ထို​သူတို့​၏ လုပ်ဆောင်မှု​ကို မီး​သည် ဖော်ပြမည်​ဖြစ်သောကြောင့်​ပင်။ ထို​မီး​သည် လူ​အသီးသီးတို့​၏ လုပ်ဆောင်မှု​အရည်အသွေး​ရှိမရှိ​ကို စစ်ဆေး​လိမ့်မည်။


ဂျေရုဆလင်မြို့​ရှိ ယုံကြည်သူတို့​ကို လှူဒါန်းသော​အမှု​အကြောင်း​နှင့်​ပတ်သက်၍ သင်တို့​ထံ ကျွန်ုပ်​စာရေး​ရန် မလိုအပ်ပေ။


သို့သော် ကရုဏာတော် ကြွယ်ဝသော ဘုရားသခင်​သည် ကျွန်ုပ်တို့​ကို အလွန် ချစ်တော်မူ​သဖြင့်


သခင်​ယေရှု ပြန်ကြွလာသည့်​အချိန်​တွင် ကိုယ်တော်​ရှေ့​၌ ကျွန်ုပ်တို့​၏ မျှော်လင့်စရာ၊ ဝမ်းမြောက်စရာ၊ ဂုဏ်ယူစရာ​ဆုသရဖူ​သည် မည်သည့်​အရာ ဖြစ်မည်နည်း။ သင်တို့​ပင် ဖြစ်သည်​မဟုတ်လော။


မာကေဒေါနိပြည်​သို့ ကျွန်ုပ်​သွား​စဉ် သင့်​ကို တိုက်တွန်း​နိုးဆော်ခဲ့သည့်​အတိုင်း တိုက်တွန်း​လို၏။ သင်​သည် ဧဖက်မြို့​တွင် နေရစ်​၍ လွဲမှားသော​အယူဝါဒများ သွန်သင်နေသည့် လူ​တချို့​ကို ထိုသို့​မသွန်သင်ကြ​ရန်​နှင့်


ထို​အကြောင်း​ကြောင့် ဤ​ဆင်းရဲဒုက္ခ​ကို ခံစားနေရ၏။ သို့သော်လည်း ကျွန်ုပ်​မရှက်ပါ။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်​သည် မိမိ​ယုံကြည်သော​အရှင်​ကို သိ​ပြီး ကိုယ်တော်​ထံ၌ မိမိ​အပ်ထားသော​အရာ​ကိုလည်း ထို​နေ့ရက်​တိုင်အောင် ကိုယ်တော်​စောင့်ထိန်းတော်မူမည်​ဟု စိတ်ချ​သောကြောင့်​ဖြစ်၏။


ဩနေသိဖော်​၏​မိသားစု​အပေါ် သခင်ဘုရား​၏ ကရုဏာတော်​သက်ရောက်ပါစေသော။ အဘယ်ကြောင့်ဆိုသော် သူ​သည် ကျွန်ုပ်​အကျဉ်းချ​ခံရသည်​ကိုပင် မရှက်မကြောက်​ဘဲ အမြဲ အားပေးနှစ်သိမ့်​သောကြောင့် ဖြစ်၏။


သူ​သည် ရောမမြို့​သို့ ရောက်နေ​စဉ် ကျွန်ုပ်​ကို မတွေ့မချင်း အလွန်​ကြိုးစား​ရှာ​၍ တွေ့ဆုံခဲ့၏။


ကျွန်ုပ်​သည် တုခိတ်​ကို ဧဖက်မြို့​သို့ စေလွှတ်လိုက်၏။


ယခု​မှစ၍ ဖြောင့်မတ်ခြင်း​ဆုသရဖူ​သည် ကျွန်ုပ်​အတွက် အသင့်​ရှိနေ၏။ ဖြောင့်မတ်​စွာ တရားစီရင်သူ​ဖြစ်တော်မူသည့် သခင်ဘုရား ပြန်လည်ကြွလာမည့်​နေ့တွင် ထို​ဆုသရဖူ​ကို ကျွန်ုပ်​အား ပေးတော်မူ​လိမ့်မည်။ ကျွန်ုပ်​တစ်ဦးတည်း​သာမက ကိုယ်တော်​၏​ပြန်လည်ကြွလာခြင်း​ကို တောင့်တသူ​အားလုံး​တို့​အားလည်း ပေးတော်မူ​လိမ့်မည်။


အဘယ်ကြောင့်ဆိုသော် ဘုရားသခင်​သည် မဖြောင့်မတ်သော​အရှင် မဟုတ်။ ဘုရားသခင်​သည် သင်တို့​ပြုသော​အမှု​ကို​လည်းကောင်း၊ ယုံကြည်သူတို့​ကို ယခင်​က အစေခံ​သကဲ့သို့ ယခု​ဆက်လက် အစေခံရာ​တွင် ထားသော​သင်တို့​၏ ချစ်ခြင်းမေတ္တာ​ကို​လည်းကောင်း အသိအမှတ်​မပြုဘဲ နေတော်မူမည်​မဟုတ်။


သင်တို့​ခံစားရမည့်​ကျေးဇူးတော်​အကြောင်း​ကို ဟောပြောသော​ပရောဖက်တို့​သည် ဤ​ကယ်တင်ခြင်း​နှင့်​ပတ်သက်​၍ ဂရုတစိုက်​ရှာဖွေ​စူးစမ်းခဲ့ကြ၏။


ဧဖက်မြို့​၌​ရှိသော အသင်းတော်​၏ ကောင်းကင်တမန်​ထံသို့ စာရေးလော့။ လက်ယာလက်​၌ ကြယ်​ခုနစ်လုံး​ကို ကိုင်ဆောင်​၍ ရွှေ​ဆီမီးတိုင်​ခုနစ်တိုင်​ကြားတွင် သွားလာသော​သူ​က ဤ​သို့​မိန့်တော်မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ