Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ယော 5:18 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

18 ဘုရားသခင်​ထံမှ ဖြစ်ပွားလာသောသူ​သည် အပြစ်​မကျူးလွန်တတ်ကြောင်း ကျွန်ုပ်တို့​သိကြ၏။ ဘုရားသခင်​ထံမှ ဖြစ်ပွားလာသော​အရှင်​သည် ထို​သူ​ကို စောင့်ရှောက်တော်မူ​သဖြင့် မာရ်နတ်​သည် သူ့​ကို မထိခိုက်နိုင်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

18 ဘု​ရား​သ​ခင်​၏​သား​သ​မီး​ဖြစ်​သူ​သည် ဆက်​လက်​၍ အ​ပြစ်​မ​ကူး​တတ်​ကြောင်း​ကို​ငါ တို့​သိ​ကြ​၏။ သူ့​အား​ဘု​ရား​သ​ခင်​၏​သား တော်​စောင့်​ထိန်း​တော်​မူ​သည်​ဖြစ်​၍ မာရ်​နတ် သည်​ထို​သူ​ကို​မ​ထိ​မ​ခိုက်​နိုင်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

18 ဘု ရား သ ခင် အား ဖြင့် ဖွား ရ သူ မည် သူ မ ဆို မ ပြစ် မှား ဘဲ ဘု ရား သ ခင် ဖြစ် ပွား စေ တော် မူ သော အ ရှင် စောင့် ထိန်း တော် မူ သ ဖြင့် မာရ် နတ် ထိ ခိုက် ခွင့် မ ရ ကြောင်း ငါ တို့ သိ ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

18 ဘု​ရား​သ​ခင်၏​သား​ဖြစ်​သ​မျှ​သော သူ​တို့​သည် ဒု​စ​ရိုက်​ကို​မ​ပြု​တတ်​သည်​ကို ငါ​တို့​သိ​ကြ၏။ ဘု​ရား​သ​ခင် ဖြစ်​ဖွား​စေ​တော်​မူ​သော​သူ​သည်၊ မိ​မိ​ကို​မိ​မိ စောင့်​ရှောက်​သ​ဖြင့်၊ မာရ်​နတ်​သည် ထို​သူ​ကို မ​ထိ​မ​ခိုက်​နိုင်​ရာ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

18 ဘုရားသခင်​ထံမှ​ပေါက်ဖွား​လာ​သော​သူ​သည် အပြစ်​ပြု​နေ​ခြင်း​မ​ရှိ​ကြောင်း ငါ​တို့​သိ​ကြ​၏။ ဘုရားသခင်​ထံမှ​ပေါက်ဖွား​လာ​သော​အရှင်​သည် သူ့​ကို​စောင့်ရှောက်​တော်မူ​သောကြောင့် မာရ်နတ်​သည် သူ့​ကို​မ​ထိခိုက်​နိုင်။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ယော 5:18
35 ပူးပေါင်းရင်းမြစ်များ  

သင်တို့​သည် ဟုတ်သည်​ကို ‘ဟုတ်၏၊’ မဟုတ်သည်​ကို ‘မဟုတ်’ ဟူ၍ ပြောဆိုရမည်။ ထို​စကားတို့​ထက် ပိုသော​စကား​သည် မာရ်နတ်​ထံမှ လာသော​စကား ဖြစ်၏။


ဖြားယောင်း​သွေးဆောင်ရာ​သို့ မကျရောက်စေဘဲ မာရ်နတ်​၏ လက်​မှ အကျွန်ုပ်တို့​ကို ကယ်တင်တော်မူပါ။ တန်ခိုးတော်​နှင့် ဘုန်းတော်​သည် ကမ္ဘာအဆက်ဆက်​ကိုယ်တော်​၌ ရှိပါ၏။ အာမင်။


ထို​သူတို့​သည် လူ့​သဘာဝ​အရ မွေးဖွားလာသူများ မဟုတ်။ သွေးသားဆန္ဒ​အရ မွေးဖွားလာသူများ မဟုတ်။ လူ့​အလိုဆန္ဒ​အရ မွေးဖွားလာသူများ မဟုတ်။ ဘုရားသခင်​က မွေးဖွားစေတော်မူသော​သူများ​ဖြစ်ကြ၏။


ဤ​လောကီ​ကို အုပ်ချုပ်သော​မင်း ရောက်လာတော့မည်​ဖြစ်သောကြောင့် ငါ​သည် သင်တို့​နှင့် ပြောဆို​ရန် အချိန်​များစွာ မရှိတော့ပေ။ ထို​မင်း​သည် ငါ့​အပေါ် ကြီးစိုး​ရန် မည်သည့်​အာဏာ​မျှ မရှိ။


ငါ​၌ တည်နေကြလော့။ ငါ​သည်လည်း သင်တို့​၌ တည်နေမည်။ အဘယ်ကြောင့်ဆိုသော် စပျစ်ခက်​သည် အပင်​၌ မတည်​လျှင် အသီး​မသီးနိုင်​သကဲ့သို့ သင်တို့​သည်လည်း ငါ​၌ မတည်​လျှင် အသီး​မသီးနိုင်ကြ။


သို့သော် သင်တို့​သည် ငါ​၌ တည်​၍ ငါ့​စကားတို့​သည် သင်တို့​၌ တည်​လျှင် သင်တို့​တောင်းလျှောက်​သမျှသော အရာတို့​ကို ရရှိကြ​လိမ့်မည်။


ခမည်းတော်​သည် ငါ့​ကို ချစ်တော်မူ​သကဲ့သို့ ငါ​သည် သင်တို့​ကို ချစ်၏။ ငါ​၏​ချစ်ခြင်းမေတ္တာ​၌ တည်နေကြလော့။


ဗာနဗ​ရောက်လာပြီး ဘုရားသခင်​၏​ကျေးဇူးတော်​ကို မြင်တွေ့ရ​သောအခါ ဝမ်းမြောက်​ပျော်ရွှင်​၍ ထို​သူတို့​အားလုံး​ကို ခိုင်မြဲသော​စိတ်နှလုံး​ဖြင့် ယေရှု​ခရစ်တော်​အား ဆက်လက်​ဆည်းကပ်​ရန် တိုက်တွန်းလေ၏။


ကိုယ်တော်​သည် မိမိ​အလိုတော်​နှင့်အညီ သမ္မာတရား​စကား​အားဖြင့် ကျွန်ုပ်တို့​ကို ဖြစ်ပွားစေတော်မူ၏။ ဤ​အရာ​မှာ ဖန်ဆင်းတော်မူ​သမျှသော​အရာတို့​တွင် ကျွန်ုပ်တို့​အား အဦးဆုံးသော​အသီး​ကဲ့သို့ ဖြစ်​စေရန် ဖြစ်၏။


ခမည်းတော်​ဘုရားသခင်​ရှေ့တော်​၌ သန့်ရှင်း​စင်ကြယ်သော​ဘာသာတရား​ကိုင်းရှိုင်းခြင်း​မှာ ဆင်းရဲဒုက္ခ​ကြုံနေသည့် မိဘမဲ့​နှင့် မုဆိုးမတို့​ကို ကြည့်ရှု​ပြုစုခြင်း၊ မိမိ​ကိုယ်တိုင်​ကိုလည်း လောကီ​ညစ်ညူးခြင်းတို့​မှ ကင်းစင်စေခြင်း​ဖြစ်၏။


သင်တို့​သည် ပျက်စီးတတ်သော​မျိုးစေ့​အားဖြင့်​မဟုတ်ဘဲ မပျက်စီးနိုင်သော​မျိုးစေ့​ဖြစ်သည့် အသက်ရှင်​၍ ထာဝရ​တည်မြဲသော ဘုရားသခင်​၏​နှုတ်ကပတ်တော်​အားဖြင့် အသစ်​တစ်ဖန်​မွေးဖွားလာကြ၏။


ကိုယ်တော်​သည် ဖြောင့်မတ်တော်မူကြောင်း​ကို သင်တို့​သိ​လျှင် ဖြောင့်မတ်​စွာ ပြုမူသော​သူတို့​သည် ကိုယ်တော်​ထံမှ ပေါက်ဖွားလာသော​သူ ဖြစ်သည်​ကို သင်တို့​သိကြ၏။


မာရ်နတ်​နှင့် သက်ဆိုင်သူ​ဖြစ်​ပြီး မိမိ​ညီ​ကို သတ်သော ကာဣန​ကဲ့သို့ မဖြစ်စေကြနှင့်။ ကာဣန​သည် အဘယ်ကြောင့် ညီ​ကို သတ်သနည်း။ အကြောင်းမှာ သူ​၏​အကျင့်​သည် ဆိုးညစ်​၍ ညီ​ဖြစ်သူ​၏​အကျင့်​မှာ ဖြောင့်မတ်​သောကြောင့်​ဖြစ်၏။


ကိုယ်တော်​အပေါ် ဤ​မျှော်လင့်ချက်​ရှိသောသူ​အပေါင်းတို့​သည် ကိုယ်တော် သန့်ရှင်း​စင်ကြယ်တော်မူသည့်​နည်းတူ မိမိ​ကိုယ်​မိမိ သန့်ရှင်း​စင်ကြယ်စေကြ၏။


ဘုရားသခင်​ထံမှ ဖြစ်ပွားလာသော​သူ​သည် အပြစ်​ကို ဆက်​၍​ကျူးလွန်နေသူ​မဟုတ်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်​၏ မျိုးစေ့​သည် ထို​သူ​၌ တည်နေ​သောကြောင့်​ဖြစ်၏။ ဘုရားသခင်​ထံမှ ဖြစ်ပွား​သောကြောင့် သူ​သည် အပြစ်​ကို ဆက်​၍​မကျူးလွန်နိုင်။


ကျွန်ုပ်တို့​သည် ဘုရားသခင်​၏​သားသမီးများ​ဖြစ်ကြ၏။ ဘုရားသခင်​ကို သိသောသူ​တိုင်း​သည် ကျွန်ုပ်တို့​စကား​ကို နားထောင်တတ်၏။ ဘုရားသခင်​၏​သားသမီး မဟုတ်သောသူ​သည် ကျွန်ုပ်တို့​စကား​ကို နားမထောင်တတ်။ ဤ​သည်​မှာ ကျွန်ုပ်တို့​သည် သမ္မာတရား​၏​ဝိညာဉ်တော်​နှင့် မိစ္ဆာ​ဝိညာဉ်​ကို ခွဲခြား​၍ သိရခြင်း​ဖြစ်၏။


ယေရှု​သည် ခရစ်တော်​ဖြစ်တော်မူကြောင်း​ကို ယုံကြည်သောသူ​တိုင်း​သည် ဘုရားသခင်​ထံမှ ဖြစ်ပွားလာသော​သူ​ဖြစ်ပြီး အဖ​ဘုရားသခင်​ကို​ချစ်သောသူ​တိုင်း​သည် အဖ​ဘုရားသခင်​၏​သားသမီးများ​ကိုလည်း ချစ်တတ်၏။


တောင်းလျှောက်​သမျှ​ကို ကိုယ်တော်​နားဆင်တော်မူကြောင်း ကျွန်ုပ်တို့​သိ​လျှင် တောင်းလျှောက်သော​အရာ​ကို ပေးတော်မူကြောင်း​ကိုလည်း သိကြ၏။


ကျွန်ုပ်တို့​သည် ဘုရားသခင်​၏​သားသမီးများ​ဖြစ်ကြောင်း​နှင့် လောကီသား​အပေါင်းတို့​သည် မာရ်နတ်​၏​ထိန်းချုပ်မှု​အောက်တွင် ရှိနေကြောင်း ကျွန်ုပ်တို့​သိကြ၏။


ဘုရားသခင်​၏​သားတော်​သည် ကြွလာ​၍ စစ်မှန်သော​ဘုရားသခင်​ကို သိ​နိုင်သည့်​ဉာဏ်​ကို ကျွန်ုပ်တို့​အား ပေးတော်မူကြောင်း​ကိုလည်း ကျွန်ုပ်တို့​သိကြ၏။ ထို့ကြောင့် ကျွန်ုပ်တို့​သည် စစ်မှန်သော​ဘုရားသခင်​နှင့်​လည်းကောင်း၊ သားတော်​ယေရှု​ခရစ်တော်​နှင့်​လည်းကောင်း တပေါင်းတစည်းတည်း​ဖြစ်ကြ၏။ ထို​အရှင်​သည် စစ်မှန်သော​ဘုရားသခင်​ဖြစ်တော်မူ​ပြီး ထာဝရ​အသက်​လည်း ဖြစ်တော်မူ၏။


ချစ်သော​သားသမီးတို့… ရုပ်တုများ​ကို ရှောင်ကြဉ်ကြလော့။ ရှင်ယောဟန်​ဩဝါဒစာ​ပထမစောင် ပြီးပါပြီ။


အဘယ်ကြောင့်ဆိုသော် ဘုရားသခင်​ထံမှ ဖြစ်ပွားလာသောသူ​တိုင်း​သည် ဤ​လောက​ကို အောင်နိုင်​သောကြောင့်​ဖြစ်၏။ ကျွန်ုပ်တို့​သည် ယုံကြည်ခြင်း​အားဖြင့် လောက​ကို အောင်နိုင်၏။


ဘုရားသခင်​၏ ချစ်ခြင်းမေတ္တာ​ကို ဆက်လက်​ခံစား​၍ ထာဝရ​အသက်​ကို ရရှိစေမည့် ကျွန်ုပ်တို့​သခင်​ယေရှု​ခရစ်တော်​၏ ကရုဏာတော်​ကို စောင့်မျှော်ကြလော့။


သင်တို့​အား အပြစ်နွံ​ထဲသို့ လဲကျခြင်း​မှ ကင်းဝေးစေနိုင်ပြီး အပြစ်​ကင်းစင်​လျက် ရွှင်လန်း​ဝမ်းမြောက်သော​စိတ်​နှင့် မိမိ​ဘုန်းအသရေတော်​ရှေ့သို့ ဝင်ရောက်စေနိုင်သည့်


သင်​သည် စာတန်​အုပ်စိုးသည့်​နေရာ​၌ နေကြောင်း​ကို ငါ​သိ၏။ သို့သော် သင်​သည် ငါ​၏​နာမ​ကို စွဲကိုင်​နေလျက်​ရှိသေး၏။ ငါ​၏​သစ္စာရှိသော​သက်သေခံ အန္တိပ​သည် ဤ​စာတန်​အုပ်စိုး​သည့်​နေရာ​၌ အသတ်ခံရ​ချိန်​၌ပင် သင်​သည် ငါ့​အပေါ် ထားရှိသော သင်​၏​ယုံကြည်ခြင်း​ကို မစွန့်ပယ်ခဲ့ပေ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ